ပုံမှန်မဟုတ်သော ဂြိုဟ်ရံလ

နက္ခတ္တဗေဒတွင် ပုံမှန်မဟုတ်သော ဂြိုဟ်ရံလ ဆိုသည်မှာ ဝေးကွာသည့်ပတ်လမ်းကြောင်း၊ မိခင်ဂြိုဟ်နှင့် ဆန့်ကျင်ဘက် ပတ်လမ်းများကို ပိုင်ဆိုင်သည့် ဂြိုဟ်ရံလများပင်ဖြစ်သည်။ ပုံမှန် ဂြိုဟ်ရံလများနှင့် မတူသည်မှာ မိခင်ဂြိုဟ် ဖွဲ့တည်စဉ်က မရှေးမနှောင်း ဖွဲ့တည်ခဲ့ခြင်းမဟုတ်ဘဲ နောက်မှ ဒြပ်ဆွဲအားကြောင့် ဖမ်းယူခံခဲ့ရသည့် ဂြိုဟ်ရံလများဖြစ်သည်။

ဤပုံကားချပ်သည် စနေဂြိုဟ်၏ ပုံမှန်မဟုတ်သော ဂြိုဟ်ရံလများ၏ ပတ်လမ်းကြောင်းများဖြစ်သည်၊ အလယ်ဗဟိုတွင် ပုံမှန် ဂြိုဟ်ရံလဖြစ်သော တိုက်တန်ကို အနီရောင်ဖြင့် ပြထားသည်။


ထရီတွန်အပါဝင် ပုံမှန်မဟုတ်သော ဂြိုဟ်ရံလ ၁၂၅ စင်းရှိကာ ယင်းတို့အားလုံးသည် ဂြိုဟ်ကြီးများဖြစ်သော ဂျူပီတာဂြိုဟ်စနေဂြိုဟ်ယူရေးနပ်စ်ဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်တို့တွင် တည်ရှိကြသည်။ ပုံမှန်မဟုတ်သော အကြီးဆုံး ဂြိုဟ်ရံလများမှာ ဂျူပီတာ၏ ဟိုင်မေလိယာ၊ စနေဂြိုဟ်၏ ဖီဘီ၊ ယူရေးနပ်စ်ဂြိုဟ်၏ Sycorax နှင့် နက်ပကျွန်းဂြိုဟ်၏ ထရီတွန်တို့ဖြစ်ကြသည်။

ကိုးကား ပြင်ဆင်ရန်