ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်
(ပူဆန်း နိုင်ငံတကာရုပ်ရှင်ပွဲတော် မှ ပြန်ညွှန်းထားသည်)
ပူဆန်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော် မှာ တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သော အာရှတိုက်၏ အကြီးကျယ်ဆုံး ရုပ်ရှင်ပွဲတော်ဖြစ်ပြီး ထိုပွဲတော်တွင် နိုင်ငံပေါင်း (၇ဝ)မှ ရုပ်ရှင်ကားများ ပြသခဲ့ပြီး ရွေးချယ်ခြင်းဖြစ်သည်။ တစ်နှစ်အတွင်း ရိုက်ကူးထုတ်လုပ်ခဲ့သော ဇာတ်ကားများထဲမှ အကောင်းဆုံးကားများကို ရွေးချယ်ပြီး (New Currents) ရေစီးကြာင်းသစ် အမည်ရှိဆုကို ချီးမြှင့်သည်။
၂ဝ၁၁-ခုနှစ် အတွင်း ရိုက်ကူးထုတ်လုပ်ခဲ့သော ဇာတ်ကားများထဲတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝဇာတ်ကြောင်းကို ပြင်သစ် ဒါရိုက်တာ လု-ဘဲင်ဆင် (Luc Besson) ရိုက်ကူးထားသော သူမ(The Lady) ရုပ်ရှင်ဇာတ်ကားနှင့် တရုတ်အမျိုးသား ဒါရိုက်တာ “မီဒီကျောက် (Midi Zhao) ရိုက်ကူးထားသော မြန်မာပြည်ကို ပြန်သွားခြင်း(Return to Burma) ရုပ်ရှင်ဇာတ်ကားတို့ ပါဝင်ပေသည်။