ပေကြိုးဘူးသည် အတိုင်းအတာ လက်မ၊ ပေ၊ ကိုက်၊ မီလီမီတာ၊ စင်တီမီတာ အမှတ်အသားများပါသော ကြိုးပြားကို ရစ်သိမ်းထားသော ဘူးကို ခေါ်သည်။ တိုင်းတာချင်သောအခါ ထုတ်၍တိုင်းတာပြီး သိမ်းချင်သောအခါ ရစ်၍ ပြန်သိမ်းနိုင်သည်။ ပေကြိုးဘူးသည် ၂၅-ပေ၊ ၅၀၀-ပေ၊ ၁၀၀-ပေ အလျားအမျိုးမျိုးရှိ၍ သတ္တုကြိုး၊ အဝတ်ကြိုး၊ သံမဏိကြိုးများကို သားရေဘူး သို့မဟုတ် သံဘူးဖြင့် ပြုလုပ်ကြသည်။ ၎င်းကို ရှည်လျားသော အလျားများ၊ တိုင်၊ ယက်မများ၏ အနေအထားများကို တိုင်းထွာရာ၌ အသုံးပြုနိုင်ပေသည်။ အထိုက်အလျောက် တိကျမှုသာ လိုအပ်သည့်အခါ အဝတ်ကြိုးကို အသုံးပြု၍ အတိအကျလိုအပ်သည့်အခါ သံမဏိကြိုးကို အသုံးပြုကြပေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. သံချီသံကွေးသင်တန်းမှတ်စု၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ သုဝဏ္ဏမြို့။