ပေထုံတန် ရှင်နာဝပ်

၃၁ ဦးမြောက် ထိုင်းနိုင်ငံ၏ လက်ရှိ ဝန်ကြီးချုပ်

ပေထုံတန် ရှင်နာဝပ် (အင်္ဂလိပ်: Paethongtarn Shinawatraထိုင်း: แพทองธาร ชินวัตร)(၂၉ ဩဂုတ် ၁၉၈၆ ဖွား) သည် ထိုင်းနိုင်ငံ အမျိုးသမီးနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး (၃၁) ဦးမြောက် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဖြစ်သည်။သူသည် အသက် (၃၇) နှစ် နှင့် ထိုင်းနိုင်ငံ၏ အသက်ငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာပြီး၊ သူ့ အဒေါ် ယင်လပ် ပြီးနောက် ထိုင်းနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်လည်း ဖြစ်သည်။[] ၂၀၀၆ခုနှစ်တွင် စစ်တပ်မှ ဖြုတ်ချခြင်းခံခဲ့ရသော ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်၏ သမီးဖြစ်ကာ ၂၀၁၄ခုနှစ်တွင် စစ်တပ်မှဖြုတ်ချခံခဲ့ရသော ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်၏ တူမ လည်းဖြစ်သည်။ ၂၀၂၃ အထွေထွေရွေးကောက်ပွဲတွင် ဖွေထိုင်းပါတီ (Pheu Thai Party)မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆေထာ ထဝီဆင် ရာထူးမှ ရပ်စဲခံရပြီးနောက် ဝန်ကြီးချုပ်ဖြစ်လာသူ ဖြစ်သည်။

ပေထုံတန် ရှင်နာဝပ်
Paethongtarn Shinawatra
แพทองธาร ชินวัตร
ပေထုံတန် ရှင်နာဝပ် အား ၂၀၂၄ ဇူလိုင်လ က တွေ့ရစဉ်
၃၁ ဦးမြောက် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်
တာဝန်မှ ဆိုင်းငံ့ဆဲ
တာဝန် စတင်
၁၆ ဩဂုတ်၂၀၂၄
ဧကရာဇ်မဟာဝဇိရာလင်္ကရဏ
ယခင်လူဆေထာ ထဝီဆင်
ယဉ်ကျေးမှုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၀ ဇွန် ၂၀၂၅
ယခင်လူSudawan Wangsuphakijkosol
ဖွေထိုင်းပါတီ ခေါင်းဆောင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၇ အောက်တိုဘာ ၂၀၂၃
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1986-08-21) ၂၁ ဩဂုတ်၊ ၁၉၈၆ (အသက် ၃၈)
ဘန်ကောက်မြို့ထိုင်းနိုင်ငံ
နိုင်ငံရေးပါတီဖူထိုင်းပါတီ
ကြင်ဖော်Pitaka Suksawat
သားသမီး
မိခင်Potjaman Na Pombejra
ဖခင်သက်ဆင် ရှင်နာဝပ်
ဆွေမျိုးသားချင်းပန်ထုံတန် ရှင်နာဝပ်(အကို)
ယင်လပ် ရှင်နာဝပ် (အဒေါ်)
ပညာရေးချူလာလောင်ကွန်း တက္ကသိုလ် (BA)
ဆရီတက္ကသိုလ်(MSc)
လက်မှတ်

ပုဂ္ဂိုလ်ရေးဘဝ

ပြင်ဆင်ရန်

ပေထုံတန်ရှင်နာဝပ်ကို ၁၉၈၆ခုနှစ် ဩဂုတ်လ (၂၁)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ မွေးဖွားခဲ့သည်။ ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်ကြီး သက်ဆင်ရှင်နာဝပ်၏ အငယ်ဆုံးသမီးဖြစ်သည်။ ချူလာလောင်ကွန်းတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ၊ လူမှုဗေဒ၊ မနုဿဗေဒဘာသာရပ်များဆိုင်ရာ ဘွဲ့ရရှိခဲ့သည်။ ထို့နောက် အင်္ဂလန်နိုင်ငံ ဆရီတက္ကသိုလ်မှ ဟိုတယ်စီမံခန့်ခွဲမှုဆိုင်ရာ ဘွဲ့လွန်ဘွဲ့ရရှိခဲ့သည်။[] ပေထုံတန်သည် SC Asset ကော်ပိုရေးရှင်း၏ နံပါတ်တစ် ရှယ်ယာရှင်ဖြစ်ကာ ထိုင်းကွန်းဖောင်ဒေးရှင်း၏ ဒါရိုက်တာလည်းဖြစ်သည်။ Pitaka Suksawat နှင့် လက်ထပ်ခဲ့ကာ သားတစ်ယောက်နှင့် သမီးတစ်ယောက် ထွန်းကားခဲ့သည်။

နိုင်ငံရေး

ပြင်ဆင်ရန်

၂၀၂၂ ခုနှစ် မတ်လ ၂၀ရက်နေ့တွင် ပြုလုပ်သော အစည်းအဝေး၌ ပေထုံတန်အား ဖွေထိုင်းပါတီမိသားစု၏ အကြီးအကဲအဖြစ် တင်မြှောက်ခဲ့သည်။ ၂၀၂၂ခုနှစ် ဧပြီလတွင်ကျင်းပသော နှစ်ပတ်လည်တွေ့ဆုံပွဲ၌ ၎င်းအနေဖြင့် ထိုင်းနိုင်ငံတွင် စစ်အုပ်စုအပြောင်းအလဲကို မြင်လိုပြီး ဝန်ကြီးချုပ်ရာထူးအတွက် မယှဉ်ပြိုင်မီ အတွေ့အကြုံအများကြီးလိုကြောင်း ပြောကြားခဲ့သည်။

ကြိုတင်စစ်တမ်းများအရ ပေထုံတန်သည် ဖွေထိုင်းပါတီ၏ လူကြိုက်အများဆုံး ဝန်ကြီးချုပ်လောင်း ဖြစ်လာခဲ့သည်။ ၂၀၂၃ခုနှစ် ဧပြီလတွင် ပေထုံတန်သည် အခြားသူနှစ်ဦးနှင့်အတူ ဖွေထိုင်းပါတီ၏ ၂၀၂၃ရွေးကောက်ပွဲအတွက် ဝန်ကြီးချုပ်လောင်း (၃)ဦးအနက် တစ်ဦး ဖြစ်လာခဲ့သည်။

မဲဆွယ်စည်းရုံးနေစဉ်ကာလတွင် ကိုယ်ဝန်အရင့်အမာဖြင့်ဖြစ်ပြီး ရွေးကောက်ပွဲရက်ရောက်ရန် နှစ်ပတ်အလိုခန့်တွင် ကလေးမီးဖွားခဲ့သည်။ သို့ရာတွင် ကလေးမီးဖွားပြီး ရက်ပိုင်းတွင် မဲဆွယ်စည်းရုံးမှုများ ပြန်လည်စတင်ခဲ့သည်။[][][][]

ဝန်ကြီးချုပ် သက်တမ်း

ပြင်ဆင်ရန်

သူသည် ၂၀၂၃ ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲ တွင် ဖွေထိုင်းပါတီကိုယ်စားပြုပြီး ဝင်ပြိုင်ခဲ့သည်။မဲနိုင်ခဲ့ပြီး ဖွေထိုင်းပါတီ ၏ ဝန်ကြီးချုပ်လောင်း အဖြစ် ရေပန်းစားခဲ့သည်။သို့သော်လည်း သူ သည် ဝန်ကြီးချုပ် အမည်စာရင်း မတင်သွင်းခဲ့ဘဲ ဆေထာ ထဝီဆင် ကိုသာ အမည်တင်သွင်းခဲ့သည်။ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာသည့်   ဆေထာ ထဝီဆင် သည်  အစိုးရအဖွဲ့ထဲ ဝန်ကြီးတစ်ဦး ခန့်အပ်ခဲ့မှုနှင့်စပ်လျဉ်းပြီး ဥပဒေချိုးဖောက်သည်ဟု ဆိုကာ  ထိုင်းအခြေခံဥပဒေတရားရုံး က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်တွင် ရာထူးမှရပ်ဆိုင်းခဲ့သည်။ ထိုင်းနိုင်ငံ၏ အာဏာရဖြူထိုင်းပါတီက  သက်ဆင်ရှင်နာဝပ်၏ သမီးဖြစ်သူ  ၎င်းအား ဝန်ကြီးချုပ်လောင်းအဖြစ်ရွေးချယ်ကြောင်း ဩဂုတ် ၁၅ ရက်တွင် ကြေညာခဲ့သည်။ ထို့နောက် ၂၀၂၄ ဩဂုတ်လ ၁၆ ရက် တွင် ထိုင်းလွှတ်တော် က မဲခွဲဆုံးဖြတ်ပြီး သူ့အား ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခဲ့သည်။[][]

၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ထိုင်းအောက်လွှတ်တော် အတိုက်အခံခေါင်းဆောင် Natthaphong Ruengpanyawut က ဝန်ကြီးချုပ်ပေထုံတန် အား ပြဿနာများစွာကို ဖြေရှင်းရန် ပျက်ကွက်ခြင်းနှင့် သူမ၏ မိသားစုနှင့် သက်ဆင်ရှင်နာဝပ်၏ အကျိုးစီးပွားကို ဆောင်ရွက်နေခြင်းတို့ဖြင့် စွပ်စွဲကာ အယုံအကြည်မရှိ အဆိုကို တင်သွင်းခဲ့သည်။ [] သို့သော် မတ်လ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် မဲခွဲဆုံးဖြတ်မှု၌ ဖယ်သောင်းတန်က ၃၁၉ မဲဖြင့် အနိုင်ရရှိခဲ့သဖြင့် အဆိုမှာ ရှုံးနိမ့်ခဲ့သည်။[၁၀]

ရာထူးမှ ဆိုင်းငံ့ခံခြင်း

ပြင်ဆင်ရန်

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ကို ရာထူးမှ ထုတ်ပယ်ရန် စွပ်စွဲထားသည့် အမှုနှင့်ပတ်သက်၍ ၇-၂ မဲဖြင့် ဝန်ကြီးချုပ်တာဝန်ယာယီမှ ဆိုင်းငံ့ခြင်း ခံရသည်။ ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်နှင့် တယ်လီဖုန်းပြောဆိုမှု ပေါက်ကြားခဲ့ခြင်းအပေါ် ရိုးသားမှုမရှိခြင်းနှင့် ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများကို ချိုးဖောက်ခြင်းတို့ဖြင့် စွပ်စွဲထားသည့် အထက်လွှတ်တော်အမတ် ၃၆ ဦး၏ လျှောက်လွှာကို ခုံရုံးက လက်ခံခဲ့သည်။[၁၁]

ဆက်စပ် ဖတ်ရှုရန်

ပြင်ဆင်ရန်
  1. ထိုင်းနဲ့ အာရှရဲ့ အသက်အငယ်ဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာတဲ့ပေထုန်တန်။ BBC Burmese။ 2025-6-23 တွင် ပြန်စစ်ပြီး။
  2. matichon (2022-03-22)။ เปิดประวัติ อุ๊งอิ๊ง-แพทองธาร ทายาทชินวัตร หัวหน้าครอบครัวเพื่อไทย (in th)။
  3. "စစ်တပ်ကအသာစီးယူထားတဲ့ ထိုင်းရွေးကောက်ပွဲ"။ 
  4. "ထိုင်းရွေးကောက်ပွဲ - ထိုင်းနိုင်ငံရေးကို ကိုင်လှုပ်နေကြတဲ့ လူငယ်တွေ"။ 
  5. "ထိုင်းရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှု စတင်ခဲ့ပြီး ဖွဲ့စည်းပုံကိုပြင်ဆင်မည်ဟု အတိုက်အခံများ ကတိပြု"။ 
  6. "ထိုင်းမဲဆန္ဒရှင်များက ရှင်နာဝပ် တတိယမျိုးဆက်ကို အာဏာပြန်ရစေမှာလား"။ 
  7. Paetongtarn Shinawatra becomes Thailand’s next PM, youngest everaljazeera (16 Aug 2024)။ 16 Aug 2024 တွင် ပြန်စစ်ပြီး။
  8. Paetongtarn Shinawatra elected Thailand’s 31st prime ministerbangkokpost (16 Aug 2024)။ 16 Aug 2024 တွင် ပြန်စစ်ပြီး။
  9. "Thailand's prime minister faces a no-confidence vote over alleged influence by her father"၊ AP News၊ 24 March 2025။ 
  10. Thai prime minister survives a challenge by rivals who say her father is pulling the strings (in en) (26 March 2025)။ 2025-03-26 တွင် ပြန်စစ်ပြီး။
  11. Wongcha-um၊ Panu။ "Thai court suspends PM from duty pending case seeking her dismissal" (in en)၊ Reuters၊ 2025-07-01။