ကျမ်းဂန်စာအုပ်ကို ကိုင်ထားဟန် ဖြစ်သည်။

ပေစာ, ကမ္မဝါစာ ပုရပိုက် စသည်များကို ကိုင်ဆောင်ထားသော ဟန်ပန်များကို ပေါတ္ထကဟတ္ထပုံဟု ခေါ်ကြသည်။ လဉ္စကဟတ္ထ ဟုလည်း ခေါ်သည်။

စာပေကျမ်းဂန်များကို ပြုစုရေးသားခြင်း, ပရိယတ္တိသာသနာကို ထောက်ပံ့ချီးမြှောက်ခြင်း, ပညာပါရမီဖြည့်ဆည်းခြင်းစသော အနက်သဘောကို ဆောင်ပေသည်။

ဗာဟုသစ္စဉ္စ သိပ္ပဉ္စ ဝိနယသုသိက္ခိတ မင်္ဂလာများ, ပဏ္ဍိတာနံ သေဝနမင်္ဂလာ, ဓမ္မေသု အပ္ပမာဒ မင်္ဂလာများကို သရုပ်ဆောင်ထားခြင်း ဖြစ်သည်။

ပညာပါရမီ, ဝီရိယပါရမီခန်းများသို့ ညွှန်ပြထားသည်။

ဝီရရသ, သန္တရသများကို ပေါ်လွင်စေသည်။

ပုံစံအားဖြင့် ဝါဏီ = သူရဿတီနတ်သမီးရုပ်တုများတွင်၎င်း, ဒိသာပါမောက္ခပုံများတွင်၎င်း, အရှင်မဟာဗုဒ္ဓဃောသကျမ်းပြုနေပုံများတွင်၎င်း, ပေါတ္ထကဟတ္ထပုံများဖြင့် တွေ့ရတတ်သည်၊ မဟာမာယာ ရုပ်တုနှင့် မနသရုပ်တုများတွင်လည်း စာအုပ်ကိုင်ထားဟန်ဖြင့် တွေ့ရှိရပေသည်။

ပုဂံ ညောင်ဦးရှိ ဥပါလိသိမ်တော်တွင်းမှ ဆေးရေးပန်းချီများတွင် ပေါတ္ထကဟတ္ထပုံများ များစွာကို တွေ့ရှိရပါသည်။

ပေါတ္ထကဟတ္ထပုံပါသော ရုပ်ပွားဆင်းတုများကို ကိုးကွယ်ပါလျှင် ကျမ်းဂန်စာပေတတ်မြောက်ခြင်း, စာမေးပွဲ စာပြန်ပွဲတော်များတွင် အောင်မြင်လွယ်ခြင်း, သတိမမေ့ မှတ်ဉာဏ်ကောင်းခြင်းစသော ပညာပိုင်းဆိုင်ရာ အကျိုးထူးများကို ရရှိနိုင်သည်ဟု ဝဇီရာယာန, သျှတ္တရကျမ်းများ၌ ဖော်ပြထားလေသည်။ [၁][၂] [၂]

ကိုးကား ပြင်ဆင်ရန်

  1. POTTHAKA HASTA. Book; Attribute of Sarasvati (Pustaka-hasta) IBBS. p. 188-189, 192-193. 219. DHI. p.247.
  2. ၂.၀ ၂.၁ စဝ်ထွန်းမှတ်ဝင်း မဟာဝိဇ္ဇာ (ရန်ကုန်)၊ မဟာဝိဇ္ဇာဂုဏ်ထူး (ဟားဗဒ်) အထက်တန်း သုတေသန ပညာရှင်ဘွဲ့ (ဟားဗဒ်) ညွှန်ကြားရေးမှူး၊ သုတေသနနှင့် ကျမ်းပြုဌာနခွဲ သာသနာရေး ဦးစီးဌာန။ မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ