ပျံသန်းမှု အထောက်အကူပြု ကိရိယာများ

ပျံသန်းမှု အထောက်အကူ ကိရိယာများ ဆိုသည်မှာ လေယာဉ် ဦးခန်းတွင် တပ်ဆင်ထားသော ကိရိယာများ ဖြစ်ပြီး လေယာဉ်မှူးအား လေယာဉ်ပျံ၏ ပျံသန်းမှု အခြေအနေနှင့် သက်ဆိုင်သော အချက်အလက်အများဖြစ်သည့် အမြင့်၊ အရှိန် ၊ ဦးတည်ရာတို့ကို ညွှန်ပြပေးနိုင်သော ကိရိယာများ ဖြစ်သည်။ အထူးသဖြင့် တိမ်ထူထပ်၍ မြင်ကွင်း မသဲကွဲသော အခြေအနေနှင့် မျက်စိဖြင့် ကြည့်၍ မရနိုင်သော အချက်အလက်များကို ရယူရန် အတွက် အသုံးဝင်သည်။

ဆလင်းစ်ဘိုင် တီ-၆၇ ဖိုင်းယားဖလိုင်း လူ ၂ယောက်စီး လေယာဉ်၏ ဦးခန်း။ ပျံသန်းမှု အထောက်အကူပြု ကိရိယာများကို စက်စလုတ်ခုံ၏ ဘယ်ဖက်အခြမ်းတွင် တွေ့နိုင်သည်။

တခါတရံတွင် လေယာဉ်ဦးခန်းတွင် ပါရှိသမျှသော အင်ဂျင်ဆိုင်ရာ ကိရိယာများ၊ လမ်းကြောင်းရှာ ကိရိယာများနှင့် ဆက်သွယ်ရေး ကိရိယာများအားလုံးကိုလည်း ပျံသန်းမှု ကိရိယာများတွင် ထည့်သွင်း ညွှန်းဆိုလေ့ ရှိကြသည်။