ပြည့်ဖြိုးဇော် (ဘောလုံးသမား)

မြန်မာ ဘောလုံးသမား

ပြည့်ဖြိုးဇော်(၂ ရက် ဇွန်လ ၁၉၉၄ ခုနှစ်ဖွား)သည် မြန်မာလူမျိုး ဘောလုံးသမားတစ်ဦးဖြစ်ပြီး ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းတွင် နောက်တန်းခံစစ်နေရာမှ ကစားလျက်ရှိသည်။ သူသည် ရန်ကုန်ယူနိုက်တက် လူငယ်အသင်းမှ ရန်ကုန်ယူနိုက်တက်ကလပ်အသင်းသို့ ကစားလာခဲ့ခြင်းဖြစ်သည်။ ပြည့်ဖြိုးဇော်သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ဇာတိဖြစ်သည်။

ပြည့်ဖြိုးဇော်
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ ပြည့်ဖြိုးဇော်
မွေးသက္ကရာဇ် (1994-06-02) ၂ ဇွန်၊ ၁၉၉၄ (အသက် ၂၉)
မွေးရပ်ဇာတိ တောင်ငူမြို့မြန်မာနိုင်ငံ
အရပ်အမြင့် ၁.၇၅ m (၅ ft ၉ in)
ကစားသည့်နေရာ ခံစစ်
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ရန်ကုန်ယူနိုက်တက်
အင်္ကျီနံပါတ် ၁၅
လူငယ်ဘဝကလပ်များ
၂၀၁၄–၂၀၁၆ Yangon United Youth Club[၁]
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၂၀၁၇– ရန်ကုန်ယူနိုက်တက် (၀)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး ၄ မတ် ၂၀၁၇အထိ ဖြစ်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

ကလပ်အသင်း ကစားသမားဘဝ ပြင်ဆင်ရန်

ရန်ကုန်ယူနိုက်တက်

သူ၏ ပထမဆုံးပွဲမှာ ရန်ကုန်ယူနိုက်တက် အသင်းနှင့် ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြသည့် ပွဲဖြစ်ပြီး ၎င်းပွဲတွင် ဇော်မင်းထွန်း ဒဏ်ရာရရှိရာမှ ပြည့်ဖြိုးဇော်အား ကစားရန် ပထမဆုံး ရွေးချယ်ခံရသည်။

ကိုးကား ပြင်ဆင်ရန်

  1. Pyae Phyo Profile (in es)။ YGN's official profile (4 March 2017)။ 4 March 2017 တွင် ပြန်စစ်ပြီး။