ပြည်နည်းပညာတက္ကသိုလ်
ပြည်နည်းပညာတက္ကသိုလ် (Pyay Technological University) သည် မြန်မာနိုင်ငံ၏ ရှေးကျသော နည်းပညာတက္ကသိုလ်သုံးခုဖြစ်သော (ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ပြည်နည်းပညာတက္ကသိုလ်)တွင် တစ်ခုအပါအဝင်ဖြစ်ပြီး ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ မှ (၇) မိုင်အကွာ ပြည် - ပေါက်ခေါင်း ကားလမ်းပေါ်ရှိ လက်ခုပ်ပင်ရွာတွင် တည်ရှိသည်။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်တစ်ခု ဖြစ်သည်။
ပြည်နည်းပညာတက္ကသိုလ် | |
Pyay Technological University | |
စက်မှုစွမ်းအား ပြည်ထွန်းကား | |
| |
တည်ထောင်ခုနှစ် | ၁၉၉၈ ခုနှစ် ဧပြီလ ၁ ရက် |
ဒုတိယပါမောက္ခချုပ် | ဒေါက်တာ မြနန္ဒာလွင် |
တည်နေရာ | လက်ခုပ်ပင်ရွာ၊ ပြည်မြို့ ပဲခူးတိုင်း၊ မြန်မာနိုင်ငံ |
အမျိုးအစား | အများသူငါနှင့်ဆိုင်သော |
အကျယ်အဝန်း | ၁၂၃.၃၀ ဧက |
ပိုင်ဆိုင်မှု | သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန |
ဝဘ်ဆိုတ် | http://www.most.gov.mm/ptu/ |
သမိုင်းကြောင်း
ပြင်ဆင်ရန်၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၂၇/၉၈)ဖြင့် ပြည်စက်မှုတက္ကသိုလ် အဖြစ် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ပြည်နည်းပညာတက္ကသိုလ်ကို ၁၉၉၈ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် စီမံခန့်ခွဲရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး သင်တန်းအသီးသီးကို ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးရုံး၏ (၂၉.၆.၁၉၉၈)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၇၃/၉၈)အရ ပြည်စက်မှုတက္ကသိုလ်ကို ပြည်နည်းပညာတက္ကသိုလ်ဟူ၍ ၁၉၉၈ ခုနှစ်၊ ဇူလိုင်လ(၁)ရက် နေ့မှစ၍ ပြောင်းလဲတည်ထောင်ခဲ့သည်။ [၁]
အင်ဂျင်နီယာ ဘာသာရပ်များ
ပြင်ဆင်ရန်အင်ဂျင်နီယာနည်းပညာဘွဲ့ Bachelor of Technology (B-tech)နှင့် အင်ဂျင်နီယာဘွဲ့Bachelor of Engineering (BE) အတွက် သင်ကြားနေသောဘာသာရပ်များမှာ
- မြို့ပြအင်ဂျင်နီယာ Civil Engineering
- အီလက်ထရောနစ်အင်ဂျင်နီယာ Electronic Engineering
- လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ Electrical Power Engineering
- စက်မှုအင်ဂျင်နီယာ Mechanical Engineering
- စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာ Mechatronic Engineering
- သုတနည်းပညာအင်ဂျင်နီယာ Information Technology
- ရေနံအင်ဂျင်နီယာ Petroleum Engineering
ကျောင်းသားများ
ပြင်ဆင်ရန်၁၉၉၇ မှ ၂၀၀၇ အထိ A.G.T.I ဒီပလိုမာရရှိသော ကျောင်းသား၊သူများအရေအတွက်မှာ (Diploma of A.G.T.I (1997 to 2007))
Year | Civil | EC | EP | MP | MT/CNC | IT | MC | PE | Total |
---|---|---|---|---|---|---|---|---|---|
1997,April | 3 | 6 | 9 | ||||||
1997,Dec | 139 | 102 | 102 | 343 | |||||
1998 | 101 | 82 | 94 | 277 | |||||
1999 | 103 | 88 | 86 | 277 | |||||
2000,March | 165 | 68 | 95 | 328 | |||||
2000,Nov | 173 | 86 | 123 | 382 | |||||
2002,Jan | 123 | 162 | 145 | 430 | |||||
2002,Dec | 26 | 18 | 17 | 61 | |||||
2003,Aug | 34 | 42 | 39 | 39 | 10 | 45 | 25 | 234 | |
2003,Dec | 50 | 42 | 32 | 18 | 4 | 24 | 13 | 183 | |
2004,No | 19 | 52 | 57 | 58 | 26 | 25 | 22 | 259 | |
2005,Oct | 55 | 94 | 116 | 71 | 50 | 54 | 29 | 469 | |
2006,Sep | 63 | 70 | 70 | 73 | 48 | 42 | 34 | 15 | 415 |
2007,Nov | 67 | 47 | 53 | 30 | 20 | 29 | 24 | 7 | 277 |
၂၀၀၂ မှ ၂၀၀၇ အထိ B.Tech / B.E ဘွဲ့ရရှိသော ကျောင်းသား၊သူများအရေအတွက်မှာ (Graduate of B.Tech/B.E (2002-2007))
Year | Civil | EC | EP | MECH | IT | MC | Total |
---|---|---|---|---|---|---|---|
2002,Dec(B.Tech) | 245 | 57 | 76 | 61 | 349 | ||
2004,Feb(B.Tech) | 61 | 81 | 59 | 3 | 31 | ||
2004,Dec(B.Tech) | 8 | 10 | 13 | 31 | |||
2004,(B.E) | 66 | 22 | 38 | 23 | 149 | ||
2005,(B.Tech) | 32 | 15 | 31 | 25 | 34 | 16 | 153 |
2005,Jan(B.E) | 69 | 51 | 49 | 6 | 175 | ||
2005,Nov(B.E) | 9 | 26 | 18 | 53 | |||
2006,(B.Tech) | 35 | 48 | 39 | 31 | 15 | 12 | 180 |
2006,(B.E) | 34 | 15 | 33 | 23 | 34 | 15 | 154 |
2007,(B.Tech) | 59 | 43 | 38 | 58 | 34 | 17 | 249 |
2007,(B.E) | 31 | 44 | 27 | 27 | 11 | 9 | 149 |
Total | 649 | 412 | 421 | 257 | 128 | 69 | 1936 |
ကျမ်းကိုး
ပြင်ဆင်ရန်- ↑ ပြည်နည်းပညာတက္ကသိုလ်။ ၂၀၁၄-၁၀-၁၉ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- http://www.most.gov.mm/ptu/index.php Archived 1 October 2013 at the Wayback Machine.