ပြည်သူ့ခေတ်ဂျာနယ်သည် နိုင်ငံရေးအကြောင်းအရာများကို ဦးစားပေးဖော်ပြသည့် ဂျာနယ်တစ်စောင်ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကာလမတိုင်မီ ထွက်ရှိလာသော ဂျာနယ်တစ်စောင်ဖြစ်သည်။ ပြည်သူ့ခေတ်ဂျာနယ်ကို သတင်းစာဆရာ၊ စာရေးဆရာ မောင်ဝံသ၊ စာရေးဆရာ ဖေမြင့်နှင့် စာပေလောကစာအုပ်တိုက်မှ ဦးမျိုးညွန့်တို့ စီစဉ်ထုတ်ဝေတည်းဖြတ်သည်။