ပြည်သူ့အရေးတော်ပုံပါတီ (စာအုပ်)

ပြည်သူ့အရေးတော်ပုံပါတီ စာအုပ်သည် ရန်ကုန်ဘဆွေ ရေးသားသော ဂျပန်တော်လှန်ရေးကာလကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းစာပေအမျိုးအစားဖြစ်သည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ငါတို့စာပေ စာအုပ်တိုက်မှ ထုတ်ဝေခဲ့သည်။

ပြည်သူ့အရေးတော်ပုံပါတီ
စာရေးသူရန်ကုန်ဘဆွေ
နိုင်ငံမြန်မာနိုင်ငံ
ဘာသာစကားမြန်မာ
အမျိုးအစားမှတ်တမ်းစာပေ
ထုတ်ဝေခြင်းဒီဇင်ဘာ ၂၀၁၅

စာအုပ်အကြောင်းအကျဉ်း ပြင်ဆင်ရန်

ဂျပန်တော်လှန်ရေးကာလ၌ တော်လှန်ရေးခေါင်းဆောင်းများ၊ တော်လှန်ရေးတပ်သားများ၏ အတွေ့အကြုံများ၊ အခက်အခဲများ၊ အားနည်းချက်များ၊ တရားဥပဒေစိုးမိုးရေးကင်းလွတ်နေသည့်ကာလအတွင်း ဒေသခံတို့၏ ကျီးလန့်စာစားနေထိုင်ရ သည့် အခြေအနေများ၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကင်းမဲ့စွာနေထိုင်ရသည့်အခြေအနေများကို သိမြင်ရမည်ဖြစ်သည်။ စာရေးသူသည် သူ၏ဂျပန် တော်လှန်ရေးကာလဖြတ်သန်းရာဒေသ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ အတွေ့အကြုံများကို အဓိကထားမှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ပြည်သူ့အရေးတော်ပုံပါတီစာအုပ်ကို ရန်ကုန်ဘဆွေသည် ၁၉၈၂ ခုနှစ် စက်တင်ဘာ ၂ ရက် နံနက် ၉ နာရီတွင် အပြီးသတ်ရေးသားခဲ့သည်။ ထိုမှတ်တမ်းစာအုပ်သည် ရေးသားပြီးချိန်မှ ၃၃ နှစ်အကြာမှသာ ထုတ်ဝေနိုင်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်