ပြုဗ္ဗာပုရပိုက်နက္ခတ်
ပြုဗ္ဗာပုရပိုက်နက္ခတ် မှာ နွားခြေနွားလက်နှင့် တူ၍ ခေါ်ဆိုခြင်း ဖြစ်သည်။ တနည်း ၄ လုံး၊ ၂ လုံးစီ ခြေဖဝါးနှင့် တူ၏။ ဥတ္တရာ ပုရပိုက်နက္ခတ်နှင့် ပေါင်း၍ အင်းပျဉ်သဏ္ဌာန် လေးလုံးရှိသည်ဟု ဆိုသည်။ ထိုနက္ခတ်ကို အဇဒေဝနတ်မင်း အစိုးရကြောင်းလည်း ဆိုသည်။ ဗျိုင်းတာရာနှင့် ယှဉ်၍ သွား၏။[၁]
၂၅။ ပုဗ္ဗဘဒ္ဒပဒါ = ပြုဗ္ဗဘဒြပိုက်နက္ခတ်
ပြင်ဆင်ရန်ရာဇမတ္တဏ်ကျမ်းတွင် “အဇေကာပါဒါ၊ ပုဗ္ဗဘဒ္ဒပဒါ” ဟူ၍ ပရိယာယ် နှစ်ပုဒ် ပြပါသည်။ အဘိဓာန်ဋီကာ၌မူ “ဂေါ၊ နွားကို။ ဘဒ္ဒေါ၊ ဘဒ္ဒဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ တဿေဝ၊ ထိုနွား၏လျှင်။ ပဒါနိ၊ ခြေနှင့် တူကုန်သော။ ပဒါ၊ ခြေတို့သည်။ အသံ၊ ထိုနက္ခတ်အား။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ထိုကြောင့်။ ဘဒ္ဒပဒါ၊ ဘဒ္ဒပဒ မည်၏။ ပုဗ္ဗဘဒ္ဒပါ၊ ပြုဗ္ဗဘဒြပိုဒ်သည်။ ဒွေ၊ နှစ်လုံး။ ဥတ္တရ ဘဒ္ဒပဒါ၊ ဥတ္တရဘဒြပိုဒ်သည်။ ဒွေးနှစ်လုံးတည်း”ဟူ၍ အနက်ဝိဂြိုဟ် ပြဆိုပါသည်။
“နွားခြေ နွားလက်”ဟု အဓိပ္ပာယ်ရသော ထိုနက္ခတ်ကို ခေါ်ရာ၌ အခက်အခဲရှိသောကြောင့် “ပြုဗ္ဗာပုရပိုက်”ဟု လွယ်ကူစွာ ခေါ်ခဲ့ကြသည်။ “ယွန်း ပဏ္ဏာသသုတ္တမိတ္တဇာတ်”အား သုမ္ဘမိတ်ဟု ခေါ်ရမည့်အစား သမပိုက်ဟု ခေါ်ခဲ့ကြသကဲ့သို့တည်းဟု ဝေါဟာရလီနတ္ထဒီပနီကျမ်းက ဆိုပါသည်။ ထိုနက္ခတ်၏အဆင်းသဏ္ဌာန်၊ လုံးရေသင်္ချာကို ဥတ္တရာဘဒြာပိုဒ်နက္ခတ်နှင့် ပေါင်းလျက် ကျမ်းအချို့၌ အောက်ပါအတိုင်း တွေ့ရပေသည်။
- -ပေါတ္တရသာဒိကျမ်း၊ ပြုဗ္ဗ ဥတ္တရနက္ခတ် နှစ်လုံး ပေါင်း (၄) လုံး၊ လေးထောင့်သဏ္ဌာန်။
- -ဂြဟသျှန္တီကျမ်း၊ (၂) လုံးစီ၊ သဏ္ဌာန်မပါ။
- -လဃုသင်္ဂြဟကျမ်း၊ နက္ခတ် (၂) လုံးပေါင်း ရလာဒ် ကြယ် (၄) လုံး။
- -အာကာသသျှတ္တရကျမ်း၊ ညောင်စောင်းခြေ သဏ္ဌာန်။
- -သိင်္ဃဗောဓကျမ်း၊ နှစ်လုံးစီ၊ သဏ္ဌာန်မပါ။
- -သေနင်္ဂဗျူဟာကျမ်း၊ နှစ်လုံးစီ၊ သဏ္ဌာန်မပါ။
- -ကပ္ပဝဏ္ဏနာကျမ်း နှစ်လုံးပေါင်း၊ ခြေဖဝါး နှစ်ဖက်သဏ္ဌာန်။
- -ရွှေမင်ရေးပုရပိုက်ဖြူ၊ ကြံ့ဖိုသဏ္ဌာန်။
- -နက္ခတ်လင်္ကာ၊ ဘဏ္ဍိုင်ခြေသဏ္ဌာန်။
ပြုဗ္ဗဘဒြပိုဒ်နက္ခတ်ကို အဇဒေဝနတ်မင်း အစိုးရကြောင်း ရာဇမတ္တဏ်ကျမ်းက ဆိုပါသည်။ [၂]
ကိုးကား
ပြင်ဆင်ရန်- ↑ http://martikar.pikay.org/2012/10/blog-post_5851.html
- ↑ နက္ခတ်တာရာသိမှတ်စရာ အာကာသသျှတ္တရကျမ်း၊ အရှင်အာလောက (မုံရွာ)