ပြွန်အော်ဂင်

ခလုတ်သုံးရသောလေတူရိယာ

ပြွန်အော်ဂင် သို့မဟုတ် ပိုက်အော်ဂန် (pipe organ) သည် ခလုတ်များဖြင့် တီးခတ်ရသော တူရိယာတစ်မျိုးဖြစ်ပြီး ပိုက်များတလျှောက် လေမှုတ်ထုတ်ခြင်းဖြင့် အသံကို ပြုလုပ်ပေးသည်။ ယင်းအော်ဂင်တွင် မန်နူအယ် (Manual) ခေါ် ကီးဘုတ်ခလုတ်အလွှာ သုံးလွှာပါရှိတတ်သည်။ အော်ဂင်တီးသူသည် ခြေနှင့် လက်နှစ်မျိုးစလုံး အသုံးပြုပြီး တီးခတ်ရသည်။ လက်ချောင်းများမှာ ခလုပ်များကို နိုပ်ရပြီး ခြေမှာ ပီးတယ် (Pedals) ဟုခေါ်သည့် ကရိယာတစ်မျိုးကို အသုံးပြုပြီး ဂီတသင်္ကေတများကို တီးခတ်ရလေသည်။

ဂျာမနီနိုင်ငံ၊ Katharinenkirche ဘုရားကျောင်းရှိ ပြွန်အော်ဂင်အား တွေ့ရစဉ်။