ပွန်ဒူဂတ် သည် ရှေးဟောင်း ရောမခေတ်မှ ရေသယ်တံတားတစ်ခု ဖြစ်ပြီး အေဒီ ၁ ရာစုက တည်ဆောက်ခဲ့ကာ ရောမပြည်၏ ကိုလိုနီတစ်ခု ဖြစ်သော နီမောဆပ်စ် (ယနေ့ခေတ် ပြင်သစ်နိုင်ငံ တောင်ပိုင်း နီမက်) သို့ ၅၀ km (၃၁ mi) မျှ ရေကို သယ်ပို့နိုင်ရန် အတွက် ဖြစ်သည်။[၁] ၎င်းသည် ဂါဒွန်မြစ်ကို ပြင်သစ်နိုင်ငံတောင်ပိုင်း ဗားစ်ပွန်ဒူဂတ်မြို့ အနီးတွင် ဖြတ်သန်းသွားသည်။ ပွန်ဒူဂတ်သည် ရောမ ရေသယ်တံတားများတွင် အမြင့်ဆုံး ဖြစ်ပြီး အကောင်းဆုံး ထိန်းသိမ်းထားနိုင်သော တံတားတစ်ခုလည်း ဖြစ်သည်။ ၎င်း၏ သမိုင်းကြောင်းအရ အရေးပါမှုကြောင့် ၁၉၈၅ ခုနှစ်တွင် ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာစာရင်းသို့ ထည့်သွင်းခဲ့သည်။

ပွန်ဒူဂတ် (ရောမ ရေသယ်တံတား)*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ပြင်သစ်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i, iii, iv
ကိုးကား ၃၄၄
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၅  (နဝမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ



ကိုးကား ပြင်ဆင်ရန်

  1. Map of the Roman Aqueduct to Nîmes။ Athena Review။ 15 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 August 2020 တွင် ပြန်စစ်ပြီး။