ဖင်လန်နိုင်ငံ၏ ယာဉ်မောင်းလိုင်စင်

ဖင်လန်နိုင်ငံ၏ ယာဉ်မောင်းလိုင်စင်ရရှိနိုင်ရန် ပုဂ္ဂလိက ကားမောင်းသင်တန်းကျောင်းများ နှင့် ကားမောင်းလိုင်စင်ရှိပြီးသူ ဆွေမျိုးသားခြင်းမှ သင်ကြားပေးနိုင်သည်။ ဆွေမျိုးသားခြင်းမှ သင်ကြားပေးကာမူ၊ သင်ကြားခွင့် တောင်းယူရမည်ဖြစ်ပြီး၊ သင်ကြားမည့် ကားတွင် လိုအပ်လျင် ဘရိတ်ဖမ်းနိုင်သည့် ခြေနင်းအပို တပ်ဆင်ထားရမည်။ လိုင်စင်အမျိုးအစား (ဘီ)ကို ရရှိနိုင်ရန် သင်မောင်းဆရာလိုက်ပါပြီး ၁၅ နာရီ မောင်းနှင်ရပြီး၊ လမ်းချောတွင် မောင်းနှင်ခြင်း၊ စာသင်တန်း အတန်း ၂၀ ကို တက်ရောက်ရမည်။ ထို့နောက် ကွန်ပျူတာနှင့် လေ့ကျင့်ရသည့် အမေးအဖြေစာသင်တန်းကို အောင်မြင်ရမည်ဖြစ်ပြီး၊ မြို့ထဲလမ်းများတွင် အနည်းဆုံး ၃၀မိနစ်မောင်းပြ၍ အောင်မြင်မှသာ လိုင်စင်ရရှိမည်ဖြစ်သည်။ လိုင်စင်(စီ)သင်ကြားမှုသည် တူညီသော်လည်း ပို၍ အချိန်ကြာမြင့်သည်။ ပထမဆုံးထုတ်ပေးသော လိုင်စင် သည် ၂ နှစ်အသုံးပြုခွင့်ရှိပြီး၊ ထိုအချိန်အတွင်း ယာဉ်မောင်းမှ အမှားပြစ်ဒဏ်အများဆုံး ၂ခုထိ ခွင့်ပြုသည်။ သက်မှတ်ထားသည်ထက် စည်းကမ်းမလိုက်နာဘဲ ပြစ်ဒဏ်များ ပိုမိုတွေ့ရှိပါက လိုင်စင်အား သိမ်းစည်းပြီး၊ စာမေးပွဲ ပြန်ဖြေရမည်ဖြစ်သောကြောင့် ယာဉ်မောင်းသင်တန်းထပ်တက်ရမည်ဖြစ်သည်။ ပြစ်ဒဏ်တစ်ခုတည်းရှိသော်လည်း စမ်းသပ်ကာလကို အမြင့်ဆုံး ၂ နှစ်အထိထပ်မံ တိုးမြှင့်နိုင်သည်၊ ထို စမ်းသပ်အချိန်အတွင်း ယာဉ်မောင်းစည်းကမ်းအား ပြန်နွှေးသည့် သင်တန်းအသေးတစ်ခု ထပ်မံတက်ရောက်ရမည်ဖြစ်ပြီး၊ လမ်းချောမောင်းနှင်ခြင်း နှင့် အမှောင်ထဲတွင် မောင်နှင်းခြင်းကို သင်ကြားရမည်(ဖင်လန် နွေဘက်သည် ညမရှိသောကြောင့်၊ ညဘက် မောင်းနှင်ခြင်းကို ကားနှင့် ဆင်တူပြုလုပ်ထားသည့် စက်ပေါ်တွင် မောင်းနှင်ရသည်)။ ထို့သို့ အဆင့်ဆင့် အောင်မြင်ပါက အမြဲလိုင်စင်ကို ထုတ်လုပ်ပေးပြီး၊ ပုံမှန် အများဆုံး နှစ် ၆၀ အသုံးပြုခွင့်ရှိသည့် လိုင်စင်ကဒ်ဖြစ်သည်။

ဖင်လန်လိုင်စင်ဖြင့် ကမ္ဘာ့နိုင်ငံအများတွင် မောင်းနှင်ခွင့်ရှိပြီး၊ ဥရောပသမဂ္ဂနိုင်ငံများ၏ ယာဉ်မောင်းလိုင်စင် စနစ်ကို လိုက်နာသောကြောင့်၊ ဥရောပအဖွဲ့ဝင်နယ်မြေအတွင်း တရားဝင် အသုံးပြုခွင့်ရှိသည်။ ယာဉ်မောင်းလိုင်စင်သည် နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားမဟုတ်သောကြောင့် ခရီးသွားမှတ်ပုံတင်ကဒ်အဖြင့် သုံးခွင့်မရှိပေ။

ကိုးကား ပြင်ဆင်ရန်