ဖတ်ဇာရာကန်
ဖတ်ဇာရာကန် သည် အယ်လ်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းတွင် တည်ရှိသည့် ကန်တစ်ခု ဖြစ်သည်။ ၎င်းသည် အန်နဘာမြို့တော်၏ အရှေ့တောင်ဘက် ၁၈ ကီလိုမီတာ (၁၁ မိုင်) အကွာတွင် တည်ရှိသည်။ အရှေ့မှ အနောက် သို့ ၁၇ ကီလိုမီတာ (၁၁ မိုင်)ရှိပြီး မြောက်မှ တောင်သို့ ၁၃ ကီလိုမီတာ (၈.၁ မိုင်) ရှိသည်။ ဧရိယာအားဖြင့် ၁၈၆၀၀ ဟက်တာ (၄၆၀၀၀ ဧက) ရှိသည်။ ထိုဒေသကို "ရမ်ဆာ" ဒေသအဖြစ် တရားဝင် သတ်မှတ်ခဲ့သည်။ ရမ်ဆာဒေသတွင် တားမြစ်ထားသည့် နေရာဒေသများ ပါဝင်သည်။ ဖတ်ရာဇာကန်၏ မြေဆီနှင့် ရေကို လေ့လာမှုများစွာ ပြုလုပ်ပြီး ဖြစ်သည်။ ထို့လေ့လာမှုများတွင် ကန်တွင် ဆားပါဝင်မှု ပတ်သက်၍ ဖြစ်သည်။ လေ့လာတွေ့ရှိမှုအရ ဖတ်ရာဇာကန်၏ မြေဆီသည် ဆားဓာတ်ပြုမှုဖြစ်စဉ်များ ရှိနေသည်ကို တွေ့ရှိရခဲ့သည်။ ထို့အပြင် အနက်ကွာခြားသည်နှင့်အမျှ ပြောင်းလဲသွားမှုကိုလည်း လေ့လာခဲ့သည်။ နမူနာများကို ပထမနှစ်လွှာ (၀ - ၂၀ စင်တီမီတာနှင့် ၂၀-၄၀ စင်တီမီတာ) မှ နေရာရှစ်နေရာခွဲကာ ယူခဲ့သည်။ ထို့အတွက်ကြောင့် မြေသားနမူနာသည် ကန်နေရာပတ်လည်စုံမှ ၁၆ ခု ဖြစ်သည်။ လေ့လာဆန်းစစ်မှုအရ ကန်၏ မြေဆီတွင် ဆားပါဝင်မှသည် ကန်၏ တောင်ဘက်ပိုင်းနှင့် အရှေ့မြောက်ဘက်ပိုင်း (Wadi Zied ဒေသ) တွင် အများဆုံး ဖြစ်နေသည်။
ဖတ်ဇာရာကန် | |
---|---|
တည်နေရာ | North east of Algeria, South-east of the city of Annaba |
ကိုဩဒိနိတ် | 36°47′N 7°31′E / 36.783°N 7.517°Eကိုဩဒိနိတ်: 36°47′N 7°31′E / 36.783°N 7.517°E |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | Algeria |
အကျယ်ဆုံး အလျား | ၁၈ km (၁၁ mi) |
အကျယ်ဆုံး အနံ | ၁၃ km (၈.၁ mi) |
မျက်နှာပြင် ဧရိယာ | ၂၀၆.၈၀ km2 (၇၉.၈၅ sq mi) |
တရားဝင်အမည် | Lac Fetzara |
ရွေးချယ်ခြင်း | 4 June 2003 |
ရည်ညွှန်းနံပါတ် | 1299[၁] |
တည်နေရာ
ပြင်ဆင်ရန်မြေသားအရည်အသွေး
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ Lac Fetzara။ 25 April 2018 တွင် ပြန်စစ်ပြီး။