ဖန်ချက်ဝန် ဦးရွှေအိုး

ဖန်ချက်ဝန် ပြင်ဆင်ရန်

ဖန်ချက်ဝန်သည် ဖန်ကြည်လုံးကြီးငယ်အများအား ပြောင်းမျုတ်ထုတ်လုပ်ရသော ဖနိကွက်အစုသားများကို အုပ်ချုပ်ကွပ်ကဲရသူ ဖြစ်သည်။ ကုန်းဘောင်းခေတ်နှောင်းကာလတွင် မြန်မာ့ဖန်ချက်ပညာမှာ များစွာအဆင့်အတန်းမြင့်မားခဲ့၏။ ဖန်ချက်ဝန်သည် ဖန်ထည်များကိုသာမက အခါအားလျော်စွာ စဉ့်ထည်များကိုပါထုတ်လုပ်ဆက်သာင်းရသည်။ ရတနာပုံခေတ်က စဉ့်ထညိထုတ်လုပ်ရာ နယ်မြေများမှာ ကျောက်မြောင်းမြို့နယ်၊ရွှေတိုက်၊ နွယ်ငြိမ်း၊ ရွှေခွန် စသည့် ကျေးရွာများဖြစ်ကြသည်။

ဖန်ချက်ဝန်ဦးရွှေအိုး ပြင်ဆင်ရန်

ဖန်ချက်ဝန်ရာထူးကို မင်းတုန်းမင်း( ၁၈၅၃ - ၁၈၇၈) လက်ထက်တွင် စတင်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ၁၈၆၆ ခုနှစ် ဩဂုတ်လနောက်ပိုင်း၌ စတင်ခန့်အပ်ခံခဲ့ရသည့် ဖန်ချက်ဝန်မှာ ဦးရွှေအိုးဖြစ်သည်။ ပြင်သစ်နိုင်ငံပြန် မြို့ပြ အင်ဂျင်နီယာဘွဲ့ရ ဖန်ချက်ဝန်ဦးရွှေအိုးသည် မင်းတုန်းမင်းတရားကြီး အလိုကျဖန်ထည်အသစ်အဆန်းများအား ဆက်သွင်းနိုင်ခဲ့ဟန်တူသည်။ ၁၅ ဇန်နဝါရီ ၁၈၇၂ ခုနှစ်တွင် ဦးရွှေအိုးကို ဝန်ထောက်ရာထူးပါတိုးမြှင့် ခန့်အပ်ခဲ့ရာ ဖန်ချက်ဝန်ထောက်ဟု အမည်တွင်ခဲ့၏။ ဖန်ချက်ဝန်အရာရရှိစဉ်က ဘွဲ့အမည်မှာ မင်းထင်ပညာသိဒ္ဓိကျော်ခေါင်ဖြစ်သည်။ သို့သော် ဦးရွှေအိုးဝန်ထောက်ဖြစ်လာသောအခါ မဟာမင်းကျော်စွာဘွဲ့ ပြောင်းလဲပေးအပ်ခဲ့၏။ ၁၈၇၄ ခုနှစ် မတ်လတွင် ဖန်ချက်ဝန်ထောက် ဦးရွှေအိုးအား မင်းတုန်းမင်းအမြတ်တော်ရှကာ ရာထူးချထားခဲ့၏။ သာမန်လွှတ်တော်စာရေးကြီး အဖြစ်သာအမှုထမ်းရွက်ခဲ့ရသည်။

သီပေါမင်းလက်ထက် ပြင်ဆင်ရန်

၁၈၇၈ ခုနှစ် အောက်တိုဘာလတွင် သီပေါမင်းနန်းတက်လာပြီးနောက် ဦးရွှေအိုးအား မဟာမင်းထင်စည်သူဘွဲ့ဖြင့် ဖန်ချက်ဝန်အရာ၊ လွှတ်တော်စာရေးကြီးအရာခန့်အပ်ခဲ့ပြန်သည်။ ၁၈၈၀ ပြည့်နှစ် ဇန်နဝါရီးလတွင် ဦးရွှေအိုးကို ကျောက်ရဲမြို့စားဝန်ထောက်အဖြစ် တိုးမြှင့်ပေးခဲ့သည်။

ဖန်ချက်ဝန်ဦးပွား ပြင်ဆင်ရန်

ဦးရွှေအိုးရာထူးတက်သွားပြီးနောက် သူ၏နေရာတွင် ဦးပွားအားခန့်အပ်လိုက်ပါသည်။ ဦးပွား၏အမည်ကို ဝက်မစွတ်ဝန်ထောက်ဦးလတ်၏ နေ့စဉ်မှတ်တမ်း၌ ၁၈ ဇူလိုင် ၁၈၈၆ ရက်စွဲဖြင့် ဖော်ပြထားသည်ကိုတွေ့ရှိရသည်။