ဖရန်ကွိုက်စ် ပင်နော့တ် ကို ၁၉၃၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်တွင် မွေးဖွားခဲ့ပြီး PPR လက်လီကုမ္ပဏီကို စီမံလုပ်ကိုင်နေသူ ပြင်သစ်စီးပွားရေးသမားတစ်ဦးဖြစ်သည်။ သူသည် ပြင်သစ်သမ္မတဟောင်း Jacques Chirac ၏ သူငယ်ချင်းဖြစ်သည်။

ဖရန်ကွိုက်စ် ပင်နော့တ်
ဖရန်ကွိုက်စ် ပင်နော့တ်
မွေးသက္ကရာဇ် ၁၉၃၆ ခုနှစ် ဩဂုတ်လ ၂၁
တော်ရွန်တို၊ ကနေဒါ
အလုပ်အကိုင် Thomson Reuters ဥက္ကဋ္ဌ
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၉ ဘီလျံ

သူ၏ လက်ရှိကုမ္ပဏီ Artemis S.A သည် အခြားသော Converse ဖိနပ်၊ Samsonite လက်ဆွဲသေတ္တာ၊ Chateau Latour ၊ ကိုလိုရာဒိုရှိ Vail Ski Resort နှင့် Christie’s auction house တို့ကို ပိုင်ဆိုင်သည်။

Artemis သည် ကုမ္ပဏီကျဆုံးချိန်တွင် ဥပဒေသမားများက တရားစွဲဆိုခြင်းခံရသော ကယ်လီဖိုးနီးယားရှိ Executive Life (ယခု Aurora Life)ကိုလည်း ပိုင်ဆိုင်သည်။

အနုပညာပစ္စည်းစုဆောင်းခြင်း ပြင်ဆင်ရန်

ပင်နော့တ် သည် ကမ္ဘာတဝှမ်းလုံးရှိ ခေတ်ပြိုင်ပန်းချီကားအမြောက်အမြားကို စုစည်းပိုင်ဆိုင်ထားသူဖြစ်သည်။ မဂ္ဂဇင်း ပန်းချီဝေဖန်ရေး၏၂၀၀၆ ခုနှစ်မော်ဒန်ပန်းချီလောကတွင် ဩဇာအရှိဆုံး လူစာရင်း၌ သူသည် ပထမနေရာတွင် ရပ်တည်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ဗင်းနစ်၌ သူ၏ စုဆောင်းထားမှုများကို ပြပွဲလုပ်ရန် Palazzo Grassi ကို ပိုင်ဆိုင်ရရှိသည်။

Gucci သဘောတူညီမှု ပြင်ဆင်ရန်

ပင်နော့တ် သည် PPR ကို ကမ္ဘာ့အကြီးဆုံး ဇိမ်ခံကုန်ပစ္စည်းထုတ်လုပ်သည့် LVMH ကုမ္ပဏီက လွှဲပြောင်းယူရန် ကြိုးစားနေသည့် အီတလီဖက်ရှင်တံဆိပ်ဖြစ်သော Gucci ၏ ထိန်းချုပ်မှုဖြင့် တိုက်ပွဲရှည်ကြီးကိုယှဉ်ပြိုင်ရင်း ဦးဆောင်နေသည်။

၁၉၉၉ ခုနှစ် မတ်လတွင် LVMH ကို ဟန့်တားရန် PPR ကို သူ့ထံတွင် ရင်းနှီးမြှုပ်နှံစေလိုအပ်ကြောင်း Gucci က ကမ်းလှမ်းခဲ့သည်။ ရလဒ်အနေဖြင့် ကိုယ့်ထူးကိုယ်ချွန်ရင်း ဘီလျံနာများဖြစ်လာကြသည့် ပြင်သစ်ပြည်၏ အချမ်းသာဆုံး လူနှစ်ဦးဖြစ်သော ပင်နော့တ် နှင့် LVMH ဥက္ကဋ္ဌ ဘားနက် အာနော့တ် တို့၏ ယှဉ်ပြိုင်မှု ပေါ်ပေါက်ခဲ့သည်။

စက်တင်ဘာ ၂၀၀၁ တွင် LVMH က သူပိုင်ဆိုင်ထားသော Gucci ရှယ်ယာများအား PPR ထံတွင် ရှယ်ယာတစ်ခု ၉၅ ဒေါ်လာဖြင့် ရောင်းချရန် သဘောတူခြင်းကြောင့် ထို ယှဉ်ပြိုင်ပွဲကြီး ပြီးဆုံးခဲ့သည်။ သဘောတူညီမှု အစိတ်အပိုင်းအနေဖြင့် PPR က နောက်ပိုင်းတွင် အများနှင့်သက်ဆိုင်သော ကုန်သွယ်ရှယ်ယာများအား အချိုးကျ တင်ဒါခေါ်ယူရန် ကတိပေးခဲ့ရသည်။ ထို ရောင်းဝယ်မှုသည် ၂၀၀၄ ခုနှစ် ဇူလိုင်လတွင် အပြီးသတ်ခဲ့ပြီး Gucci ကို အပြည့်အဝ စီမံပိုင်ဆိုင်နိုင်ခဲ့သည်။

လေလံကုမ္ပဏီ အရှက်ရစေခြင်း ပြင်ဆင်ရန်

၁၉၉၈ ခုနှစ်တွင် ပင်နော့တ် သည် Christie လေလံအဖွဲ့၏ ရှယ်ယာအများအပြားကို ဝယ်ယူခဲ့သည်။ ၂၀၀၀ ခုနှစ် ဖေဖော်ဝါရီတွင် ဖယ်ဒရယ်ဗျူရိုကရေစီမှ စုံစမ်းမှုအပြီး နာမည်ပျက်ခဲ့သော ပြိုင်ဘက်ကုမ္ပဏီ Sotheby ၏ အဓိက ရှယ်ယာရှင်ဖြစ်သည့် A.Alfred Taubman သည် ကုမ္ပဏီ ၂ ခုအကြား ကော်မရှင်ပြင်ဆင်ရေးကို စုံစမ်းခဲ့သည်။ ပင်နော့တ် သည် ထိုပြစ်မှုတွင် မပါဝင်ခဲ့သော်လည်း ထိုအမှုဖြစ်ရန် ချောက်တွန်းလိုက်သည့် လုပ်ရပ်ကို လုပ်သည်ဟု ပြောဆိုကြသည်။

သူသည် Christie ၏ အမှုဆောင်ချုပ်ဖြစ်သည့် ခရစ်စတိုဖာ ဒေ့ဗစ်ချ် ကို ငွေကြေးပိုမိုဖြုန်းတီးသည်ဟူသော စွပ်စွဲချက်ဖြင့် အလုပ်ဖြုတ်ပစ်လိုက်သည်။ နောက်ပိုင်းတွင် ဒေးဗစ်ချ် က ၁၉၉၅ ကတည်းက Artemis ၏ အမှုဆောင်ချုပ် ပက်ထရီစီရာ ဘာဘီဇတ် နှင့် လျှို့ဝှက်သဘောတူညီထားမှုကို ဝန်ခံခဲ့သည်။

၂၀၀၀ ခုနှစ် အောက်တိုဘာတွင် Sotheby ၏ အမှုဆောင်ချုပ် ဒိုင်ရာနာ ဘရွတ်စ် ကလည်း အပြစ်ဒဏ်လျှော့ပေါ့ရန် မျှော်လင့်ချက်ဖြင့် တော့ဘ်မန်း အား အပြစ်အားလုံး ပုံချဝန်ခံခဲ့သည်။ ၂၀၀၁ ခုနှစ် ဒီဇင်ဘာတွင် နယူးယောက်ခ်မြို့ အထက်တရားရုံးချုပ်မှ တော့ဘ်မန်း အား လျှို့ဝှက်ကြံစည်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ သူ့အား ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့ပြီး မစ္စတာ ဘရွတ်စ် ကိုလည်း နေအိမ်ထိန်းသိမ်းမှု ၃ လနှင့် ဒဏ်ကြေးငွေ ဒေါ်လာ ၃သိန်းခွဲချမှတ်လိုက်သည်။ နိုင်ငံတကာ ဥပဒေကြောင်းအရ ခရစ်စတီး ကို တရားစွဲဆိုရန် ငြင်းပယ်ခွင့်ပြုလိုက်သည်။

Mapping the Studio ပြင်ဆင်ရန်

“Mapping the Studio” သည် ဖရန်ကွိုက်စ် ပင်နော့တ် ၏ စုဆောင်းမှုများကို Punta della Dogana ၌ ပြသသော အခြေခံပြပွဲဖြစ်ပြီး ဗင်းနစ်ရှိ ဒုတိယပြတိုက်ကိုလည်း ပင်နော့တ်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့သည်။ ၂၀၀၉ ခုနှစ် ဇွန်လတွင် လွှဲပြောင်းယူခဲ့ပြီး ပြတိုက်မှူး အယ်လစ်ဆန် ဂျင်ဂျာရက်စ် နှင့် ဖရန်စက်စကို ဘိုနမီ တို့က ပြန်လည်ပြင်ဆင်ခဲ့သည်။ ထိုပြပွဲတွင် ရောဘတ် ဂိုဘာ၊ ဖလစ် ဂွန်ဇေးလ် တောရက်စ်၊ မိုက် ကဲလီ၊ ကာဒီ နိုလန်၊ ဆစ်ဂ်မာ ပို့လ်ခ် နှင့် ချာလီစ် ရေး တို့၏ လက်ရာများအပါအဝင် အနုပညာရှင် ၅၀ ကျော်တို့၏ လက်ရာ ၃၀၀ ကျော်ပြသခဲ့သည်။ ပြပွဲအခင်းအကျင်းက စစ်ပြီးခေတ်အနုပညာလက်ရာများကို နှစ် ၃၀ ကျော်စုဆောင်းထားသော ပင်နော့တ်၏ လုပ်ရပ်ကို ပြသနိုင်ခဲ့ပြီး သူ စိတ်အားထက်သန်စွာ စုဆောင်းထားသော ခေတ်ပြိုင်အနုပညာရှင်များ၏ ယုံကြည်သက်ဝင်မှုကို ရရှိစေခဲ့သည်။

ကိုယ်ရေးကိုယ်တာဘဝ ပြင်ဆင်ရန်

ပင်နော့တ် တွင် သားသမီး ၄ ယောက်ရှိသည်။ သူတို့အထဲတွင် မက်ဆီကိုလူမျိုးရုပ်ရှင်မင်းသမီး ဆယ်လ်မာ ဟေ့ရက်ခ် နှင့် လက်ထပ်ထားပြီး ဖခင်တည်ထောင်ထားသော ကုမ္ပဏီမျာကို စီမံခန့်ခွဲနေသည့် ဖရက်ကွိုက်စ် ဟင်နရီ ပင်နော့တ် သည် အထင်ရှားဆုံးဖြစ်သည်။

ကြွယ်ဝမှု ပြင်ဆင်ရန်

Forbes မဂ္ဂဇင်း၏ ၂၀၀၈ ခုနှစ် ဘီလျံနာများစာရင်းအရ ခန့်မှန်းခြေပိုင်ဆိုင်မှု ၁၆.၉ ဘီလျံဒေါ်လာဖြင့် သူသည် ၃၉ ယောက်မြောက် ကမ္ဘာ့အချမ်းသာဆုံးဖြစ်သည်။