ဖရန်စစ် ကိုလင်းစ်
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ (၂၃ ဒီဇင်ဘာ ၂၀၁၈) |
ဖရန်စစ် ကိုလင်းစ် (Francis Collins) သည် မျိုးဗီဇဆိုင်ရာ ပညာရှင်တစ်ဦးလည်းဖြစ်ပြီး အထူးကု ဆရာဝန်တစ်ဦးလည်း ဖြစ်သည့်အပြင် မျိုးဗီဇသဏ္ဌာန်ဖော်ခြင်း (DNA mapping) ကို ပထမဆုံး တီထွင်ခဲ့သူဖြစ်ပြီး ယနေ့တိုင် သက်ရှိထင်ရှား ရှိနေဆဲဖြစ်သည်။ ၁၉၅ဝ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တွင် ဖရန်စစ်အား အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ် ရှန်နွန်ဒေါကျေးရွာလေး ၌ မွေးဖွားခဲ့သည်။
ဖရန်စစ် ကိုလန်စ် Francis Collins | |
---|---|
မွေးဖွား | Staunton, Virginia, အမေရိကန်ပြည်ထောင်စု | ဧပြီ ၁၄၊ ၁၉၅၀
မိခင်ကျောင်း | University of Virginia Yale University |
ကျော်ကြားမှုအရင်းခံ | positional cloning Human Genome Project |
သူငယ်စဉ်က နေခဲ့သည့်အိမ်မှာ ရေပိုက်လိုင်း သွယ်ထားခြင်းပင်မရှိခဲ့ပေ။ သို့သော် မိဘများကမှာ ပညာတတ်များဖြစ်ပြီး ဖခင်မှာ အင်္ဂလိပ်ဘာသာရပ်ဖြင့် ပီအိတ်ချ်ဒီ ပါရဂူဘွဲ့ရခဲ့ပြီးသူ ဖြစ်ပြီး၊ မိခင်မှာ ပြဇာတ် ဇာတ်ညွှန်းရေးသူ တစ်ယောက်ဖြစ်သည်။
ငယ်စဉ်က သားများကို တောကျောင်းလေး၌ ပညာသင်စေရန် စိတ်မချသူမိခင်က ကိုယ်တိုင်အိမ်တွင် သင်ပေးခဲ့သည်။ အဖွားလုပ်သူ လေဖြတ်သွားသည့်အတွက်ကြောင့် ထိုအဖွားနှင့်အတူနေထိုင်ရန် မိသားစုလိုက် မြို့ပြသို့ ပြောင်းရွှေ့ခဲ့ရပြီး မိခင် ဖြစ်သူက မြို့ကျောင်းများတွင် သားများအား ပညာဆည်းပူးစေရန် သင့်တော်သည်ဟု သဘောရသဖြင့် ၆ တန်းရောက်မှသာ ဖရန်စစ်တစ်ယောက် အခြားသောကလေးများနည်းတူ ကျောင်းတက်ခွင့်ရတော့သည်။ အတန်းကျောင်းတက်သည့်အချိန်နောက်ကျသည့်အတွက် အစပိုင်းတွင် လူမှုရေး ပြဿနာအချို့ကို တွေ့ကြုံခဲ့ရသည်။ ဖရန်စစ် ကိုယ်တိုင်ကလည်း အခြားသူများနှင့် ယှဉ်လျှင် နောက်ကျနေသည်ဟု ခံစားခဲ့ရသည်။
အမှန်အားဖြင့် သိပ္ပံပညာရှင်အကျော်အမော် ဖရန်စစ်သည် သူ၏ ငယ်စဉ်ဘဝကို ဂီတနှင့်အနုပညာကြားမှာ ဖြတ်သန်းခဲ့သည်။ ဖခင်ဖြစ်သူက ကောလိပ် ကျောင်းတစ်ကျောင်းတွင် လူကြီးတစ်ယောက်ဖြစ်ခဲ့ပြီး ထိုကျောင်းအတွက် ဇာတ်ရုံတစ်ခု တည်ထောင် ခဲ့သည့်အတွက် ဖရန်စစ်တစ်ယောက် အချိန်ပြည့်နီးပါး အနုပညာနှင့်လက်ပွန်းတတီးနေထိုင်ခွင့်ရခဲ့သည်။ သို့သော် အနုပညာအား စိတ်ပါဝင်စားခြင်းမရှိလှပေ။
ဖရန်စစ်အား အမှန်တကယ်ညှို့ယူနိုင်ခဲ့သည်မှာ ဓာတုဗေဒဖြစ်သည်။ ထိုစဉ်တုန်းက ဇီဝဗေဒကို ရှုပ်ထွေးသည့် ပညာရပ်ဟု ယူဆကာ စိတ်ဝင်စားခြင်းမရှိခဲ့ပေ။ သို့နှင့် ၁၆ နှစ်အရွယ် အထက်တန်းအောင်ပြီး ဗာဂျီးနီးယား တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။
ဖရန်စစ်ကို ပထမဆုံး ကျောင်းပျော်စေခဲ့သည်မှာ ဓာတုဗေဒ ပညာရပ်ပင်ဖြစ်သည်။ ဖရန်စစ် ၁ဝ တန်းတက်သည့်နှစ် ဓာတုဗေဒ အတန်းတက်သည့် ပထမဆုံးနေ့တွင် ဓာတုဗေဒ ဆရာကြီးက တစ်တန်းလုံးကို အမည်းရောင် ပိန်းနေအောင်သုတ်ထားသည့် စက္ကူဗူး တစ်ဗူးစီပေးသည်။ ထို့နောက် ယင်းဗူးထဲရှိ ပစ္စည်းမှာ မည်သို့သောပစ္စည်းဖြစ်မှန်း သိနိုင်မည့် နည်းလမ်းများအား ချရေးပြီး ဆရာ့ထံ တင်ပြရမည်ဟု ညွှန်ကြားသည်။
အစ ပထမတွင် ဖရန်စစ်က ဤသို့ပြုလုပ်ခြင်းသည် အတော်တုံးသည့် စိတ်ကူးတစ်ရပ်ဟုသာ ယူဆခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ဆရာညွှန်ကြားသည့်အတိုင်း ဗူးထဲမှပစ္စည်းကို သိနိုင်မည့် နည်းလမ်းများကို ရှာဖွေရင်းဖြင့် စိတ်ပါဝင်စား လာခဲ့သည်။ ဖရန်စစ်၏ စိတ်ကို ဤအဖြစ်အပျက်လေးက ဖမ်းစားနိုင်ခဲ့သည်။ သူ့ဘဝမှာ ဤအဖြစ်က သူ့အားသိပ္ပံပညာကို စိတ်ပါဝင်စားလာစေသည့် အကြောင်းရင်းခံတစ်ရပ်၊ ပထမဆုံးသော စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်သည်။
ဖရန်စစ်က သင်ခန်းစားများအား ၏ သည်မရွေး အလွတ်ကျက်မှတ်ရခြင်းကို နှစ်သက်ခဲ့ခြင်းမရှိပါ။ ထို့ကြောင့် ဤကဲ့သို့ ဉာဏ်ကစားပြီး ကိုယ့်စိတ်ကူး အိုင်ဒီယာကို ဖော်ထုတ်ခွင့်ရသည့် ဘာသာအား အလွန်အမင်း စိတ်ဝင်စားခဲ့ခြင်း ဖြစ်သည်။ ဤအဖြစ်အပျက်လေးက ဖရန်စစ်ကို သိပ္ပံပညာရှင် အကျော်အမော်ကြီးဖြစ်ရန် လမ်းစပြုပေးခဲ့သည်ဟု ဆိုနိုင်သည်။
ဖရန်စစ်ငယ်စဉ်ကတည်းက ပညာသင်ကြားရာမှာ မှတ်သားခြင်းထက် ဝေဖန်ပိုင်းခြားခြင်းကိုသာ ပိုမိုအားသန်ခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် မှတ်သားခြင်းကို အများဆုံးပြုလုပ်ရလေ့ရှိသည့် ဇီဝဗေဒဘာသာရပ်ကို စိတ်ပါဝင်စားခြင်း မရှိခဲ့ပေ။ ဝေဖန်ပိုင်းခြားခြင်းကို အလေးပေးသည့် သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒများကို ပိုမို နှစ်သက်စွာ လိုက်စားခဲ့သည်။ ဖရန်စစ်၏ ကိုယ်ပိုင်အမြင်မှာ သင်ကြားပို့ချရာတွင် မှတ်သားခြင်းထက် ဝေဖန် ပိုင်းခြားခြင်းကိုသာ အလေးပေးသင့်သည် ဟူ၍ ဖြစ်သည်။
ဖရန်စစ် အထက်တန်း အောင်ပြီးနောက် ဗာဂျီးနီးယား တက္ကသိုလ်ကို တက်ရောက်ခဲ့သည်။ အဲဒီမှာလည်း သူက ဇီဝဗေဒဘာသာရပ်ကို သင်ကြားခြင်းမပြုခဲ့ပါဘူး။ တက္ကသိုလ်မှ ဂုဏ်ထူးနှင့် အောင်မြင်ခဲ့ပြီးနောက် ယေးလ်တက္ကသိုလ်မှာ ရူပဓာတု (Physical Chemistry) အထူးပြုနှင့် ဘွဲ့လွန်ပညာကို ဆက်လက်ဆည်းပူးခဲ့သည်။ ယေးလ်တွင် ပါရဂူဘွဲ့ကို ရယူဖို့အတွက် ကြိုးပမ်းနေစဉ်တွင် ဖရန်စစ်ကို မျိုးရိုးဗီဇပညာရပ်နှင့် မျိုးရိုးဗီဇ DNA Molecule လေးများက ဖမ်းစားလိုက်ပါတော့သည်။
သူတတ်ထားတဲ့ ပညာတွေကို အများအကျိုးအတွက် ဘယ်လို အသုံးချ ရမယ်ဆိုတာကို တွေးတောကြံဆနေတဲ့ ဖရန်စစ်အတွက် လူသား အကျိုးပြု လုပ်ငန်းတွေလုပ်ဖို့ လမ်းစကို ရှာဖွေတွေ့ရှိလို့သွားပါတော့တယ်။ ဒီလိုနဲ့ သူရဲဲ့ ရှေ့ဆောင် လမ်းပြ ဆရာကြီးများကို အကြံဉာဏ် တောင်းခံ တိုင်ပင်ပြီး နောက်မှာတော့ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဆေးတက္ကသိုလ်မှာ ပညာစတင် သင်ကြားပါတော့တယ်။ ဒီမှာ ပညာသင်ကြားပြီးတဲ့နောက်ပိုင်း အလုပ်သင်ဆရာဝန်အဖြစ် အမှုထမ်းပြီးနောက်မှာ ယေးလ်တက္ကသိုလ်ကို မျိုးရိုးဗီဇပညာရပ်ဆိုင်ရာ လေ့လာသူ အသင်းဝင်တစ်ယောက်အဖြစ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မီရှီဂန် တက္ကသိုလ် မှာဆရာအဖြစ်ဝင်ရောက် လုပ်ကိုင်ရင်းနဲ့ပဲ သူ့ရဲ့ နဂိုမူလရည်ရွယ်ချက်ဖြစ်တဲ့ မျိုးရိုးဗီဇ ဘာသာရပ်ကို ဆက်လက် သုတေသနပြုနေခဲ့ပါတော့တယ်။
ဖရန်စစ် ကိုလင်းစ်ရဲ့ ထူးခြားချက်တစ်ခုက တချို့သော သိပ္ပံ ပညာရှင် တွေနဲ့မတူပဲ ဘာသာတရားကို နက်နက်ရှိုင်းရှိုင်း ယုံကြည်ကိုင်းရှိုင်း ခြင်းပါပဲ။ ဒီလို ဘာသာတရားကိုင်းရှိုင်းသွားရခြင်းက ဖရန်စစ်ရဲ့ ဖခင် ဖြစ်သူ ကင်ဆာရောဂါနဲ့ ဆုံးပါးပြီးနောက်ပိုင်းမှလို့လည်း ဆိုကြပါတယ်။ ပုဂ္ဂလိက အတွေ့အကြုံကြောင့် ခရစ်ယာန်ဘာသာတရားကို နက်နက် ရှိုင်းရှိုင်းသက်ဝင်သွားခဲ့ရတဲ့အတွက် သူ့ကို evangelical Christian လို့ ခေါ်လို့ရမယ်ထင်ပါတယ်။