ဖိုလ်သို့ ကောင်းစွာ ရောက်ခြင်း၊ ဖိုလ်ဝင်စားခြင်း၊ ဖလသမာပတ်။ (အရိယာဖိုလ်စိတ်၏ နိဗ္ဗာန်၌ အပ္ပနာ အခြင်းအရာအားဖြင့် ဖြစ်ခြင်းသည် ဖလသမာပတ်မည်၏။ ဖိုလ်ဝင်စားခြင်း ဟု သုံးစွဲသည်၊ မဂ်၏ အခြားမဲ့၌ဖြစ်သော (မဂ္ဂဝီထိ၌ ပါဝင်သော) ဖိုလ်ကိုမူ သီးခြား ပရိကံမရှိ၍ ဖလသမာပတ်မဆိုရချေ (ဝိသုဒ္ဓိ၊ဋီ၊၂၊၅၁၇)။

ထိုဖလသမာပတ်ကို အရိယာတို့သည် ဝင်စားနိုင်၏၊ သို့သော် အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ်သည် အထက်အထက်ဖိုလ်ကို(မရသေးသောကြောင့်)မဝင်စားနိုင်ကြ၊ အထက် ဖလဋ္ဌာန်ပုဂ္ဂိုလ်တို့သည်လည်း အောက် အောက်ဖိုလ်ကို (ပုဂ္ဂိုလ်တပါးအဖြစ်သို့ ရောက်သွားခြင်းကြောင့်) မဝင်စားနိုင်ကြ၊ ကိုယ့်ဖိုလ်ကိုသာ ဝင်စားနိုင်ကြ၏။ မျက်မှောက်ဘဝ၌ ကိလေသာ အပူငြိမ်း၍ ချမ်းချမ်းသာသာနေရန် ဖလသမာပတ်ကို ပိုင်းခြားကန့်သတ်၍ အလိုရှိသောအခါ အရိယာပုဂ္ဂိုလ်တို့သည် ဝင်စားကုန်၏။ နိဗ္ဗာန်မှ တပါးသော သင်္ခါရတို့ကို နှလုံး မသွင်းခြင်း, နိဗ္ဗာန်ကို နှလုံးသွင်းခြင်း - ဤ-၂-ပါးသော အခြင်းအရာအားဖြင့် ဖလသမာပတ်ဝင်စားသည်။ (ထိုအင်္ဂါ ၂-ပါးသည် အဓိပ္ပါယ်တူလျက် ခွဲခြားပြခြင်း၏ အကြောင်းကို ဝိသုဒ္ဓိ၊ဋီ၊၂၊၅၁၇-ကြည့်။ အထက်ပါ အင်္ဂါ ၂-ပါးနှင့် သမာပတ်မဝင်စားမီ “မည်သည့်အချိန် ထအံ့”ဟု ကာလ ပိုင်းခြားခြင်း၊ ဤ ၃-ပါးသည် သမာပတ်၏ တည်ခြင်းမည်၏။ နိဗ္ဗာန်အာရုံကို နှလုံးမသွင်းပဲ သင်္ခါရနိမိတ်ကို နှလုံးသွင်းခြင်း (ဘဝင်စိတ်၏ အာရုံကိုယူခြင်း)သည် ဖလသမာပတ်မှ ထခြင်းမည်၏။ ဖလသမာပတ်၏ အကြောင်းစုံ အဓိပ္ပါယ်အကျယ်ကို ပဋိသံ၊ဋ္ဌ၊၁၊၂၄၆-၉။ ဝိသုဒ္ဓိ၊၂၊၃၄၀-၃။ ဝိသုဒ္ဓိ၊ဋီ၊၂၊၅၁၃-၂၀-တို့၌ ကြည့်။) ဓမ္မသွာက္ခာတတာ ကုသလမူလရောပနာယ စ ဖလသမာပတ္တိယာ စ သာဓာရဏံ ပဒဋ္ဌာနံ။ နေတ္တိ။ ၄၃။ (ဝိ၊ဋ္ဌ၊၁၊၁၆၄။ ဒီ၊ဋ္ဌ၊၂။ ၁၃၇။ မ၊ဋ္ဌ၊၁၊၁၀၇။) ကာ ဖလသမာပတ္တိတိ? ယာ အရိယဖလဿ နိရောဓေ အပ္ပနာ။ ပဋိသံ၊ဋ္ဌ၊၁၊၂၄၆။ ဝိသုဒ္ဓိ၊၂၊၃၄၁။[၁]

ကိုးကား ပြင်ဆင်ရန်

  1. တိပိဋကအဘိဓာန် အတွဲ-၁၅