ဖား ကလေးများ ( ကိုရီးယား: 개구리소년 , Gaegurisonyeon) မှာ ၁၉၉၁ မတ်လ ၂၆ တွင် တောင်ကိုရီးယားနိုင်ငံ ဒေဂူး၌ ပျောက်ဆုံးသွားသော ကောင်လေး ၅ ဦး ပါဝင်သည့် အဖွဲ့ဖြစ်သည်။

ဖိုင်:Frogboysphonecard.png
ဖုန်းကဒ်များပေါ်တွင် ဖား ကလေးများ၏ ဓာတ်ပုံများ, အမည်များနှင့် အသက်အရွယ်များကို ဖော်ပြထားကာ ၎င်းတို့အား ကူညီရှာဖွေပေးနိုင်ရန်နှင့် ဂရုပြုသတိထားမှုမှု မြှင့်တင်ရန် ဆောင်ရွက်ခဲ့သည်။ ကိုရီးယားအသက် ခန့်မှန်းပုံကြောင့် အသက် ၁ နှစ်ခန့် ပိုစာရင်းသွင်းထားသည်။

အသက် ၉ နှစ် မှ ၁၃ နှစ် အရွယ်ရှိ အူချိုလ်-ဝန်း ၊ ဂျို ဟို-ယွန်း၊ ဂင်မ်ယောင်-ဂယူ ၊ ပါ့ခ်ချန်-အင်း နှင့် ဂင်မ် ဂျုံဆစ်ခ်တို့မှာ အများပြည်သူ အားလပ်ရက်တွင် ဒေဂူးမြို့ အနောက်ဘက်ဆင်ခြေဖုံးအရပ်၌ ဖားရှာရန် ထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့ကြသည်။ ဖား ကလေးများမှာ တောင်ကိုရီးယား၌ အာရုံစိုက်မှု ကျယ်ကျယ်ပြန့်ပြန့်ရရှိခဲ့ပြီး မီဒီယာများ၌ ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။ သမ္မတရိုထေဝူးက ရဲတပ်ဖွဲ့နှင့်စစ်တပ်များအား လူပျောက်ရှာရန် အမိန့်ပေးခဲ့သည်။

ဖားရိုက်သည့်နေရာ အနီးတွင် ဖား-ကလေးများ၏ ရုပ်အလောင်းများအား ၂၀၀၂ စက်တင်ဘာ ၂၆ တွင် ရှာဖွေတွေ့ရှိခဲ့ပြီး အချို့မှာ တုံးသောလက်နက်ဖြင့် အရိုက်ခံရသည့် ဒဏ်ရာများ ရှိသည်။ ဖား ကလေးများနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုမှာ ရေရေရာရာမရှိဘဲ ၎င်းတို့သေဆုံးမှုနှင့်ပတ်သက်သည့် ယူဆချက်များစွာ ထွက်ပေါ်ခဲ့သည်။ ၂၀၀၆ မတ်လမှ စတင်ကာ တရားစွဲဆိုပိုင်ခွင့် (statute of limitations) သက်တမ်းကုန်ဆုံးသွားသော်လည်း အမှုမှာ မဖြေရှင်းနိုင်ဘဲ ရှိနေဆဲဖြစ်သည်။

သားကောင်များ ပြင်ဆင်ရန်

ကောင်လေးများမှာ အသက် ၉ နှစ်နှင့် ၁၃ နှစ် အရွယ်များဖြစ်ကြသည်။[၁]

  • အူး ချိုလ်-ဝမ် (၁၃ နှစ်)
  • ဂျို-ဟို-ယွန်း (၁၂ နှစ်)
  • ဂင်မ်ယောင်း-ဂယူ (၁၁ နှစ်)
  • ပါ့ခ် ချန်-အင်း (၁၀ နှစ်)
  • ဂင်မ် ဂျုံ-ဆစ် (၉ နှစ်)

ကလေး ၅ ဦးလုံးမှာ ဒါဆောင်းခရိုင် ဒေဂူးမှ ဖြစ်ကာ မူလတန်းကျောင်းတခုတည်း၌ပင် တက်ရောက်ခဲ့သည်။ ၆ ဦးမြောက်ကလေး အသက် (၁၀) နှစ် အရွယ်ရှိ ဂင်မ်ထေယောင်းကမူ နံနက်စာလွတ်သွားသည့်အတွက် အိမ်ပြန်ထမင်းစားရန် အဖွဲ့နှင့် လမ်းခွဲပြန်လာခဲ့သည်။

ပျောက်ဆုံးမှုအနေအထား ပြင်ဆင်ရန်

တောင်ကိုရီးယားနိုင်ငံ၌ ၁၉၉၁ ဒေသတွင်းရွေးကောက်ပွဲများ ပြုလုပ်ရန် ၁၉၉၁ မတ် ၂၆ ကို အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ထားရာ ဒေဂူးမြို့အနောက်ဘက်ဆင်ခြေဖုံးရှိ ဒါဆောင်းဝါရုံးတောင် စမ်းချောင်းတွင် ဖားရှာပြီး အချိန်ဖြုန်းရန် ကောင်လေးများက ဆုံးဖြတ်ထားကြသည်။[၂] ကောင်လေးများ အိမ်သို့ ပြန်မလာကြတော့သဖြင့် လူပျောက်တိုင်ရာ ၎င်းတို့၏ အဖြစ်သနစ်ကြောင့် တနိုင်ငံလုံးအုံးအုံးကြွက်ကြွက်ဖြစ်ခဲ့သည်။ သမ္မတ ရိုထေဝူးက ကောင်လေးများအား ရှာဖွေရန် ရဲတပ်ဖွဲ့ဝင် နှင့် စစ်တပ်သား ၃ သိန်းကို စေလွှတ်ပြီး ရှာဖွေမှုကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်သည်။[၃] ဝါရုံးတောင်အား အကြိမ် ၅၀၀ ကျော်ရှာဖွေခဲ့သည်။[၄]

အလောင်းများ ရှာဖွေတွေ့ရှိခြင်း ပြင်ဆင်ရန်

၂၀၀၂ စက်တင်ဘာ ၆ ရက်၌ ဝက်သစ်ချသီးရှာသည့် အမျိုးသားတဦးက ထိုတောင်ပေါ်က ယခင် ရှာခဲ့ပြီးဖြစ်သော ဧရိယာ၌ပင် ၎င်းတို့၏ ရုပ်အလောင်းများအား တွေ့ရှိခဲ့သည်။ အမည်မဖော်လိုသော ဖုန်းခေါ်ဆိုမှုဖြင့် ပထမအကြောင်းကြားခဲ့သည်။[၅] ကောင်လေးများမှာ ကိုယ်အပူအချိန်အလွန်အမင်းကျဆင်းမှုဖြင့် သေဆုံးခဲ့ဖွယ်ရှိသည်ဟု ယူဆကြောင်း အစပထမပိုင်း၌ ရဲများက ကြေညာသော်လည်း ထိုယူဆချက်ကို မိဘများက လက်မခံဘဲ စုံစမ်းစစ်ဆေးမှု အပြည့်အဝလုပ်ပေးရန် တောင်းဆိုခဲ့သည်။ ကောင်လေးများ၏ အဝတ်အစားများအား ထုံးလျက် တွေ့ရှိရသည့်အပြင် ရွာအနီးရှိ ကောင်လေးများ အကျွမ်းတဝင်ရှိသည့်နေရာ၌ အလောင်းများတွေ့ရှိမှုစသည့် ထူးဆန်းမှုကြောင့် လမ်းပျောက်ပြီး ရိုးရိုးတန်းတန်းသေဆုံးသည်ဟူသော ယူဆချက်ကို မိသားစုများက မေးခွန်းထုတ်ခဲ့ကြသည်။[၆] မှုခင်းဆေးပညာကျွမ်းကျင်သူများက ၃ ဦး၏ ဦးခေါင်းခွံတွင် တုံးသောအရာဝတ္ထု (သံထည်ပစ္စည်းဖြစ်ဖွယ်ရှိ) နှင့် ရိုက်နှက်ခံရသည့် ဒဏ်ရာအား တွေ့ရှိသည်။ အမျက်ထွက်ပေါက်ကွဲသွားသူ ၁ ဦး၏ အသတ်ခံရခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။[၇] 

နောက်ဆက်တွဲ ပြင်ဆင်ရန်

၂၀၀၆ ၌ statute of limitations ကုန်ဆုံးရာ လူသတ်မှုအတွက် မည်သူတဦးတယောက်ကိုမျှ တာဝန်ရှိသူများက စွဲဆိုနိုင်တော့မည် မဟုတ်ပေ။[၈] အဖြေပေးနိုင်ရန် စုံစမ်းစစ်ဆေးမှုများအား ဆက်လက်လုပ်ဆောင်နေမည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

ပေါ်ပြူလာယဉ်ကျေးမှု ပြင်ဆင်ရန်

ဖား ကလေးများ ဖြစ်ရပ်ကို ရုပ်ရှင်ကား (၂) အဖြစ်အသက်သွင်းခဲ့သည်။[၉] ဖား ကလေးများပြန်လာပါ ((၁၉၉၂) နှင့် ကလေးများ (၂၀၁၁)။ ဤအမှုအားရည်ညွှန်းသီဆိုသည် တေးသီချင်းများစွာလည်း ရှိခဲ့သည်။ [၁၀]

အောက်ပါတို့ကိုလည်း ရှု ပြင်ဆင်ရန်

  • ဖြေရှင်းပြီး ပျောက်ဆုံးသူများ၏ အမှုစာရင်း
  • မဖြေရှင်းနိုင်သေးသော သေဆုံးမှုများ စာရင်း

ကိုးကား ပြင်ဆင်ရန်

  1. Hwang Sun-yoon (27 September 2002)။ Bodies of 5 'frog boys,' missing since 1991, found on mountain။ JoongAng Daily။ 15 July 2011 တွင် ပြန်စစ်ပြီး။
  2. 실종국교생 5명 3일째 행방묘연။ Yeonhap News (28 March 1991)။ 15 July 2011 တွင် ပြန်စစ်ပြီး။
  3. Fictional resolution mars movie about unsolved murder။ JoongAng Daily (11 February 2011)။ 15 July 2011 တွင် ပြန်စစ်ပြီး။
  4. After Discovery of Taegu Remains, Cause of Death Still Uncertain။ Korea Times (28 September 2011)။ 15 July 2011 တွင် ပြန်စစ်ပြီး။
  5. Sung-Kyu Kim (27 September 2002)။ Police Continue Excavation, Find Loaded Shell Near the Site။ Dong-A Ilbo။ 15 July 2011 တွင် ပြန်စစ်ပြီး။
  6. Hwang Sun-yoon (11 October 2002)။ 'Frog boys' baffle investigators။ JoongAng Daily။ 15 July 2011 တွင် ပြန်စစ်ပြီး။
  7. Hwang Sun-yoon (13 November 2002)။ 'Frog boys' probably murdered။ JoongAng Daily။ 15 July 2011 တွင် ပြန်စစ်ပြီး။
  8. Statute Runs Out for Unsolved 'Frog Boys' Murder။ Chosun Daily (24 March 2006)။ 10 September 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 July 2011 တွင် ပြန်စစ်ပြီး။
  9. 돌아오라 개구리 소년။ Naver.com။ 15 July 2011 တွင် ပြန်စစ်ပြီး။
  10. Missing persons ignored။ JoongAng Daily။ 15 July 2011 တွင် ပြန်စစ်ပြီး။