ဖိတ်ပါတော့ မိတ်ဆွေပေါင်း

ဖိတ်ပါတော့ မိတ်ဆွေပေါင်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

ဖိတ်ပါတော့ မိတ်ဆွေပေါင်း ပြင်ဆင်ရန်

နှစ်ဆယ်ကျော်ရွယ်တော်စွန်းငယ်က၊ ဉာဏ်ထထမ်းကာသိမ်ကိုဝင်ခဲ့၊ ထန်းလုလင်လိုစွမ်းအင်ဒြပ်ကယ်နဲ့၊ ကျမ်းတတ်တဲ့ပုဂ္ဂလာ။

ဇာတိ ဇရာ နှင့်၊ ဗျာဓိ နာမ်ခန္ဓာရော်တော့၊ ဆရာတော်ဝိညာဉ်ပြောင်းတော့မှ၊ အိမ်ပေါင်းစုံ တကာတကာမတွေတို့၊ ပြာကျအောင်မသင်္ဂြိုဟ်သေးခင်က၊ ငိုကြွေးကာ စိတ်ပင်ပန်းရှာကြသတဲ့၊ စခန်းမှန်ဆွမ်းခံကြွနေကြ၊ လွမ်းမျှော်တရှာ။

ဒီခွင်၊ ဒီဘုရင်ပလျှင်ဖြင့်၊ သင်္ဃရာဇာနှင့်၊ ထွင်ပြကာဘုရားသာသနာအလုပ်ပေမို့၊ အရှုပ်ကိုဘယ်သူရှင်းနိုင်ပါ့၊ မူရင်းမှန်ဒေသနာမှာတော့၊ ကေသရာတေဇာနဲ့ ဟောက်သလို၊ စိုးရွံ့ကြောက်မားသံဃာ၊ ထံတော်မှာညွတ်ပျောင်း။

လူမယှဉ်မူတင် မြတ်ကယ့်ကို၊ ရှင်ကဿဖာအရဟတ္တဖိုလ်သို့ အောင်းပြန်တော့၊ အဟောင်းကျန်ခန္ဓာကိုငဲ့၊ ရာဇာဂြိုဟ်ရွှေပြည်သားရယ်သို့၊ စည်ကားအောင်သင်္ဂြိုဟ်အုံးပေတော့၊ တို့ရုံးနယ်ဇယ်ရွှေမြို့ရယ်က၊ တပို့ဆိုဟိုလတတွဲယင်၊ ညီးထိန်ထိန်မီးရှိန်စွဲတဲ့အောင်၊ လက်စွဲကိုင်မောင်းထောင်သားကို၊ နှစ်သောင်းကွာ အကြောင်းကသာ၊ ကြားကြပါရော့ဗျာ၊ အားလုံးမိတ်ပေါင်း။

ခက်ဆစ် ပြင်ဆင်ရန်

၁။ ဉာဏ်ထမ်းကာ = ဉာတ်ကမ္မဝါကိုထမ်း၍။

၂။ ဇာတိ = ဘဝဖြစ်ခြင်း။

၃။ ဇရာ = အိုမင်းခြင်း။

၄။ ဗျာဓိ = နာမကျန်းဖြစ်ခြင်း။

၅။ ခန္ဓာရော် = ကိုယ်ခန္ဓာရင့်ရော်သောအခါ။

၆။ ကေသရာ = ခြင်္သေ့။

၇။ ဓူတင် = ဓူတင်ဆောက်တည်ခြင်းအကျင့်။

၈။ နှစ်သောင်းကွာ = ခရီးနှစ်သောင်းကွာ။ (ခရီးတစ်သောင်းလျှင် ၁၀ တိုင် ရှိသည်။)

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။