ဖိုမထိုးဘဲ ငွေမိုးသဲ
ဖိုမထိုးဘဲ ငွေမိုးသဲ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။
အကြောင်းအရာ
ပြင်ဆင်ရန်ကုမ္ပဏီလီမိတက်တစ်ခုသည် မုံရွာခရိုင်၊ သလ္လာဝတီမြစ် အနောက်ဘက် ကျောက်မျက်ရွာမှ မောက်သရက်ရွာအထိ သတ္ထုတွင်း တူးဖော်ရာတွင် ခဲ၊ ကြေး စသည့်သတ္တုများ ရရှိသည်ကို ဖွဲ့ဆိုထားသည့် သံချိုကဗျာ ဖြစ်သည်။
ဖိုမထိုးဘဲ ငွေမိုးသဲ
ပြင်ဆင်ရန်ကန်းနီတောင်၊ ဗန်းချီတိုက်တွင်မှ၊ ချော်မိုက်စုံလုံဖို ပထဗျာနှင့်၊ ထိုဖေဇာ နေရာဟောင်းပေထင့်၊ လက်ပတောင်းတောင် မြောက်စောင်သို့ တက်ခဲ့ရင် ကျောက်မျက်တွေဗွေပလ္လင်နှင့်၊ ရွှေမြင်တင်တောင်ညိုစွန်းက၊ ဖိုးဝန်းမြေဂဟေစပ်ထိ၊ ထူးမြတ်လှ တောင်ထက်တောင်။
ကုန်းတတွေ ရေသယံဇာနှင့်၊ အာနန္ဒာလောဟာသည့်လို့၊ ကြာစည့်သရံသံပရွက်နှင့်၊ ဒန်တွက်သည် ထိုတောင်ထွက်တွေက၊ သွတ်ကျွတ်ဖြူ မှန်အရောင်နှင့်၊ လျှံပြောင်ပြောင် ဖလ်ဆောင်ကျမ်းငဲ့ပြင်၊ ဗဟန်းရယ်ဖြူ အဝါပ၊ မြင်းသီလာ ဒုဌာနာဂဘွဲ့တွေက၊ စိမ်းပြာလဲ့မှောင်။
အဂ္ဂိရပ်ကယ်လို့၊ သိမှတ်ခါ စာပေနှင့်၊ ဗမာတွေတာ ရှည်လျားလှပေါ့၊ ပြဒါးကိုဖိုနှင့် ထိုးကြ၊ ကိုယ်ကျိုးမှာ တွက်ကာကြည့်တော့၊ မျက်စိမှုန်မွဲရုံ ရှိရစ်ကဲ့၊ လိမိ အမည်တက်တဲ့၊ ဘိလပ်ပျော် ကုမ္ပဏီက၊ တပုံစီသုန္ဓရီကိုမွှေလို့၊ ကျောက်အထွေထွေမောက်မြေသရက်ထိ၊ ငွေချက်ရန် ချဉ်းကာကြည့်တော့၊ သင်းဖြစ်၏ သင်းဖြစ်ပေါင်၊ နှစ်နှစ်တောင်သည်ပိုး။
ဓာတ်အစုတွေတို့၊ သတ္တုစုံလုံ ဖိုတယ်ဘို့၊ ကိုယ်စားလှယ် ထိုနယ်ရပ်သို့၊ နဲနာစုံ စွဲကာမှတ်မိလို့၊ လွှဲအပ်သူ ဆရာဧက၊ နာကြေးစင်ဘော်ပင် တွေ့ပြီမို့၊ တော်ရှေ့နေ ဦးစံလင်းနှင့်၊ အသင်းမှာ အတူဝင်တဲ့၊ စာရင်းတင် မောင်မောင်ဘတို့၊ ညောင်မြသွင်အရိပ်လွှမ်းတဲ့၊ ဆိပ်ကမ်းယံ ဧရာတယ်လို့၊ သေလာဆွယ် ရေပြာနိမိတ်တွင်မှ၊ ဇာဝိတ်လို ဖိုတည်ဆဲမို့၊ စပ်မဲတွေဟူသရွေ့တို့၊ လူစေ့အောင် စာမကုံးနိုင်ဘု၊ အရှည်နောင်တည်ထောင်အုံးပေကြ၊ သည်တောင်တွေ ပြည်ထောင်သုံးရပေလိမ့်၊ ဖုံးတော့ငွေမိုး။
ခက်ဆစ်
ပြင်ဆင်ရန်၁။ ကန်းနီတောင် = ကန္နီမြို့၏ တောင်ဘက်။
၂။ ဗန်းချီတိုက် = ဗန်းချီတိုက်နယ်။
၃။ အဂ္ဂိရတ် = မီးဖြင့် စီမံရသည့် လုပ်ရပ်ပညာ။
၄။ လိမိ = လီမိတက် (လိပ်) အစုစပ်ကုမ္ပဏီ။
၅။ သုန္ဓရီ = ဝသုန္ဓရ (ပါ) မြေရေအထု။
၆။ နဲနာ = နည်းနာ။
၇။ ဇာဝိတ် = ဝိဇ္ဇာ။
မှတ်ချက်
ပြင်ဆင်ရန်ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။