ဖိုရီယာ ထရန်စဖောင်း
ဖိုရီယာ ထရန်စဖောင်း (Fourier transform) ဆိုသည်မှာ ဆစ်ဂနယ်များကို အချိန်ကာလ အလိုက် ပြောင်းလဲမှု အဖြစ် ဖော်ပြထားခြင်းမှ ကြိမ်နှုန်း (Frequency) ပြောင်းလဲမှု အဖြစ် ပြောင်းလဲဖော်ပြခြင်း ဖြစ်သည်။ သင်္ချာ အခေါ်အဝေါ်ဖြင့် ပြောရမည် ဆိုလျှင် ဆစ်ဂနယ်၏ ဖော်ပြချက်ကို အချိန် ဒိုမိန်း (Time Domain) မှ ကြိမ်နှုန်း ဒိုမိန်း (Frequency Domain) သို့ ပြောင်းလဲ ဖော်ပြခြင်း ဖြစ်သည်။ ထိုသို့ ပြုလုပ်ရခြင်း၏ အဓိက အကြောင်းအရင်းမှာ ဆစ်ဂနယ်နှင့် ပတ်သက်သော ပြဿနာများကို ကိုင်တွယ် ဖြေရှင်းရာတွင် တခါတရံ ကြိမ်နှုန်း ဒိုမိန်းတွင် ဖြေရှင်းပါက သင်္ချာနည်းအရ ပိုမို လွယ်ကူစေသော ကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့် အချိန်ဒိုမိန်း မှ ပြဿနာကို ကြိမ်နှုန်းဒိုမိန်း သို့ ဖိုရီယာ ထရန်စဖောင်းနည်းဖြင့် ပြောင်းလဲ၍ ဖြေရှင်းကြသည်။ ထိုမှ တဖန် ရလဒ်ကို အချိန် ဒိုမိန်းသို့ ပြောင်းပြန် ဖိုရီယာ ထရန်စဖောင်းနည်း (Inverse Fourier Transform) ဖြင့် ပြန်လည် ပြောင်းလဲ ရယူခြင်းဖြင့် အချိန်ဒိုမိန်း တွင် မိမိတို့ လိုအပ်သော အဖြေကို ရရှိနိုင်သည်။ သင်္ချာနည်းဆန်ဆန်ပြောရလျင် ဖိုရီယာ ထရန်စဖောင်းဆိုသည်မှာ differential ညီမျှခြင်းများမှ algebra ညီမျှခြင်းများသို့ ကူးပြောင်း ပေးခြင်း ဖြစ်စဉ်လည်း ဖြစ်ပါသည်။
![]() | ဤ သင်္ချာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |