လူရွှင်တော်၊ ဟာသ သရုပ်ဆောင် ဖိုးဖြူ ၊ အသက် (၆၃) နှစ်၊၂၀၂၂ခုနှစ် မတ်လ (၁၁) ရက်နေ့ ၊ ညနေ (၆:၄၅) အချိန်တွင် ရန်ကုန်၊ မြောက်ဥက္ကလာ OSC ဆေးရုံမှာ အဆုတ်ရောဂါဖြင့် (COVID မဟုတ်) ကွယ်လွန် ခဲ့ပါသည်။ ဦးဖိုးဖြူ သည် မြပုဏ္ဏမာ အငြိမ့် မှ ဝါရင့် လူရွှင်တော်ကြီး တစ်ဦး ဖြစ်သလို၊ သရဲလေးကောင် ပြဇာတ် နဲ့ နာမည်ကြီးခဲ့တဲ့ ဟာသသရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါသည်။