ဖိုးရှမ်းကမ်းခြေအပန်းဖြေဘုရားဖူးနေရာတစ်ခုအဖြစ်ထင်ရှားလာသည့်ဖိုးရှမ်းဘုရားစေတီဟာတနင်္သာရီတိုင်းပုလောမြို့နယ်ရှပ်ပုံကျေးရွာအုပ်စုသမုတ်တောင်ရွာပင်လယ်အနီး(မော်)ကုန်းကမူပေါ်တွင်တည်ရှိနေပါသည်။

ဖိုးရှမ်းဘုရား
ဖိုးရှမ်းဘုရား သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဖိုးရှမ်းဘုရား
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာရှပ်ပုံရွာ၊ ပုလောမြို့မြန်မာနိုင်ငံ
ကိုဩဒိနိတ်13°01′05″N 98°34′52″E / 13.0180491°N 98.5811296°E / 13.0180491; 98.5811296ကိုဩဒိနိတ်: 13°01′05″N 98°34′52″E / 13.0180491°N 98.5811296°E / 13.0180491; 98.5811296
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
Sectထေရဝါဒ ဗုဒ္ဓဘာသာ
အုပ်ချုပ်မှုဖိုးရှမ်းဘုရားဂေါပကအဖွဲ့
အသေးစိတ်
ပင်လယ်ရေ အမြင့်၆ ft (၂ m)

ဒေသသမိုင်းအကျဉ်း ပြင်ဆင်ရန်

တစ်ဝဂူခြေရင်းခံရှစ်မြှောင့်ပလ္လင်ငါးဆင့်စေတီ တော်ပုံစံရှိသည်။ စေတီခြေရင်းတစ်ဝဂူ၌"၁၃၄၀(1978)ပြည့်နစ်ဘုရားဒကာကြီးဦးသာအူး (ဒေါ်ဂျာအေး)မိသားစုကောင်းမှုစာတန်းနှင့် ကုသိုလ်ရှင် တွေရဲ့အမည်ကိုရေးသားထားသည်။ "ဦးစုကမ်း ဒေါ်ချစ်ဝင်း အလှူငွေ(၅၀၀) ဦးဖထူး တများရပ် ရှပ်ပုံ အလှူငွေ (၇၅) မောင်အေးလွင် လူပျိုဖော့ အလှူငွေ (၁၅၀.)ကျပ် ပန်းရန်အောင်ချီ လုပ်အား ၅ရက် နင့်၂၀၀ ပန်းရန်အလုပ်သင်လှိုင်းကြီး လုပ်အား ၅ရက် ဦးပိုလို ဒေါ်ဆန်းကြည် (၁၀၀၀)"ဟူ၍ရေးသားထားသည်။

ယင်းမှတ်တမ်းသည် ဖိုးရှမ်းဘုရား၏ ကနဦးအစတည်မှတ်တမ်းလေ ာပြုပြင်မှတ်တမ်းလောမသိရှိသေးပါ။ ယင်းအလှူရှင်များ၏ အဆက် အနွယ်များကိုကားခြေရာမခံနိုင်သေးပါ။ စာအထောက်အထားအရ ၁၉၇၈ခုနစ်ကောင်းမှုဖြစ်ပြီးလုပ်အား၅ရက်ဖြင့်တည်ဟန်ရှိသည်။ အလှူငွေစုစုပေါင်း၁၉၂၅ကျပ်ကိုမှတ်တမ်းတင်ထားသည်။ တများရပ်ကို ရှပ်ပုံရွာ ၏ ရပ်ကွက်တစ်ခုဖြစ်တွေ့မြင်ရသည်။ ဖိုးရှမ်းဘုရား၏သမိုင်းကြောင်းမှာ သူ့အရပ်သူ့ဇာတ်အဖြစ်သာရှိနေပါသည်။

ထို့ကြောင့်ထားဝယ်ပုလောမြိတ်သမိုင်းကြောင်းမှ အနီးစပ်ဆုံးကိုတွက်ဆကြည့်ချင်ပါသည်။ အနီးအစပ်အဆုံးအနေနဲ့ကုန်းဘောင်ခေတ်အလောင်းမင်းတရားဦးအောင်ဇေယျ( ၁၇၅၂ ၁၇၆၀ )စစ်ချီရာလမ်းကြောင်း အဖြစ်အပျက် မှတ်တမ်းနင့် အမိန့်တော်ပြန်တမ်းများမှလေ့လာကောက်နှုတ်ကြည့်ရရင် ပုလောမြိတ်အကြားတွင်သမုတ်တောင်ရွာနင့်သမုတ်ရွာ ပြည်ခြားရွာ ထမင်းမစားရွာစစ်ပြင်ကြီး၊ ငယ်ဘုရင့်တောင်ရွာ အောင်ဇေယျရွာ နန်းတောင်ရွာ ကျင့်ကာရွာ မင်းပြင် မင်းထိန် အလောင်းဘုရားရှပ်ပုံရွာ စသဖြင့်နာမည်တွေဟာအလောင်းမင်းတရာစစ်ချီစစ်ကြောင်းပြီးမှအမည်ထင်ရှားလာပုံဖြစ်နေပါတယ်။ အလောင်းဘုရားမတိုင်ခင်ရွာမရှိဘူးလားဆိုတော့လူနေမှုရှိမရှိရွာအမည်တွင် မတံငွ်စစ်တမ်းကလှစ်ဟနေဆဲပင်ဖြစ်သည်။ ယင်းမတိုင်ခင်ကျွေးရွာ အမည်အထင်အရှားမှတ်တမ်းရှိနေတာကား ဆင်ထိုးရွာပင်ဖြစ်သည်။ အလောင်းမင်းတရားအမိန့်တော်ပြန်တမ်းအရ"သက္ကရာဇ်၁၁၂၁ခု(1759)တွင်တနင်းသာရီကျေးဆင်ထိုးရွာနေ ငသပြောင် ငပြန်ရက်နင့်မိမ္မကိုဖမ်းဆီး"ခဲ့ကြောင်းပါရှိခဲ့သည်။ ယင်းမှတ်တမ်းအရ ဆင်ထိုးရွာသည် တနင်္သာရီမြို့၏ ပိုင်နက်အတွင်းကျေးရွာအဖြစ်မှတ်တမ်းတင်နိုင်သည်။ ယခုအခါတံငွ်မြိတ်ခရိုင်ပုလောမြို့နယ်၊ ပလောက်မြို့နယ်ဆင် ထိုးကြီးရွာအဖြစ်တည်ရှိနေပါပြီ။(စကားချပ် ဆင်ထိုးရွာ၏သက်တမ်း မှာနစ်ပေါင်း၂၅၀ကျော်သောသမိုင်းဝင်ကုန်းဘောင်ခေတ်ကျေးရွာတစ်ခုအဖြစ်မှတ်တမ်းတင်နိုင်သည်။)ယင်းအချိန်အခါပုလောမြိတ်တနသာ်ရီမြို့တော်တို့မှာယိုးဒယား (ရှမ်း )ပိုင်နက်အဖြစ်တည်ရှိနေဆဲဖြစ်သည်။၁၇၆၀၁တွင် ရွှေဘိုနေပြည်တော်လက်အောက်ခံမြန်မာပိုင်နက်ဖြစ်ခဲ့သည်။ မြိတ်ရာဇဝင်တော်ကြီးတွင်မြန်မာတပ်က ဆင်ထိုးရွာအထိရောက်လာသည်တွင်ပုလောမြို့ဝန် (ရှမ်း)မြိတ်မြို့ ဝန်နင့်ပေါင်းကာတနင်္သာရီမြို့စားထံအတူပေါင်းဆုံခဲ့ကြသည်။ ယင်းအဖြစ်အပျကန်င့်အတူရှပ်ပုံရွာဖြစ်ဉ်မူကွဲနစ်ခုတွေ့ရှိရသည်။ မြို့ဝန်ထွက်ပြေးပြီးသည်နှင့်ကျန်ရှိသည့်ရှမ်းများယခုရှပ်ပုံနေရာတွင်ပုန်းအောင်းနေသည်အတွက်ရှမ်းပုန်းမှရှပ်ပုံဟူ၍လည်းကောင်းရှမ်းအလောင်းများဒီရေနှင့်အတူမျောဝင်လာရောက်စုပုံခြင်းကို အစွဲပြု၍ရှမ်းပုံမှရှပ်ပုံဖြစ်လာခြင်းကြောင့်ယူဆချက်မူကွဲများရှိခဲ့သည်။ ထိုဖြစ်စဉ်တွင်ရှမ်းတို့နှင့်အတူမြန်မာယောကျားလေးတစ်ယောက်ပါရှိသွားပြီးအသက်အရွယ်ကြီးလို့အမှန်သိချိန်တွင်သမုတ်တောင်ကမ်းခြေတွင်ပြန်လည်အခြေချနေထိူင်ကာမိဘဘိုးဘွားများအားရည်စူးကာစေတီတစ်ဆူတည်ထားခဲ့ကြောင်းယင်းအမည်တွင်ကာဖိုးရှမ်းဘုရားအဖြစ်ယခုအခါခရစ်နစ်၂၀၁၀တွင်လူသိများလာပြီးယင်းစေတီကိုမွမ်းမံ ပြင်ဆင်ခဲ့သည်။၂၀၁၁တွင်ရွှေထီးတော်တင်လှူဒါန်းခဲ့သည်။

အနေအထား ပြင်ဆင်ရန်

ဖိုးရှမ်းဘုရားတည်ရှိသောနေရာသည်ပင်လယ်အဝနားဖြစ်ခြင်းညှင်းဖိုညှင်းမမလိကျွန်း(ထားဝယ်ကျွန်း)စသည်မှရှပ်ပုံပလောကုန်းတွင်းပိုင်းဝင်ရာမော်ကုန်းကမူဖြစ်ခြင်းစသည့်ပထဝီအနေအထားအရ ထုံးဖြူဖြူရွေရောင်ဝါဝါ ဝင်း(Signal pagoda )စေတီတစ်ဆူအဖြစ်ရေလမ်းသွားသူများအတွက်အန္တရာယ်ကင်းဘေးကင်းလုံခြုံဖို့အတွက်စုပေါင်းတည်ထားဟန်ရှိသည်။