ရဲဘော်ဖိုးသံချောင်း (၁၉၄၅ မွေးဖွား) သည် မြန်မာ တော်လှန်ရေးသမား၊ စာရေးဆရာ၊ ဂျာနယ်လစ်တစ်ဦး ဖြစ်ပြီး လက်ရှိတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။[၁] လူထုဦးလှနှင့် လူထုဒေါ်အမာတို့၏ သားဖြစ်ပြီး စာရေးဆရာ ညီပုလေး၏ အစ်ကို ဖြစ်သည်။[၂]

ရဲဘော်

ဖိုးသံချောင်း
ရဲဘော်ဖိုးသံချောင်း (၂၀၁၈ ခုနှစ်)
ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၉၈၉
ယခင်လူရာထူးစတင်
ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၉၈၉
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် မန္တလေးတိုင်း အတွင်းရေးမှူး
တာဝန်သက်တမ်း
၁၉၆၀ – ၁၉၆၆
ကိုယ်ရေး အချက်အလက်များ
မွေးဖွားချစ်ခင်
(1945-07-23) ဇူလိုင် ၂၃၊ ၁၉၄၅ (အသက် ၇၈)
လူထုတိုက်၊ မန္တလေးမြို့
နိုင်ငံသားမြန်မာ
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (၁၉၆၀-၁၉၆၆)
သွေးသားတော်စပ်သူ
  • စိုးဝင်း (အစ်ကို)
  • သန်းယဥ်မာ (အစ်မ)
  • မတင်ဝင်း (နှမ)
  • ငြိမ်းချမ်း (ညီ
မိခင်လူထုဒေါ်အမာ
ဖခင်လူထုဦးလှ
ပညာရေးမန္တလေးတက္ကသိုလ်

အစောပိုင်းဘဝ ပြင်ဆင်ရန်

ဖိုးသံချောင်းကို ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် မန္တလေးမြို့၌ စာရေးဆရာနှင့် ထုတ်ဝေသူများဖြစ်သော လူထုဦးလှနှင့် လူထုဒေါ်အမာတို့က မွေးဖွားခဲ့ပြီး ငယ်မည် ဖိုးသံချောင်း ကျောင်းနာမည် အိုင်ဗင်လှ(Ivan Hla)​ခေါ် ချစ်ခင် ဖြစ်သည်။ ။ မန္တလေးမြို့ရှိ စိန့်ဂျိုးဇက်ကွန်ဗင့်ကျောင်း နှင့် စိန့်ပီတာအထက်တန်းကျောင်းများတွင် ပညာသင်ကြားခဲ့သည်။[၃]

နိုင်ငံရေး ပြင်ဆင်ရန်

ငယ်စဉ်ကပင် နိုင်ငံရေးတွင် စိတ်ပါဝင်စားခဲ့သူဖြစ်သည်။ ၁၉၆၀ တွင် မန္တလေးတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီးနောက် ကျောင်းသားအရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် မန္တလေးတိုင်း၏ အတွင်းရေးမှူးနှင့် မန္တလေးတက္ကသိုလ်ကျောင်းသားများတပ်ဦး၏ တွဲဖက်အတွင်းရေးမှူးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။[၄][၃]

စစ်အစိုးရကို ဆန့်ကျင်မှုများကြောင့် ၁၉၆၆ ခုနှစ် ဇူလိုင်လ ၄ ၇က်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခ့ရသည်။ ၁၉၆၉ ခုနှစ်တွင် ကိုကိုးကျွန်းသို့ ထောင်ဒဏ်တစ်သက်ဖြင့် ပို့ဆောင်ခံရသည်။ ကိုကိုးကျွန်းသို့ ရောက်ရှိပြီးချိန်တွင် အမည်အား "ချစ်ခင်" မှ "ဖိုးသံချောင်း" သို့ ပြောင်းလဲခဲ့ကာ ဗန်းမော်တင်အောင်မြသန်းတင့် အစရှိသော ထင်ရှားသည့် စာရေးဆရာများနှင့်လည်း ရင်းနှီးခဲ့သည်။ ဖိုးသံချောင်းအား ကိုကိုးကျွန်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ အခွင့်အရေးအတွက် လှုပ်ရှားမှုများတွင် ပါဝင်ရန် ဗမာပြည်ကွန်မြူနစ်ပါတီက လျှို့ဝှက်စွာ ကမ်းလှမ်းခဲ့သည်။[၅][၆]

၁၉၇၂ ခုနှစ်တွင် အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ လွတ်မြောက်လာခဲ့သော်လည်း ထောက်လှမ်းရေး၏ အနီးကပ်စောင့်ကြည့်ခြင်းကို ခံခဲ့ရသည်။ ၁၉၆၇ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် စစ်တပ်၏ ဖမ်းဆီးခံရမှုမှ လွတ်မြောက်လာခဲ့ကာ ဗကပ၏ ရှေ့တန်းသို့ ရောက်ရှိသွားခဲ့သည်။[၆]

၁၉၈၉ ခုနှစ် ဗကပ ရှေ့တန်းအရေးအခင်းအပြီးတွင် ဗကပ၏ ဗဟိုကော်မတီအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရကာ ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့သည်။ ကျန်ရှိသော ရဲဘော်များနှင့်အတူ ကူမင်းမြို့သို့ ပြောင်းရွှေ့ခဲ့သည်။[၇][၆]

၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက်တွင် ဖိုးသံချောင်းနှင့် အခြား ဗကပ အဖွဲ့ဝင်များသည် တရုတ်-မြန်မာနယ်စပ်သို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဗကပ၏ လက်နက်ကိုင်အဖွဲ့ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အဖြစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်ကောင်စီအား တိုက်ထုတ်ရန် ၁၀၂၇ စစ်ဆင်ရေးကို ကြေညာခဲ့ပြီးနောက် စစ်ဆင်ရေးတွင် မဟာမိတ်အဖြစ် ပူးပေါင်းပါဝင်ခဲ့ပြီး သိန္နီမြို့နှင့် ကွတ်ခိုင်မြို့များ သိမ်းယူရာတွင် ပါဝင်ခဲ့သည်။[၈]

စာပေလက်ရာများ ပြင်ဆင်ရန်

  • သေနတ်ကို အမိန့်ပေးနိုင်ရင် အစိုးရဖြစ်တဲ့ခေတ်
  • အရင်းရှင်စနစ်၏ အမြင့်ဆုံးစနစ်ဖြစ်သော နယ်ချဲ့စနစ်
  • ၁၀၈ စစ်ဒေသသို့
  • ကျောင်းသား ထောင် တော်လှန်ရေးသမား
  • စစ်တပ်နှင့် နိုင်ငံရေး

ကိုးကား ပြင်ဆင်ရန်

  1. "စစ်ဏာသိမ်းမှုအပေါ် ရဲဘော် ဖိုးသံချောင်းရဲ့ သုံးသပ်ချက်"၊ BBC Burmese၊ 15 February 2021။ 
  2. "ဖိုးသံ (လူထု) -ကျွန်တော့်ဖခင် လူထုဦးလှ" (in en)၊ Moemaka Media၊ 20 January 2015။ 
  3. ၃.၀ ၃.၁ Po Than Gyaung။ ၁၀၈ စစ်ဒေသသို့ [To the 108th Frontier] (PDF)။ Yeemyo Literature။
  4. "မြန်မာ့ပြည်တွင်းရေး တရုတ်ဝင်စွက်ဖက်မှာမဟုတ်ဘူးလို့ CPB တာဝန်ရှိသူပြောကြား" (in my)၊ Radio Free Asia 
  5. ""သဘာဝကျကျ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် တော်လှန်မှု ဖြစ်ပါတယ်" (အင်တာဗျူး)"၊ Myanmar Now၊ 11 November 2023။ 
  6. ၆.၀ ၆.၁ ၆.၂ Po Than Gyaung (2004)။ ကျောင်းသား ထောင် တော်လှန်ရေးသမား [Student, Prison, Revolutionary] (PDF)။ Studt Desk Publications။
  7. "ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းနှင့် တွေ့ဆုံမေးမြန်းခြင်း"၊ Myanmar Now၊ 18 November 2023။ 
  8. "မတရားအသင်းဥပဒေ ဖျက်သိမ်းရန် တောင်းဆို" (in my)၊ DVB၊ 27 January 2012။