ဖုခုရိုဒရေတံခွန်(袋田の滝, Fukuroda-no-taki) သည် ဂျပန်နိုင်ငံ၊ အိဘရခိစီရင်စု၊ ဒိုင်းဂိုမြို့တွင် တည်ရှိသည့် ရေတံခွန်တစ်ခု ဖြစ်သည်။ ဤနေရာကို နိုင်ငံတော်၏ သဘာဝအလှအပနေရာအဖြစ် သတ်မှတ်ခဲ့သည်။ ထို့အပြင် ၁၉၉၀ ခုနှစ် ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် “ဂျပန်နိုင်ငံရှိ အကောင်းဆုံး ရေတံခွန် ၁၀၀” တွင် ပါဝင်သည်။ ဤရေတံခွန်ကို ခဲဂွန်ရေတံခွန်နှင့် နချိရေတံခွန်များပြီးနောက် ဂျပန်နိုင်ငံ၏ တတိယမြောက် အလှအပဆုံးရေတံခွန်အဖြစ် သတ်မှတ်ထားသည်။

ဖုခုရိုဒရေတံခွန်
Fukuroda Falls
ဖုခုရိုဒရေတံခွန် သည် Ibaraki Prefecture တွင် တည်ရှိသည်
ဖုခုရိုဒရေတံခွန်
ဖုခုရိုဒရေတံခွန် သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ဖုခုရိုဒရေတံခွန်
တည်နေရာDaigo, Ibaraki, Japan
ကိုဩဒိနိတ်36°45′52″N 140°24′27.5″E / 36.76444°N 140.407639°E / 36.76444; 140.407639
အမျိုးအစားMulti-Step
စုစုပေါင်း အမြင့်120 m
ရေဆင်းလမ်းများ4
ပျမ်းမျှ အလျား73 m
ရေလမ်းTaki River

အကြောင်းအရာ ပြင်ဆင်ရန်

ရေတံခွန်သည် အိုခုခုဂျိစီရင်စုသဘာဝဥယျာဉ်နယ်မြေအတွင်းတွင်တည်ရှိသည်။ ရေတံခွန်သည် တခိမြစ် (滝川, Taki-gawa) ပေါ်တွင် တည်ရှိနေပြီး ရေတံခွန်၏ အထက်နားတွင် ရေတံခွန်ဖြစ်ပေါ်လာစေသည့် ရင်းမြစ်ဖြစ်သည့် စမ်းသည် တည်ရှိသည်။ တခိဂဝမြစ်သည် အဆုံး၌ ခန်တိုးဒေသမြောက်ပိုင်းတွင် အရေးပါသည့် မြစ်များထဲမှ တစ်ခုဖြစ်သည့် ခုဂျိမြစ်နှင့် ဆက်သွယ်လျက်ရှိသည်။ ရေတံခွန်သည် အကျယ် ၇၃ မီတာ (၂၄၀ ပေ) နှင့် ရေတံခွန်အဆင့်လေးဆင့်၏ အမြင့်ဆုံးနေရာမှာ ၁၂၀ မီတာ (၃၉၀ ပေ) ရှိကြသည်။ ပထဝီဝင်သဘောတရားအရ ရေတံခွန်သည် လွန်ခဲ့သည့် နှစ်သန်း ၁၅ နှစ်အချိန်က မီးတောင်၏ တွန်းကန်မှုမှ ဖြစ်ပေါ်လာသည့် တောင်ကမ်းပါးတစ်ခုတွင် တည်ရှိသည်။ ဆောင်းရာသီတွင် ရေတံခွန်သည် အေးခဲလျက်ရှိသည်။

ရေတံခွန်သို့ သွားလာရာတွင် အနီးဆုံးသော ရထားဘူတာမှာ ဖုခုရိုဒဘူတာဖြစ်ပြီး ထိုရထားဘူတာသည် JR East Suigun Line တွင် ဖြစ်သည်။ ဘူတာမ ၃ ကီလိုမီတာအကွာတွင် ရေတံခွန် တည်ရှိသည်။ ကားဖြင့် သွားပါက အိုးမိယသို့သွားသည့် Japan National Route 118 လမ်းရှိ ဂျောဘန်းလမ်းမကြီးပေါ်ရှိ နခတွင် ဆင်းကာ သွားရောက်နိုင်သည်။

ရုပ်ပုံများ ပြင်ဆင်ရန်

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်