ဖုရှိမိရဲတိုက် (伏見城, ဖုရှိမိဂျော) သည် ဂျပန်နိုင်ငံကျိုတိုမြို့ဖုရှိမိရပ်ကွက်တွင် တည်ရှိသည့် ရဲတိုက်တစ်ခု ဖြစ်သည်။ ဤရဲတိုက်ကို ဖုရှိမိ - မိုမိုယာမရဲတိုက် (桃山城, Momoyama-jō) ဟုလည်း ခေါ်ဆိုကြသည်။

ဖုရှိမိရဲတိုက်
伏見城
Fushimi-ku, Kyoto, Japan
ဖုရှိမိရဲတိုက် 伏見城 သည် Kyoto Prefecture တွင် တည်ရှိသည်
ဖုရှိမိရဲတိုက် 伏見城
ဖုရှိမိရဲတိုက်
伏見城
ဖုရှိမိရဲတိုက် 伏見城 သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ဖုရှိမိရဲတိုက် 伏見城
ဖုရှိမိရဲတိုက်
伏見城
အမျိုးအစားAzuchi-Momoyama castle
နေရာအချက်အလက်
ထိန်းချုပ်သူToyotomi Hideyoshi (1592–1598)
Torii Mototada (1598–1600)
Tokugawa shogunate (1600–1623)
Japan (1964–present)
အခြေအနေReconstructed; buildings closed to the public since 2003
သမိုင်းကြောင်း
တည်ဆောက်1592–1594, rebuilt late 1590s, again in 1964
တည်ဆောက်သူToyotomi Hideyoshi (original)
အသုံးပြုခြင်း1592–1623
အသုံးပြုပစ္စည်းstone, wood, plaster, gold
ဖြိုဖျက်ခြင်း1596 by an earthquake; dismantled 1623

ဖုရှိမိရဲတိုက်ကို ဆန်းဂိုခုခေတ်အဆုံးပိုင်းတွင် တိုယောတိုမိဟိဒဲယောရှိက ၎င်း၏ အနားယူချိန်တွင်အသုံးပြုမည့် စံအိမ်အဖြစ် တည်ဆောက်ခဲ့သည်။ ဖုရှိမိ၇ဲတိုက်သည် ၁၅၉၆ ခုနှစ် ခဲအိချော - ဖုရှိမိငလျင်ကြောင့် ပျက်စီးခဲ့ရသည်။ ထို့နောက် ၁၆၂၃ ခုနှစ်တွင် ပြန်လည်၍ တည်ဆောက်ကာ ပြုပြင်မွမ်းမံခဲ့သည်။ နောက်ပိုင်းတွင် ရဲတိုက်ရှိရာနေရာကို မဲအိဂျင်ဘုရင်၏ အုတ်ဂူနေရာအဖြစ် အသုံးပြုခဲ့သည်။ လက်ရှိအချိန်တွင် တည်ဆောက်ထားသည့် ဖုရှိမိရဲတိုက်သည် မူလနေရာတွင် မူလပုံစံနှင့် တူညီအောင် ၁၉၆၄ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။[]

ဖုရှိမိရဲတိုက်၏ အခြားခေါ်ဝေါ်သည့်အမည်သည် ဂျပန်နိုင်ငံ၏ သမိုင်းကြောင်းကာလတစ်ခုဖြစ်သည့် အဇုချိ - မိုမိုယာမကာလကို အစွဲပြုခေါ်ဆိုထားခြင်း ဖြစ်သည်။

သမိုင်းကြောင်း

ပြင်ဆင်ရန်
 
Golden Tea Room in Fushimi Castle
 
Karamon gate was moved to Nishi Hongan-ji
 
Fushimi-Momoyama Castle in autumn

မူလဖုရှိမိရဲတိုက်တည်ဆောက်မှုများကို တိုယောတိုမိဟိဒဲယောရှိ အနားယူပြီး နောက်နှစ်ဖြစ်သည့် ၁၅၉၂ ခုနှစ်တွင် စတင်ခဲ့သည်။ တည်ဆောက်မှုသည် ၁၅၉၄ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ပြည်နယ်ပေါင်း (၂) မှ တည်ဆောက်ရေးလုပ်သားများ အထောက်အပံ့ပေးခဲ့သည့် စုစုပေါင်း လူဦးရေ နှစ်သောင်းနှင့် သုံးသောင်းအကြား ရှိသည်။

အပြင်ပိုင်းအသွင်အပြင်သည် ရဲတိုက်တစ်ခု၏ အသွင်အပြင်ဖြစ်နေသော်လည်း ဤအဆောက်အဦကို တည်ဆောက်ခဲ့သည့် ရည်ရွယ်ချက်မှာ ဟိဒဲယောရှိ၏ အနားယူရာနန်းတော်တစ်ခုအဖြစ် ရည်ရွယ်ခဲ့သည်။ ဤရဲတိုကသည် ရွှေဝါရောင်လက်ဖက်ရည်အခန်းသည် အထူးထင်ရှားပြီး နံရံများနှင့် တန်ဆာပလာများသည် ရွှေပြားများဖြင့် ဖုံးအုပ်ထားသည်။ ထို့အပြင် ရဲတိုက်သည် ကိုရီးယားနိုင်ငံတွင် ၁၇ နှစ်ကြာဖြစ်ပွားနေသည့် စစ်ပွဲအဆုံးသတ်ရန်အတွက် တရုတ်နိုင်ငံသံအမတ်များနှင့် ဆွေးနွေးရာနေရာလည်း ဖြစ်ခဲ့သည်။ သို့သော်လည်း တည်ဆောက်ပြီးစီး၍ (၂) နှစ်အကြာတွင် ငလျင်ကြောင့် ရဲတိုက်တစ်ခုလုံး ပျက်စီးခဲ့ရသည်။

ပြင်ပလင့်များ

ပြင်ဆင်ရန်

ကိုဩဒိနိတ်: 34°56′15″N 135°46′52″E / 34.937534°N 135.781194°E / 34.937534; 135.781194

  1. Fushimi Castle။ 2007-02-19 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-08-17 တွင် ပြန်စစ်ပြီး။