ဖောင်စီးရင်း ရေငတ်သည် မြန်မာ စကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

ရေလယ်ကောင်တွင် ဖောင်စီးနေရင်း ရေငတ်နေသည် ဆိုသကဲ့သို့ လိုလားတောင့်တသည့်အရာသည် အနီးပတ်ဝန်းကျင်တွင် ပေါများစွာ ရှိနေပါလျက် ရယူခံစားနိုင်ခြင်းမရှိ ဖြစ်သည်။

  1. "ဖောင်စီးရင်း ရေငတ်ဆိုတဲ့ပမာ လုပ်ကိုင်ရင်းပင် နစ်မြုပ်၍လာကြပါကုန်၏။" [၁၂၇၈] လက်စွဲ။ ၁၄၃။
  2. "ဖောင်စီးရင်း ရေငတ်ဆိုသော စကားကဲ့သို့ ကြွယ်ဝသော လောကကြီးအတွင်း ကောင်းကောင်း မစားရ၊ ကောင်းကောင်း မဝတ်ရ။" [၁၃၀၁] ဓနရှင်။ ၆၄။

ကိုးကား ပြင်ဆင်ရန်