ဖောင်တော်ဦးဘုရား (လယ်ဝေး)

စေတီပုထိုးများ

တည်နေရာ ပြင်ဆင်ရန်

ဖောင်တော်ဦးဘုရားသည် နေပြည်တော်ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ်တွင် တည်ရှိသည်။ လယ်ဝေးမြို့၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ၊ပျဉ်းမနား-တောင်တွင်းကြီး မီးရထားလမ်းအနီး၊ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ အရှေ့ဘက်၊ဥယျာဉ်စုကျေးရွာအုပ်စု၊မြို့ကုန်းကျေးရွာတွင် ပါဝင်သည်။

 
ဖောင်တော်ဦးဘုရား

သမိုင်းကြောင်း ပြင်ဆင်ရန်

အလောင်းစည်သူမင်းသည် သက္ကရာဇ် (၄၇၅)ခုနှစ်မှ (၅၂၄)ခုနှစ်ထိ ပေါက္ကံပြည်ကြီးကို စိုးစံတော်မူစဉ် ဖောင်တော်ရတနာရွှေစင်္ကြာဖြင့် မြန်မာပြည်တွင်း တိုင်းခန်းလှည့်လည်တော်မူရာ ဖောင်တော်ရတနာ ရပ်တန့်နားနေရာဌာန၊ ဖောင်တော်ဦးတွင် စေတီတော်မြတ်အား တည်ထားခဲ့သဖြင့် ဖောင်တော်ဦးစေတီတော်ဟု အမည်တွင်ကြောင်း သမိုင်းကြောင်းအရ သိရသည်။ အတွင်းလိုဏ်ပါစေတီပုံသဏ္ဍန်ဖြစ်ပြီး ပစ္စယံအဆင့်(၃)ပါရှိသည်။ ဖောင်တော်ဦးဘုရားကုန်းအနီး၌ မိုးကောင်းဘုရားအမည်ရှိ ရှေးဟောင်းစေတီတစ်ဆူကို တွေ့ရှိရသည်။

မောင်နွဲ့ဆိုသည့် ပုဂ္ဂိုလ်တစ်ဦးက ငနွယ်ကုန်းရွာ(နောင်-ဝါးနွယ်ကုန်းရွာ၊ယခု-လယ်ဝေးမြို့)ကို သက္ကရာဇ် (၁၉၁) ခုနှစ်တွင် တောင်ကုန်းတစ်ခုပေါ်၌ စတင်တည်ထောင်ခဲ့ပြီး ၎င်းကနဦးမြို့စတင်တည်ရာနေရာသည် ယခုဖောင်တော်ဦးဘုရားတည်ရှိရာ မြို့ကုန်းနေရာပင် ဖြစ်သည်။ မြို့ဟောင်း၏ အကျယ်အဝန်းမှာ အရှေ့ အနောက် တာ (၁၀၀)၊ ပေပေါင်း ၁၀၅၀ ရှည်ပြီး တောင် မြောက်မှာ တာ(၈၀)၊ ပေပေါင်း ၈၄၀-ပေ ရှည်လျားသည်။ မြို့ရိုးတံတိုင်းမှာ (၁၅) ပေခန့် မြင့်ပြီး မြို့ရိုးအပြင် ပတ်လည်၌ ရေကျုံးတစ်ခု တူးဖော်ထားခဲ့သည်ဟု ရှေးဟောင်း ရာဇဝင် မှတ်တမ်းတို့တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ ယခုချိန်အထိ မြို့ကုန်းရွာအနီးတစ်ဝိုက်တွင် ရှေးဟောင်းမြို့ရိုးပုံသဏ္ဍန် ကုန်းမြေမြင့်များကို တွေ့နိုင်သည်။

သမိုင်းဆက်နွယ်မှုများ ပြင်ဆင်ရန်

ယခုချိန်အထိ ဖောင်တော်ဦးဘုရားတည်ရှိရာ အနီးတစ်ဝိုက်တွင် ရှေးဟောင်းစေတီပုထိုးများကို မြင်တွေ့နိုင်ပြီး ပလွေးချောင်းတစ်လျှောက် ရှေးဟောင်းလှေများ ၊ရှေးဟောင်းပစ္စည်းများကို မကြာခဏ တွေ့ရလေ့ရှိသည်။ ရှေးဟောင်းလောင်းလှေများ၊သစ်ထွင်းလှေများ မကြာခဏ တွေ့ရှိဆယ်ယူရရှိသော ပလွေးချောင်းသည် ဖောင်တော်ဦးဘုရားကုန်းမြင့်အနီး အနောက်မှ အရှေ့သို့ဖြတ်သန်းစီးဆင်းကာ ရုံးပင်ကျေးရွာအနီး၌ ပေါင်းလောင်းမြစ်အတွင်းသို့ စီးဝင်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်က ပလွေးချောင်းအတွင်းမှ ဆယ်ယူရရှိခဲ့ကာ ဖောင်တော်ဦးဘုရားကုန်းမြေ၌ထားရှိခဲ့သော ရှေးဟောင်းသစ်ထွင်းလှေမှာ ယခုအခါထိန်းသိမ်းမှုအားနည်း၍ ပျက်စီးယိုယွင်းနေပြီဖြစ်သည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အဆိုပါရှေးဟောင်းလှေနှင့် ပုံသဏ္ဍန်တူ လုံးပတ် ၈ ပေ၊၆၅ တက်လှော် ရှေးဟောင်းသစ်ထွင်းလှေကောက်တစ်စင်းကို လယ်ဝေးမြို့နယ်၊သစ်တောရွာအနီး ပလွေးချောင်းထဲမှဆယ်ယူရရှိခဲ့သည်။၂၀၁ရ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် လယ်ဝေးမြို့နယ်၊သရက်ကုန်းချောင်းခွကျေးရွာအနီး ပလွေးချောင်းထဲမှ ၅၈ ပေအရှည်၊အလေးချိန် ၁၀ တန်ခန့်ရှိ ရှေးဟောင်းလှေတစ်ခင်းအား ထပ်မံတွေ့ရှိခဲ့ပြီး ဆယ်ယူရရှိခဲ့သောရှေးဟောင်းလှေများအနက် အရွယ်အစားအကြီးဆုံးဖြစ်ကြောင်း သိရသည်။[၁]

အလှူရှင်များ ပြင်ဆင်ရန်

ဖောင်တော်ဦးဘုရားအား ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့သည့်အလှူရှင်ပုဂ္ဂိုလ်များအနက် ဆရာတော်ဦးဓမ္မနှင့် ခုနှစ်ရာခိုင်ဆရာတော်တို့မှာ ထင်ရှားသည်။ နှစ်စဉ် တပို့တွဲလပြည့်နေ့တွင် စတုဒီသာ ထမနဲထိုးပွဲများ ကျင်းပလေ့ရှိသည်။

ဓာတ်ပုံများ ပြင်ဆင်ရန်

 
ဖောင်တော်ဦးဘုရား
 
ဖောင်တော်ဦးဘုရား


ကိုးကား ပြင်ဆင်ရန်

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 14 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 November 2018 တွင် ပြန်စစ်ပြီး။
  2. https://www.mmtimes.com/national-news/nay-pyi-taw/3954-wooden-boat-salvaged-in-nay-pyi-taw.html
  3. ဖောင်တော်ချက်မ သမိုင်းကျောက်စာနေပြည်တော်လယ်ဝေး ဖောင်တော်ချက်မဘုရားပွဲတော် စည်ကားစွာကျင်းပ။ MRTV-4။ မင်းမင်းလတ်(မန်းတက္ကသိုလ်) (၂၂ မေ ၂၀၁၃)။ သမိုင်းဝင်လယ်ဝေး ဖောင်တော်ချက်မ စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပ။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း။ မြန်မာ့တိုင်းမ်သတင်းစာ