ဖောန်နဖန်ဖောန်ထင်ဖီဖတ်

ထိုင်းအဆိုတော်
"နေးနေး"ကို ဤနေရာသို့ ညွှန်းသည်။ အခြား အဓိပ္ပာယ်များအတွက် နေးနေး (သံတူကြောင်းကွဲ)ကို ကြည့်ပါ။

ဖောန်နဖန်ဖောန်ထင်ဖီဖတ် (ထိုင်း: พรนับพัน พรเพ็ญพิพัฒน์ (ဂျွန်လ၊ ၂၅ရက်၊ ၁၉၉၇ဖွား) သည် နေးနေး (ထိုင်း: เนเน่) ဟု လူသိများသော တရုတ်ပေါ့ပ်အဆိုတော် နှင့် သရုပ်ဆောင်တစ်ဦးဖြစ်သည်။ နေးနေးသည် ၂၀၂၀တွင် တန်စန်တီဗီကနေထုတ်လွင့်ခဲ့သော (chaung 2020) အဆိုအကပြိုင်ပွဲအား ပါဝင်ယှဥ်ပြီုင်ခဲ့ရာ ပြိုင်ပွဲအပြီးတွင် ရမှတ်အဆင့်(၅)အနေနဲ့ wajijiwa ဖျော်ဖြေရေးလုပ်ငန်း လက်အောက်ရှိ တရုတ်မိန်းကလေးပေါ့ပ်အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘွန်းဘွန်းဂဲး(လ်)၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ဖောန်နဖန်သည် wajijiwa ဖျော်ဖြေရေးလုပ်ငန်း လက်အောက် ဘွန်းဘွန်းဂဲး(လ်)အဖွဲ့ဝင်အဖြစ်နှစ်နှစ်တာကာလ လှုပ်ရှားခဲ့ရာမှ (၂၀၂၂)ခုနှစ်တွင် အဖွဲ့စာချုပ်တရားဝင်သက်တမ်းပြည့်သွားပါသဖြင့် ဆိုနီ တေးဂီတ ဖျော်ဖြေရေး ကုမ္ပဏီ လက်အောက်ကနေ တစ်ကိုယ်တော်အဆိုတော်အနေဖြင့် ဆက်လက်လှုပ်ရှားနေခဲ့သည်။[၁]

Nene
ဖောန်နဖန်ရဲ့ ၂၀၁၉ တုန်းက ဓာတ်ပုံ
ဇာတိ အမည်พรนับพัน พรเพ็ญพิพัฒน์
မွေးဖွားPornnappan Pornpenpipat
(1997-06-25) ၂၅ ဇွန်၊ ၁၉၉၇ (အသက် ၂၆)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့
အခြား အမည်များZheng Naixin, Nene
ပညာရေးKing Mongkut's University of Technology North Bangkok
အလုပ်အကိုင်
  • သရုပ်ဆောင်
  • အဆိုတော်
  • မော်ဒယ်
တက်ကြွလှုပ်ရှားနှစ်များ2015–လက်ရှိ
ကိုယ်စားလှယ်Beijing Huaying Yixing Culture Media Co., Ltd.
ကျော်ကြားမှုအရင်းခံဘွန်းဘွန်းဂဲး(လ်) ၃၀၃ အဖွဲ့ဝင်ဖြစ်ပြီးနောက်ပိုင်း
အရပ်၁၆၄ စင်တီမီတာ
ဂီတခရီးလမ်း
ဂီတဟန်
  • ပေါ့ပ်
  • မန်ဒိုပေါ့ပ်
  • ထိုင်းပေါ့ပ်
တူရိယာvocals
တက်ကြွသည့်နှစ်များ၂၀၁၅–လက်ရှိ

အလုပ်အကိုင်များ ပြင်ဆင်ရန်

နေးနေးသည် အသက်(၁၆)နှစ်အရွယ်မှာပင် ထိုင်းနိုင်ငံ၏ နာမည်ကြီးအဆိုပြိုင်ပွဲဖြစ်သော (True Academy  Fantasia Season-10)တွင် ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး နောက်ဆုံးပြိုင်ပွဲဝင်(၁၂)ယောက်ရွေးထုတ်သည့်အတွင်း နေးနေးသည် အဆင့်(၁၂)သင်တန်းသူဖြစ်ခဲ့သည်။ ပြိုင်ပွဲဝင်များအတွင်း နေးနေးသည် အသက်အငယ်ဆုံးသော ပြိုင်ပွဲဝင်တစ်ဦးလည်းဖြစ်သည်။ ထို့နောက် ဂျီအမ်အမ်ဖျော်ဖြေရေးကုမ္ပဏီက ထူထောင်ပေးခဲ့သော ထိုင်းပေါပ်မိန်းကလေးမိုက်ရှိတ်အဖွဲ့ဝင်တစ်ယောက်အနေဖြင့် (၂၀၁၅) ကနေ (၂၀၁၆) ထိ အနုပညာလှုပ်ရှားမှုရှိခဲ့သည်။ (Lat mat3) ဟူသော ဗီယက်နမ်ရုပ်ရှင်တွင်လည်း အဓိကဇာတ်ဆောင်အနေဖြင့် ပါဝင်သရုပ်ဆောင်ထားပြီး (The doll)ဟူသော တရုတ်ရုပ်ရှင်တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၇ခုနှစ်တွင် (Teenage Mom) ဟူသော ထိုင်းစီးရီးမှာလည်း ဖွန်ဟူသောဇာတ်ကောင်ဖြင့် ဇာတ်ကူသရုပ်ဆောင်အနေဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၉ခုနှစ်တွင် တရုတ်ဖျော်ဖြေရေးကုမ္ပဏီ အိုက်ချီယိက ထုတ်လွင့်ပြသခဲ့သော (Nice to meet Ufo)စီးရီးတွင်လည်း ချင်ဟူသောဇာတ်ကောင်ဖြင့် အဓိကဇာတ်ဆောင်အနေဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သည်။ (2geather) ဟူသော ထိုင်းစီးရီးတွင်လည်း တေးဂီတအဖွဲ့က ပီအဲယားဟူသောဇာတ်ကောင်ဖြင့် ဇာတ်ကူသရုပ်ဆောင်အနေနှင့် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးသည်။ (Longkhong)ထိုင်းစီးရီးတွင်လည်း P' aya ဟူသောဇာတ်ကောင်ဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၂၀ခုနှစ်တွင် ထန်စန်ဗီဒီယိုက ထုတ်လွင့်ပြသခဲ့သော့ တရုတ်ပေါပ်မိန်းကလေးအဖွဲ့ထူထောင်ရေးပြိုင်ပွဲအား ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး (၂၀၂၀ခုနှစ်၊ ၇လ၊ ၄ရက်နေ့) ပြိုင်ပွဲနောက်ဆုံးနေ့တွင် ပဥ္စမအဆင့်နေရာရကာ ဘွန်းဘွန်းမိန်းကလေး ၃၀၃အဖွဲ့ဝင်အနေဖြင့် တရားဝင်ပွဲဦးထွက်ခဲ့သည်။ နေးနေး၏ပရိသတ်အမည်သည် နီယွန်အက်တမ်(Neon  atom)ဖြစ်ပြီး နေးနေးကိုယ်စားပြုအရောင်သည် ဇော်မွှားပန်းရောင် (Pink Carnation) ဖြစ်သည်။ နေးနေးသည် ဝါးကျီးကျီးဝါးကုမ္ပဏီလက်အောက် ဘွန်းဘွန်းမိန်းကလေး ၃၀၃ အဖွဲ့နှင့် ၂နှစ်တာကာအတွင်း လက်တွဲခဲ့ရာ (၂၀၂၂)ခုနှစ်တွင် ချုပ်ဆိုထားသောအဖွဲ့စာချုပ်တရားဝင်သက်တမ်းပြည့်သွားပြီး အဖွဲ့အား တရားဝင်ဖျက်သိမ်းသွားပါသဖြင့် ဆိုနီတေးဂီတဖျော်ဖြေရေးကုမ္ပဏီနှင့် ဆက်လက်စာချုပ်ချုပ်ပြီး တစ်ကိုယ်တော်အဆိုတော်အနေဖြင့် အနုပညာအလုပ်များ ဆက်လက်လှုပ်ရှားနေခဲ့သည်။

တေးသီချင်းများ ပြင်ဆင်ရန်

Singles ပြင်ဆင်ရန်

ခေါင်းစီး ခုနှစ် Peak (TME Uni Chart) အယ်လ်ဘမ်
CHN Score
"Promise"
約定[၂]
2022 Non-Album Single
"Love, Love"
愛呀愛呀
Non-Album Single
"One Sunny Day"
某一个晴天
Non-Album Single
"Tenderness with the World"
与世界温柔相处
Non-Album Single
"Forgotten"
被遺忘的故事
2023 Gentle on My Mind
"All about that day"
My star

Soundtrack Appearances ပြင်ဆင်ရန်

Year Chinese Title Notes Ref.
2022 "See You Tomorrow"
明天见
"Fantasy Garden" 5th Anniversary Theme Song [၃]
"I Guess You Are Heartbeating Too"
我猜你也心动
"Mr.Bad" OST Soundtrack

Radio shows ပြင်ဆင်ရန်

Year Title Role Notes Ref.
2015 Talk Talk DJ

ရုပ်ရှင်စီးရီးများ ပြင်ဆင်ရန်

ရုပ်ရှင်များ ပြင်ဆင်ရန်

ခုနှစ် ခေါင်းစီး ဇာတ်ကောင် မှတ်ချက် Ref.
၂၀၁၇ Lat Mat 3: Ba Chang Khuyet ခရစ္စတင်း ဇာတ်ဆောင် [၄]

စီးရီးများ ပြင်ဆင်ရန်

ခုနှစ် ခေါင်းစီး ဇာတ်ကောင် မှတ်ချက် Ref.
2017 Teenage Mom ဖွန် ဇာတ်လိုက်
2019 Nice To Meet UFO ချင် ဇာတ်ဆောင် [၅]
2020 2gether အဲယား ဇာတ်လိုက်
Long Khong Aya
2023 Confess Your Love လင်းချန်/ လင်းဝမ် ဇာတ်ဆောင်
TBA Insect Detective: Season 2 TBA

တီဗီရှိုးများ ပြင်ဆင်ရန်

ခုနှစ် ခေါင်းစီး ဇာတ်ဆောင် မှတ်ချက် Ref.
2013 True Academy Fantasia 10 Contestant
2020 Produce Camp 2020 Contestant Competition show determing BonBon Girls 303 members
2021 Produce Camp 2021 International Assistant Mentor
2022 Masked Dancing King Guest Episode 7 & 8

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Nene郑乃馨 - QQ音乐-千万正版音乐海量无损曲库新歌热歌天天畅听的高品质音乐平台!။ 2023-01-05 တွင် ပြန်စစ်ပြီး။
  2. "เนเน่" เปิดตัวในฐานะศิลปินเดี่ยวของ Sony Music ด้วยเพลงใหม่ "Promise" (in th) (July 12, 2022)။ December 14, 2022 တွင် ပြန်စစ်ပြီး။
  3. 《梦幻花园》5周年主题曲上线 Nene郑乃馨深情相约《明天见》 (in zh) (September 23, 2022)။ December 14, 2022 တွင် ပြန်စစ်ပြီး။
  4. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named :0
  5. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named :1