ဖောရက်စ် အက်ဒ်ဝါ့ မာ့စ် (ဂျူနီယာ) သည် ဖောရက်စ် အက်ဒ်ဝါ့ မာ့စ် (စီနီယာ) ၏သားဖြစ်ပြီး Mars အမည်ရှိ အမေရိကန်သကြားကုမ္ပဏီကို စတင်တည်ထောင်ခဲ့သူ Frank C Mars ၏မြေးဖြစ် သည်။ မားစ်မိသားစုဝင်တစ်ယောက်ဖြစ်သောကြောင့် ဖောရက်စ် အက်ဒ်ဝါ့ မာ့စ် (ဂျူနီယာ) ပိုင် ရှယ်ယာနှင့် ပိုင်ဆိုင်ခွင့်များမှာ ၂၀၁၀ မတ်လတွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံမျှ တန်ဖိုးရှိသည်။

Forrest Mars, Jr.
မွေးဖွားForrest Edward Mars, Jr.
(1931-08-16) ဩဂုတ် ၁၆၊ ၁၉၃၁ (အသက် ၉၂)
Oak Park Township, Cook County, Illinois
ဌာနေMcLean, Virginia[၁]
Big Horn, Wyoming[၂]
နိုင်ငံသားUnited States[၁]
ပညာရေးHotchkiss School (1949)[၃]
Yale University (BA/BS)
New York University (MBA)[၂]
ကျော်ကြားမှုအရင်းခံMars, Inc.
ကြွယ်ဝမှုIncrease US$23.6 billion (December 2015)[၂]
အိမ်ထောင်ဖက်(များ)1st wife: Virginia Cretella (div. 1990)
2nd wife: Deborah Adair Clarke. (div. in early 2010).
သားသမီး7 Children,[၄] including Victoria B. Mars Valerie Anne Mars
Pamela Diane Mars
Marijke Elizabeth Mars
မိဘ(များ)Forrest Mars, Sr. (1904–1999)
Audrey Mars (1910-1989)
ဆွေမျိုးသားချင်းFrank C. Mars (grandfather)
John Franklyn Mars (brother)
Jacqueline Mars (sister)

လူမှုရေးလုပ်ရပ်များ ပြင်ဆင်ရန်

Montana မြစ်နှင့် Powder မြစ်ဝှမ်း၏မြောက်ဘက်တစ်လျှောက်တွင်ရှိသော ၈၂၀၀၀ ဧကမျှ ကျယ်သော Diamond Cross မွေးမြူရေးခြံကြီး၏ ပိုင်ရှင်ဖြစ်သည်နှင့်အညီ Mars သည် သူ၏ နာမည်ကျော် “နိုင်ငံ့အကောင်းဆုံးကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့တွင်း နယ်မြေ” ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လွန်စွာတက်ကြွသည်။ သူ၏မြေတွင် ချမှတ်ထားသော Stock-Raising Homestead ဥပဒေနှင့် Mineral Leasing ဥပဒေတို့ကို အငှားချထားသောကုမ္ပဏီများက သူ၏မွေးမြူရေးခြံတွင် အသုံးပြုရန်နည်းလမ်းရှာ နေသည်။

Mars သည် သူ့မွေးမြူရေးခြံအတွက် လိုအပ်သည့်ရေပမာဏ အများအပြားကို လိုသလောက် ထုတ်ယူသုံးစွဲရေးတွင် စိတ်ဝင်စားခဲ့သည်။ ၁၉၉၁ တွင် Bill Clinton ကိုအထောက်အပံ့ပေးအနေဖြင့် Mars သည် ရီပတ်ဘလစ်ကန်များ ၏တိုက်ပွဲများအတွက် အလှူအဒါန်းပြုခဲ့သည်။ Mars နှင့်သူ၏ဇနီးဟောင်းတို့သည် Colonial Williamsburg တွင် ၁၈ ရာစု ကော်ဖီဆိုင်တစ်ခု ပြန်လည်တည်ဆောက်ရန်အတွက် Colonial Williamsburg ဖောင်ဒေးရှင်းဖွဲ့ကာ ရန်ပုံငွေများ မတည်ပေးခဲ့သည်။ Fort Ticonderoga အတွက်လည်း သူတို့သည်အရေးပါအသုံးဝင်သော ထည့်ဝင်ငွေများ ကို ပေးအပ်ခဲ့သော်လည်း အမှုဆောင်ဒါရိုက်တာ Nicholas Westbrook နှင့် Mars ၏ဇနီးတို့၏ ပဋိပက္ခကြောင့် သူ၏ဇနီးဟောင်းသည် ဘုတ်အဖွဲ့မှနုတ်ထွက်ကာ ငွေကြေး ထောက်ပံ့မှုကို ရပ်ဆိုင်းပစ်ခဲ့သည်။

ကြွယ်ဝချမ်းသာမှု ပြင်ဆင်ရန်

Mars သည် ကမ္ဘာပေါ်တွင် ၅၂ ယောက်မြောက် အချမ်းသာဆုံးဖြစ်ပြီး အမေရိကန်တွင် တော့ ၁၉ ယောက်မြောက်ဖြစ်သည်။ ထို့အပြင် Forbes မဂ္ဂဇင်း၏သတင်းအရ အချမ်းသာဆုံး ဗာဂျီးနီးယား လူမျိုးလည်းဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ The World's Billionaires (2010): #52 Forrest Mars Jr.Forbes (March 3, 2010)။ February 24, 2011 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ Forbes 400 Richest Americans (2010): #26 Forrest MarsForbes (September 16, 2010)။ February 24, 2011 တွင် ပြန်စစ်ပြီး။
  3. Alumni Award: PREVIOUS RECIPIENTS။ The Hotchkiss School (2004)။ 10 March 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 8, 2015 တွင် ပြန်စစ်ပြီး။
  4. World Billionaires: Forrest MarsForbes (March 9, 2011)။ March 29, 2011 တွင် ပြန်စစ်ပြီး။