သဘာဝတရား ဗေဒ၏ အရေးပါလှသော အစိတ်အပိုင်း ဖြစ်သည့် ဖြစ်တည်သရုပ် ဗေဒ (အင်္ဂလိပ်: ontology) သည် ဖြစ်တည်မှု ရှိထိုက်သည်၊ လောက၌ ရှိသည်ဟု ယူဆထိုက်သော အရာဝတ္ထုဖြစ်စေ၊ သဘောသတ္တိဖြစ်စေ၊ အခြင်းအရာဖြစ်စေ၊ စသည်တို့၏ သရုပ်သကန်ကို စဉ်းစားတွေးခေါ်လျက် ၎င်းတို့ကို အမျိုးအစားများ၊ ဆက်စပ်ပုံများ ခွဲခြားဆက်စပ်ကြည့်ခြင်း အတွေးအကြံများ ဖြစ်သည်။
သို့ဖြင့် ဖြစ်တည်ဗေဒအမျိုးမျိုးတွင် -

စိတ်ဟူသည်မှာ ရုပ်ဝတ္ထု၊ စက်ကွင်းတို့၏ ထုတ်လုပ်ရလဒ် အပိုင်းအစများ ဖြစ်ပြီး တချက်စီ တချက်စီ ဖြစ်ပျက်နေသော စိတ်ဟူသည့်အရာမှာ ရုပ်လောကနေရာထဲ၌ တနည်းနည်းဖြင့် ရှိနေသည်ဟူသည်မျိုး ဆိုသော ကာတက်စီးယန်း ရုပ်ဝါဒကို သရုပ်ဖော်ကြပုံ တမျိုး။

စသည်တို့ကို ကြံဆတွေးခေါ်ပုံ အဖုံဖုံ ရှိပေသည်။

ခြုံငုံဖော်ပြချက် ပြင်ဆင်ရန်

အရာရာတိုင်း (တခုမကျန်) ၏ တူညီမြဲတူညီသော အချက်က မည်သည့် အချက်၊ မည်သည့် အခြင်းအရာ ဖြစ်မည်နည်း[၁] ဟု အဲရစ်(စ်)တော့တယ်(လ်) က မေးခွန်း ထုတ်ခဲ့ဖူး၏။ ထိုမှစ၍ အတွေးအခေါ်သမားများက များပြားလှသော အရာရာကို အရေအတွက် ဘုံတူရာတူရာ မျိုးတူစု (category)များ ထဲသို့ အမျိုးမျိုး ကြံဆထည့်သွင်းလာကြသည်။
ဥပမာအားဖြင့် သရက်သီးနှင့် ပန်းသီး၏ ကွဲပြားမှု၊ အနီရောင်နှင့် အပြာရောင်၏ ကွဲပြားမှု စသည်တို့ထက် (သရက်သီးနှင့် ပန်းသီးက ပါဝင်နေသည့်) "အသီး" ဟူသော မျိုးတူစု နှင့် (အနီရောင်နှင့် အပြာရောင်တို့က ပါဝင်နေသည့်) "အရောင်" ဟူသော မျိုးတူစု၊ အသီးနှင့် အရောင်တို့၏ ကွဲပြားမှုက ပိုမိုမြင့်သော အဆင့်တွင် ရှိသည်။ မျိုးတူစုဝင်ကလေးများ အသေးစိတ် အမျိုးကွဲပြားမှုထက် မတူကွဲပြားသည့် မျိုးတူစုများ၏ တဖန် အမျိုးကွဲပြားမှုက အဆင့် ပိုမြင့်သည် [၂] ဟု ယူဆပြောဆိုမှုများ ရှိသည်။

အကိုးအကား ပြင်ဆင်ရန်

  1. Sandkühler၊ Hans Jörg (2010)။ "Ontologie: 2.1 Antike"။ Enzyklopädie Philosophie။ Meiner။ 2021-03-11 တွင် မူရင်း အား မော်ကွန်းတင်ပြီး2020-12-16 တွင် ပြန်စစ်ပြီးNach einer berühmten Formulierung von Aristoteles (384–322 v. Chr.), der zwar wie auch Platon nicht den Ausdruck ›O.‹ verwendet, sich jedoch der Sache nach in seiner ›ersten Philosophie‹ ausführlich damit befasst, lässt sich O. charakterisieren als die Untersuchung des Seienden als Seiendem (to on he on).
  2. Categories။ Metaphysics Research Lab, Stanford University (2019)။ 4 January 2021 တွင် ပြန်စစ်ပြီး။