ဖြဲ ရနေး၊ ဗစ်စကောင့် ဒဲလိည (အင်္ဂလိပ်: Pierre René, Viscount Deligne; ပြင်သစ်: [dəliɲ]) ((1944-10-03)အောက်တိုဘာ ၃၊ ၁၉၄၄ ဖွား) သည် ဘယ်လ်ဂျီယမ်လူမျိုး သင်္ချာပညာရှင်တစ်ဦးဖြစ်ပြီး၊ အက္ခရာသင်္ချာနည်းကျ ဂျီဩမေတြီ (algebraic geometry) ဘာသာရပ်ရှိ ဗေးလ်၏ သက်သေမပြရသေးသော အဆိုကြမ်းများ (Weil conjectures) နှင့် သက်ဆိုင်သည့် သုတေသနလုပ်ငန်းများကို လုပ်ကိုင်ခဲ့သူအဖြစ် ထင်ရှားသည်။ သူ၏ သုတေသနလုပ်ငန်းများကြောင့် ဗေးလ် အဆိုကြမ်းများကို ၁၉၇၃ ခုနှစ်တွင် သက်သေပြနိုင်ခဲ့ပြီး၊ ၁၉၇၈ ခုနှစ်တွင် ၎င်း သုတေသနလုပ်ငန်းများအတွက် ဖီး ဆုတံဆိပ် (Fields Medal) ကို ရရှိခဲ့သည်။ သူသည် ဖီး ဆုတံဆိပ် (Fields Medal)၊ ဝုဖ် ဆု (Wolf Prize)၊ အာဘဲလ် ဆု (Abel Prize) သုံးခုစလုံး ရရှိဖူးသည့် သင်္ချာပညာရှင် လေးဦး[မှတ်စု ၁] အနက် တစ်ဦး ဖြစ်သည်။

Pierre Deligne
ဖြဲ ဒဲလိည၊ မတ် ၂၀၀၅
မွေးဖွား (1944-10-03) အောက်တိုဘာ ၃၊ ၁၉၄၄ (အသက် ၇၉)
en:Etterbeek, en:Belgium
နိုင်ငံလူမျိုးBelgian
နယ်ပယ်en:Mathematics
အဖွဲ့အစည်းဌာနen:Institute for Advanced Study
en:Institut des Hautes Études Scientifiques
မိခင်ကျောင်းen:Université libre de Bruxelles
ပါရဂူဘွဲ့ ကြီးကြပ်သူen:Alexander Grothendieck
ပါရဂူဘွဲ့ယူ တပည့်များen:Lê Dũng Tráng
en:Miles Reid
en:Michael Rapoport
ကျော်ကြားမှုအရင်းခံProof of the en:Weil conjectures
en:Perverse sheaves
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များen:Abel Prize (2013)
en:Wolf Prize (2008)
en:Balzan Prize (2004)
en:Crafoord Prize (1988)
၁၉၇၈ ဖီး ဆုတံဆိပ် (Fields Medal)

မှတ်စု ပြင်ဆင်ရန်

  1. အခြားသုံးဦးမှာ ဂျွန် မီလ်နော (John Milnor)၊ ရောန်-ဖြဲ ဆဲ (Jean-Pierre Serre) နှင့် ဂျွန် ဂျီ သော်မဆင် (John G. Thompson) တို့ဖြစ်သည်။