သင်္ချာနှင့် ရူပဗေဒဘာသာရပ်တို့၌ ဗက်တာ (အင်္ဂလိပ်: vector) ဆိုသည်မှာ ဗက်တာ နေရာ (vector space-ဗက်တာများပါဝင်ဖွဲ့သည်းထားသောနေရာ) တစ်ခု၏ အခြေခံကျသောအရာ တစ်ခုဖြစ်သည်။

သီးသန့်ဗက်တာနေရာများအတွက် ဗက်တာများတွင် သီးသန့်နာမည်များရှိကြသည်။

သမိုင်းအရ "ဗက်တာနေရာ"ဟူသော အယူအဆ တရားဝင်မပေါ်ပေါက်မီ ဗက်တာများကို ဂျီဩမေတြီနှင့် ရူပဗေဒ (မက္ကင်းနစ်)တို့တွင် စတင်သုံးစွဲခဲ့ကြ၏ ။ ထို့ကြောင့် ဗက်တာများကို ၎င်းတို့နှင့်ဆိုင်သော ဗက်တာနေရာကို သတ်မှတ်မှုမရှိကြဘဲ ဗက်တာများအကြောင်းကို ပြောဆိုကြလေ့ရှိသည်။ တိတိကျကျအနေဖြင့် "ယူကလစ်နေရာ" (Euclidean space) တစ်ခု၌ ယူကလစ်ဗက်တာများဟုခေါ်သော နေရာဆိုင်ရာဗက်တာများအကြောင်းကို စဉ်းစားဆိုလို၍ ထိုဗက်တာများတွင် ပမာဏ နှင့် လားရာ နှစ်ခုစလုံးရှိကြပြီး ပေါင်းခြင်း၊ နှုတ်ခြင်း၊ မြှောက်ခြင်းများပြုလုပ်ခြင်းဖြင့် "ဗက်တာနေရာ"တစ်ခုကို ရရှိနိုင်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. vector | Definition & Facts (in en)။ 2020-08-19 တွင် ပြန်စစ်ပြီး။