ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများ အစည်းအရုံး

၁၃၀၀ ပြည့် အရေးတော်ပုံကြီးရဲ့ အကျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံးကြီးနဲ့ တနေ့တည်း ဖွဲ့စည်း ပေါ်ပေါက် လာတာဖြစ်ပါတယ်။ လယ်သမားအစည်းအရုံးကြီးက မနက်ပိုင်းမှာဖွဲ့ စည်းခဲ့တာဖြစ်ပြီး အလုပ်သမားအစည်းအရုံးကြီးက ညနေပိုင်းမှာ ပေါ်ထွန်းခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်၊ ဇန်နဝါရီ (၉) ရက် ရွှေတိဂုံ အလယ်ပစ္စယံ ကွက်လပ်ကြီးမှာပဲ သပိတ် အလုပ်သမား ပေါင်းစုံ (၅၀၀၀) ကျော် တက်ရောက် တဲ့ အလုပ်သမားထု အစည်းအဝေးကြီး မှာ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ သခင်ထိပ်တင်ကိုယ်တော်ကြီး နဲ့ သခင်သန်းထွန်းတို့ မိန့်ခွန်း ပြောကြားကြပြီး အလုပ်သမား ကိုယ်စားလှယ် ပေါင်းစုံ က အစည်းအဝေး ဆုံးဖြတ်ချက် အရ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံးကြီး ကို ဖွဲ့စည်း ခဲ့တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံမှာ −

  1. သခင်လေးမောင် − ဥက္ကဋ္ဌ
  2. သခင်သင် - အမှုဆောင် အဖွဲ့ဝင်
  3. သခင်ဖိုးလှကြီး - အမှုဆောင် အဖွဲ့ဝင်
  4. သခင်ဗမောင် - အမှုဆောင် အဖွဲ့ဝင်
  5. သခင်လှိုင် - အမှုဆောင် အဖွဲ့ဝင်
  6. သခင်ဗ - အမှုဆောင် အဖွဲ့ဝင်
  7. သခင်လှမြိုင် - အမှုဆောင် အဖွဲ့ဝင်
  8. သခင်လှသောင်း - အမှုဆောင် အဖွဲ့ဝင်
  9. သခင်သိန်းမောင် (ရန်ကုန်မော်တော်ယာဉ်) - အမှုဆောင် အဖွဲ့ဝင်
  10. သခင်ရွှေရင် - အမှုဆောင် အဖွဲ့ဝင်
  11. သိုင်းသခင် ဗသွင် - အမှုဆောင် အဖွဲ့ဝင်
  12. သခင်တင် (သီလဝါ) - အမှုဆောင် အဖွဲ့ဝင်
  13. သခင် ချစ်မောင် (သီလဝါ) - အမှုဆောင် အဖွဲ့ဝင်
  14. သခင်ဆင့်သိန်း - အမှုဆောင် အဖွဲ့ဝင်
  15. ဒဂုံဆရာတင် - အမှုဆောင် အဖွဲ့ဝင်
  16. သခင်ကြိုင် - အမှုဆောင် အဖွဲ့ဝင်
  17. သခင်သိန်းမောင် (မြင်းလှည်းအသင်း) - အမှုဆောင် အဖွဲ့ဝင်
  18. သခင်လေး - အမှုဆောင် အဖွဲ့ဝင်
  19. သခင်ငွေရှန် - အမှုဆောင် အဖွဲ့ဝင်
  20. သခင်သန်းဖေ (သရက်) - အမှုဆောင် အဖွဲ့ဝင်
  21. သခင်လွင် - အမှုဆောင် အဖွဲ့ဝင်
  22. သခင်ဗအေး - အမှုဆောင် အဖွဲ့ဝင်
  23. သခင်စံကျော် - အမှုဆောင် အဖွဲ့ဝင်
  24. သခင်စိန် - အမှုဆောင် အဖွဲ့ဝင်
  25. ဦးဘခိုင် (ဖေဘီယန်) - အမှုဆောင် အဖွဲ့ဝင်
  26. သခင်သိန်းမောင်ကြီး (တို့ဗမာအစည်းအရုံး) - အမှုဆောင် အဖွဲ့ဝင်
  27. သခင်လှဖေ (တို့ဗမာအစည်းအရုံး) - အမှုဆောင် အဖွဲ့ဝင်
  28. သခင်စိုး (တို့ဗမာအစည်းအရုံး) - အမှုဆောင် အဖွဲ့ဝင်

တို့ ဖြစ်ပါတယ်။

အင်္ဂလိပ်လို All Burma Trade Union Congress(ABTUC) လို့ ခေါ်ဝေါ်ပါတယ်။ လွတ်လပ်ရေး ကြိုးပမ်းမှု တိုက်ပွဲများအတွင်း တက်တက်ကြွကြွ ပါဝင် လှုပ်ရှားနိုင်ခဲ့ပါ တယ်။

ကိုးကား ပြင်ဆင်ရန်

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။