ဗယ်လ်ကာမော်နီကာရှိ ကျောက်ထွင်းပန်းချီများ

ကာမိုနီကာ တောင်ကြား သို့ ဗယ်လ်ကာမိုနီကာရှိ ကျောက်ထွင်းပန်းချီများ သည် အီတလီနိုင်ငံ ဘရက်ရှာ ခရိုင်တွင် တည်ရှိပြီး ကမ္ဘာပေါ်တွင် သမိုင်းမတင်မီခေတ်က ကျောက်ထွင်းပန်းချီများ အများဆုံး စုစည်းနေရာ နေရာ တစ်ခု ဖြစ်သည်။[၁] ထိုစုစည်းမှုကို ယူနက်စကိုမှ ၁၉၇၉ ခုနှစ်တွင် အသိအမှတ်ပြုခဲ့ပြီး အီတလီနိုင်ငံတွင် ပထမဆုံး ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခြင်း ခံရသည်။ ယူနက်စကိုမှ ရုပ်ပုံနှင့် သင်္ကေတ ၁၄၀,၀၀၀ ကျော်ကို အသိအမှတ်ပြုခဲ့သော်လည်း[၁] ထပ်မံတွေ့ရှိမှုများ အရ ကက်တလောက် အတွင်း ပါဝင်သော ပန်းချီများမှာ ၂၀၀,၀၀၀ [၂] နှင့် ၃၀၀,၀၀၀ [၃] ကြား အထိ ရှိသည်။ ကျောက်ထွင်းပန်းချီများသည် တောင်ကြား၏ မျက်နှာပြင် အားလုံးတွင် ပြန့်ကျဲတည်ရှိနေသော်လည်း ဒါဖို ဘွာရီယို တယ်ရမီ ဒေသ၊ ကာပို ဒီ ပွန်တယ် ဒေသ၊ နက်ဒရိုဒေသ၊ ချင်ဗယ်ဂိုဒေသ နှင့် ပတ်စ်ပါးဒို ဒေသတို့တွင် အများဆုံး စုစည်းတည်ရှိလျက် ရှိသည်။

ဗယ်လ်ကာမော်နီကာရှိ ကျောက်ထွင်းပန်းချီများ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  အီတလီ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii, vi
ကိုးကား ၉၄
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၇၉  (တတိယအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ


ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Rock Drawings in Valcamonica - UNESCO World Heritage Centre။ 29 June 2010 တွင် ပြန်စစ်ပြီး။
  2. Piero Adorno, Mesolitico e Neolitico, p. 16.
  3. Introduzione all'arte rupestre della Valcamonica (in Italian)။ Archeocamuni.it။ 11 May 2009 တွင် ပြန်စစ်ပြီး။