ဗရွန်တိုဆောရတ်
Temporal range: Late Jurassic, 156.3–146.8 Ma
Holotype specimen of B. excelsus (YPM 1980), Peabody Museum of Natural History
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
Clade: Dinosauria
မျိုးစဉ်: Saurischia
Clade: Sauropodomorpha
Clade: Sauropoda
Superfamily: Diplodocoidea
မျိုးရင်း: Diplodocidae
မျိုးရင်းသေး: Apatosaurinae
မျိုးစု: Brontosaurus
Marsh, 1879
အမျိုးအစား မျိုးစိတ်
Brontosaurus excelsus
Marsh, 1879
ကိုယ်စားပြု မျိုးစိတ်များ
  • Brontosaurus parvus
    (Peterson & Gilmore, 1902)
  • Brontosaurus yahnahpin
    (Filla & Redman, 1994)
Synonyms
  • Elosaurus Peterson & Gilmore, 1902
  • Eobrontosaurus Bakker, 1998
  • Apatosaurus excelsus Riggs, 1903

ဗရွန်တိုဆောရတ် (အင်္ဂလိပ်: Brontosaurus)သည် ဆော်ရိုပေါ့အုပ်စု (Sauropod) ဒိုင်နိုဆောမျိုးဖြစ်ပြီး ဂျူရာဆစ်ယုဂ် (Jurassic Period)အတွင်း ကျက်စားခဲ့သည်။ ၎င်းသည် ကြီးမားသောသတ္တဝါဖြစ်၍ တန် ၃၀ ခန့်လေးပြီး ၂၀ မှ ၂၅ မီတာအထိရှည်သည်။ ကြီးမားတုတ်ခိုင်သော ခြေလေးချောင်းရှိပြီး ရှည်လျားသောလည်တိုင်နှင့် အလွန်သေးငယ်သော ဦးခေါင်းပါရှိ၏။ အမြီးသည် အလွန်ရှည်လျားသောသေးသွယ်ပြီး ကျာပွတ်နှင့်တူသောအမြီးဖျားပါရှိသည်။ သေးငယ်အားပျော့သော သွားများပါသဖြင့် ဗရွန်တိုဆောရတ်တို့သည် အသီးအရွက်စားသတ္တဝါဖြစ်ကြောင်း သိရသည်။ ဗရွန်တိုဆောရတ်တို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို မြောက်အမေရိကရှိ ဂျူရာဆစ်သက်တမ်းရှိသော အနည်ကျကျောက်လွှာများတွင် တွေ့ရသည်။ သက်လယ်ကပ်ကို ယုဂ် သုံးပိုင်းပိုင်းခြားနိုင်၏။ ထရိုင်ယဆစ် (Triassic Period)၊ ဂျူရာဆစ် (Jurassic Period) နှင့် ခရီတေးရှတ်ယုဂ် (Cretaceous Period)ဟူ၍ဖြစ်သည်။ အကောင်ကြီးမားသော ဒိုင်နိုဆောတို့သည် ဂျူရာဆစ်ယုဂ်အတွင်းပေါ်ပေါက်ကျက်စားခဲ့ကြ၏။ ဗရွန်တိုဆောရက်နှင့် အတူကြီးမားသောအခြား ဒိုင်နိုဆောများမှာ ဒစ်ပလိုဒိုကတ် (Diplodocus)၊ ကမ်မရိုဆောရတ် (Camarosaurus)နှင့် ဗရာခီအိုဆောရတ် (Brachiosaurus) တို့ဖြစ်ပြီး ၎င်းတို့သည်လည်း ဂျူရာဆစ်ယုဂ်အတွင်း ကျက်စားခဲ့ကြသည်။ ၎င်းတို့အာလုံးတွင် အလွန်သေးငယ်သော ဦးခေါင်းနှင့် ရှည်လျားသောလည်တိုင်ပါရှိရာ ရေနက်ပိုင်းတွင်ဆင်းပြီး ဦးခေါင်းဖော်၍နေနိုင်သဖြင့် ဒိုင်အာသရိုနသတ် (Diathrognathus) ကဲ့သို့သော အသားစားသတ္တဝါတို့၏ ဘေးရန်မှလွတ်မြောက်အောင်ပုန်းကွယ်နေနိုင်ကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ကလေးသူငယ်များအတွက်သုတရတနာသိုက်။ ကမ္ဘာဦးသက်ရှိများ။ ၁၉၈၄။