ဗဟိုလေ့ကျင့်ရေးကျောင်း
ဗဟိုလေ့ကျင့်ရေးကျောင်းသည် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ် (၅၁)ရပ်ကွက်၊ မြ၀တီမင်းကြီးလမ်းမပေါ်တွင်တည်ရှိသည်။ နယ်စပ်ရေးရာ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးနေသည့် ကျောင်းတစ်ခုဖြစ်သည်။ ဗဟိုလေ့ကျင့်ရေးကျောင်းအား စည်ပင်သာယာရေး ဦးစီးဌာနထံမှ ၁၉၉၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ လွှဲပြောင်းယူခဲ့သည်။
ရည်ရွယ်ချက်
ပြင်ဆင်ရန်နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန လက်အောက်ရှိ ဗဟိုလေ့ကျင့်ရေးကျောင်းကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့သည်။
- နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများအား ဝန်ထမ်းကောင်းများ ဖြစ်စေရန်။
- အရာထမ်း၊ အမှုထမ်းများ လုပ်ငန်းတာဝန်ဆောင်ရွက်ရာတွင် မိမိတို့၏ ရာထူးအဆင့်နှင့် အညီ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်။
- အကြီးအကဲများ၏ မူဝါဒလမ်းညွှန်ချက်များအား သိရှိနားလည်သဘောပေါက်ပြီး ဝန်ကြီးဌာနမှ ချမှတ်ထားသော လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်။
သင်တန်းများ
ပြင်ဆင်ရန်ဝန်ကြီးဌာနအတွင်းရှိ ဦးစီးဌာန(၂)ခုမှ ဝန်ထမ်းများအား ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်နှင့် ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားစေရန် အောက်ဖော်ပြပါ သင်တန်းများအား တစ်နှစ်ပတ်လုံး ဖွင့်လှစ်လျက်ရှိသည်။ [၁]
- အဆင့်မြင့်အုပ်ချုပ်မှုသင်တန်း
- အမှုဆောင်အရာရှိ သင်တန်း
- စီမံခန့်ခွဲရေးသင်တန်း
- ဘဏ္ဍာရေးစည်းမျဉ်းအထူးသင်တန်း
- မြို့ပြစီမံကိန်းရေးဆွဲရေးသင်တန်း
- စာရေးဝန်ထမ်းသင်တန်း
- အင်ဂျင်နီယာမွမ်းမံသင်တန်း
- အခြေခံအင်ဂျင်နီယာသင်တန်း
- အခြေခံအိမ်တွင်းမှုစက်ချုပ်သင်တန်း
- အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း
- ကနုကမာကျောက်စီပန်းချီသင်တန်း
- အဆင့်မြင့်ကြိမ်/ဝါးသင်တန်း
- မြို့ပြစိမ်းလန်းစိုပြေရေးသင်တန်း
- လူငယ်ကျောင်းအုပ်မွမ်းမံသင်တန်း
- အခြေခံကွန်ပျူတာသင်တန်း
- နိုင်ငံတကာဆက်ဆံရေးသင်တန်း
- ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်း
- မြန်မာ့ဟင်းလျာချက်ပြုတ်နည်းသင်တန်း
- အခြားသင်တန်းများ