[၁] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော် မူနေစဉ် နောင်တော်များဖြစ်ကြသော ဘာရဒွါဇပုဏ္ဏား၊ အက္ကောသဘာရဒွါဇပုဏ္ဏား၊ အသုရိန္ဒကဘာရဒွါဇပုဏ္ဏားတို့ ဘုရားရှင်အထံတော်၌ ရဟန်းပြုကြပြီး ရဟန္တာဖြစ် ခြင်းကို မကျေနပ်ခြင်းကြောင့် ဘုရားရှင်ထံချဉ်းကပ်၍ စကားမပြောဘဲ ထိုင်နေသော ဗိလင်္ဂဘာရဒွါဇပုဏ္ဏား၏ စိတ်အကြံကို သိတော်မူသော ဘုရားရှင်က “ယောအပ္ပ ဒုဋ္ဌဿ-အစရှိသော ဂါထာဖြင့် မိန့်ကြားတော်မူရာ ဗိလင်္ဂဘာရဒွါဇပုဏ္ဏား ဒေသနာတော်ကို ချီးမွမ်းပြီး ရဟန်းပြု၍ ရဟန်းတရားအားထုတ်ရာ မကြာမီ ရဟန္တာဖြစ်ပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၁၆၆။ သံ၊မြန်၊၁၊၁၆၇။ သံ၊ဋ္ဌ၊၁၊၂၁၁။ သံ၊ဋီ၊၁၊၂၅၇။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၇-ဗြာဟ္မဏသံယုတ္တ၊ ၁-အရဟန္တဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ