ဗမာ့သူရဲကောင်း (သီချင်း)

(ဗိုလ်ချုပ်အောင်ဆန်းသီချင်း မှ ပြန်ညွှန်းထားသည်)

ဗမာ့သူရဲကောင်း သီချင်းသည် သဟာယ ဆရာတင်ရေးသားခဲ့ပြီး အဆိုတော်မျိုးချစ်က သီဆိုခဲ့သော ၁၉၄၂ သီချင်းတစ်ပုဒ်ဖြစ်သည်။[၁] နောက်ပိုင်းတွင် အဆိုတော် ကိုမြကြီး က ပြန်လည်သီဆိုခဲ့သည်။ မူလရေးသားစဉ် သီချင်းအမည်မှာ ဗမာ့သူရဲကောင်း ဖြစ်သော်လည်း ပညာရေးဝန်ကြီးဌာန စတုတ္ထတန်း သင်ရိုးသစ် မြန်မာစာဖတ်စာတွင် "မြန်မာ့သူရဲကောင်း" အမည်ဖြင့် ဖော်ပြထားပြီး စာသားများတွင်လည်း ဗမာ အစား မြန်မာ ပြောင်းလဲဖော်ပြခဲ့သည်။

"ဗမာ့သူရဲကောင်း"
သီချင်း
သီချင်းရေးဆရာသဟာယ ဆရာတင်

နောက်ခံ ပြင်ဆင်ရန်

ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့သည် လွတ်လပ်ရေးအတွက် ဂျပန်နိုင်ငံ၌ စစ်ပညာသင်ကြားခဲ့ပြီး ၁၉၄၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ရန်ကုန်မြို့ကို သိမ်းပိုက်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့၏ စွမ်းဆောင်မှုများကို ဂုဏ်ပြုသည့်အနေဖြင့် သဟာယဆရာတင်က ဗမာ့သူရဲကောင်း သီချင်းကို ရေးသားခဲ့ကာ အဆိုတော်မျိုးချစ်က သီဆိုခဲ့သည်။[၁]

စာသား ပြင်ဆင်ရန်

မူရင်းစာသား ပြင်ဆင်ထားသော စာသား
ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဘို့ ဂျပန်ပြည်မှာကွယ်
တကယ်ဘဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်
သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်
ငါဒို့ဗမာပြည်၊ အမိဘတိုင်းကကွယ်
ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်
ငါဒို့ဗမာပြည်ဝယ်၊ အမိဘအပေါင်းတို့ကကွယ်
အာဇာနည်အစစ်ကို ဒို့တတွေ မွေးရမယ်
ဪ ဘုရင့်နောင်နဲ့ ရာဇဓိရာဇ်တို့လို
မင်းရဲကျော်စွာ ပမာပုံနှယ် အလောင်းဘုရားတို့လိုကွယ်
ဗမာတိုင်း ဗမာမျိုး အားကိုးလောက်ပေရဲ့
မကြောက်တန်း မလန့်တမ်း
ဗမာတွေ အောင်ပန်းဆွတ်ရှာလေတယ်။
ရာဇဝင် ထုပ္ပတ္တိလဲ ရှိရမယ်
မော်ကွန်းလဲ ထိုးလောက်တယ်
မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်
တိုင်းပြည်ကျိုး စွန့်ခဲ့တယ်၊ မျိုးဇာနည်နွယ်
လွတ်လပ်ဘို့ ဒို့များကို ကျွန်တွင်းမှကယ်
ဒို့ဗမာတွေ စိုးမိုးဘို့၊ မျှော်ကြရှာလို့ ပေါ်လာတယ်
ဗမာနိုင်ငံ ထူထောင်ရန်နဲ့ မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်
နေမျိုးသာကီ ဗမာပြည်လက်ရုံး ဗမာနိုင်ငံအလုံး ထင်ပေါ်စေတယ်
စိတ်အားသန်သန် မာန်ကိုမလျော့တယ်
ငါတို့လူမျိုးတန်ခိုးရှိဖို့ သူရဲကောင်းတွေစုံညီတယ်
တကယ်ပင် သတိုးမဟာဗန္ဓုလနဲ့ စွမ်းသတ္တိ ရာဇဝင်ပြောင်တယ်
သားကောင်းများလို့ခေါ်ရလောက်ပေတယ်
ဥဒါန်းတွင်စေဖွယ် ဗမာသူရဲကောင်းအပေါင်းတွေရယ်။
ရာဇဝင် ထုပ္ပတ္တိလဲ ရှိရမယ်
မော်ကွန်းလဲ ထိုးလောက်တယ်
မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်
တိုင်းပြည်ကျိုး စွန့်ခဲ့တယ်၊ မျိုးဇာနည်နွယ်
လွတ်လပ်ဘို့ ဒို့များကို ကျွန်တွင်းမှကယ်
ဒို့ဗမာတွေ စိုးမိုးဘို့၊ မျှော်ကြရှာလို့ ပေါ်လာတယ်
မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်
တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်
သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်။
ငါတို့မြန်မာပြည် မိဘတိုင်းကရယ်
ဗိုလ်အောင်ဆန်းလို သူရဲကောင်းမွေးရမယ်။
ငါတို့မြန်မာပြည် မိဘအပေါင်းတို့ကရယ်
အာဇာနည်အစစ်ကို ရှိဖို့မွေးရမယ်။
ဩော် ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို
မင်းရဲကျော်စွာ ပမာပုံဆောင်အလောင်းဘုရားတို့လိုကွယ်
မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေတဲ့
မကြောက်တမ်း မရွံ့တမ်း
မြန်မာတွေအောင်ပန်းဆွတ်ကြရှာလေတယ်။
ရာဇဝင် အတ္ထုပ္ပတ္တိလည်းရှိရမယ်
မော်ကွန်းလဲထိုးလောက်တဲ့
မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရယ်။
တိုင်းပြည်အကျိုး စွန့်ခဲ့တဲ့ များဇာနည်နွယ်
လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ်
တို့မြန်မာတွေစိုးမိုးဘို့ မျှော်ကြရှာလို့ ပေါ်လာတယ်။
မြန်မာနိုင်ငံ ထူထောင်ရန်နဲ့ မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်
နေမျိုးသာကီ မြန်မာပြည်လက်ရုံး မြန်မာနိုင်ငံအလုံး ထင်ပေါ်စေတယ်
စိတ်အားသန်သန် မာန်ကိုမလျော့တယ်
ငါတို့လူမျိုးတန်ခိုးရှိဖို့ သူရဲကောင်းတွေစုံညီတယ်
တစ်ကယ်ပင် သတိုးမဟာဗန္ဓုလနဲ့ စွမ်းသတ္တိ ရာဇဝင်ပြောင်တယ်
သားကောင်းများလို့ခေါ်ရလောက်ပေတယ်
ဥဒါန်းတွင်စေဖွယ် မြန်မာသူရဲကောင်းအပေါင်းတွေရယ်
ရာဇဝင် အတ္ထုပ္ပတ္တိလည်းရှိရမယ်
မော်ကွန်းလဲထိုးလောက်တဲ့
မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရယ်
တိုင်းပြည်အကျိုး စွန့်ခဲ့တဲ့ များဇာနည်နွယ်
လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ်
တို့မြန်မာတွေစိုးမိုးဘို့ မျှော်ကြရှာလို့ ပေါ်လာတယ်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ မြန်မာ့လွတ်လပ်ရေးနှင့် တေးဂီတစာဆိုတို့၏ အနုပညာ (in my) (၃၁ ဒီဇင်ဘာ ၂၀၂၀)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  1. စတုတ္ထတန်း မြန်မာဖတ်စာ (သင်ရိုးသစ်)