ဗိုလ်ဥတ္တမသည် နယ်ချဲ့ကိုတွန်းလှန်တိုက်ထုတ်ခဲ့သော မျိုးချစ်တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သည်။ "ဆင်ဖြူကျွန်းဗိုလ်ဥတ္တမ"ဟုထင်ရှားသည်။ဆင်ဖြူကျွန်းနယ်တွင် မျက်နှာဖြူနယ်ချဲ့တို့အား ရွံ့ရွံချွန်ချွန်တော်လှန်တိုက်ခိုက်ခဲ့သည်။ ဆင်ဖြူကျွန်းဗိုလ်ဥတ္တမကိုမင်းကြီးဗိုလ်ဥတ္တမဟုခေါ်တွင်ပြီး သူ၏ လက်အောက်​တွင် ဗိုလ်ဗျိုင်းကြီး ဗိုလ်ဗျိုင်းလေး မြတောင်ဗိုလ် ဗိုလ်ဆေးနီဗိုလ်ကြာလန်းစသည့် မျိုးချစ်သူရဲကောင်းခေါင်းဆောင်များပါဝင်ပြီး အင်အား၂သောင်းခန့်ရှိသည်။ နယ်ချဲ့တို့ကြောက်ရွံ့ခဲ့ရသောတော်လှန်ရေးအင်အားစုကြီးတရပ်ဖြစ်သည်။