ဗိုလ် (ဗုဒ္ဓဘာသာ)
ဗိုလ် (၅) ပါး၌ “ပဋိပက္ခဓမ္မေ ဗလိယန္တီတိ ဗလာနိ”၊ ပဋိပက္ခဓမ္မေ = ဆန့်ကျင်ဘက်တရားတို့ကို၊ ဗလိယန္တိ = အားထုတ်ဖိစီးတတ်ကုန်၏၊ ဣတိ = ထို့ကြောင့်၊ ဗလာနိ = ဗိုလ်မည်ကုန်၏။--[၁]
ကျမ်းဂန်တို့၌ကား “အကမ္ပဋ္ဌေန ဗလာနိ” ဟူကုန်၏။ ဆန့်ကျင်ဘက်ဖြစ်သော ရန်သူနှင့် ကြုံတွေ့လျှင် မတုန်လှုပ်ဘဲ အခြေမြဲသော အနက်ကြောင့် ဗိုလ်မည်၏ ဆိုလိုသည်။ ထိုဗိုလ်သည် သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်, ပညာဗိုလ်ဟူ၍ ဣန္ဒြေအတိုင်း ငါးပါးရှိ၏။ သက္ကာယဒိဋ္ဌိနိုင်ငံကြီးကို တိုက်ဖျက်ရန် ဗိုလ်ချုပ်ကြီး (၅) ဦး, ဗိုလ်မှူးကြီး (၅) ယောက် ဆိုလိုသည်။ သက္ကာယဒိဋ္ဌိနိုင်ငံကြီးကို ဖျက်ဆီးနိုင်ရန် ဗုဒ္ဓဘာသာဝင် လူ, ရှင်အများတို့၏ အားကြီး (၅) ပါးလည်း ဆိုရ၏။[၁]
ဗိုလ် (၅) ပါး
ပြင်ဆင်ရန်သဒ္ဓါဗိုလ်
ပြင်ဆင်ရန်တဏှာဖိစီးခြင်းခြံရသော ပကတိသဒ္ဓါ
ပြင်ဆင်ရန်တဏှာကို တွန်းလှန်နိုင်သော ဘာဝနာသဒ္ဓါ
ပြင်ဆင်ရန်ထွက်သက်ဝင်သက် စသည်၌ ကာယဂတာသတိ အလုပ်ကောင်းစွာထမြောက်၍ စိတ်ရူး, စိတ်နောက် ပျောက်သည့်တိုင်အောင် ပွားများအပ်သော ဘာဝနာသဒ္ဓါသည်သာလျှင် ထိုအာမိသသုံးပါး၌ သာယာတွယ်တာသော တဏှာသုံးပါးကို အားတိုက် တွန်းလှန်နိုင်လေသည်။ တဏှာသုံးပါးတည်းဟူသော ပင်လယ်ရေပြင်ကြီးအတွင်း၌ နစ်မွန်းနေသော ရဟန်း ရှင်လူကို ထုတ်ဆယ်ကယ်တင်၍ အရိယာဝံသတရားလေးပါးတည်းဟူသော ကျွန်းသောင်ကြီးသဖွယ် သဒ္ဓါနယ်သို့ ရောက်စေနိုင်သည်၊ ဗောဓိပက္ခိယအရာ၌ ဤဘာဝနာသဒ္ဓါကို လိုအပ်၏။[၁]
ဝီရိယဗိုလ်
ပြင်ဆင်ရန်ယခုလောက၌မူကား မိမိတို့ကိုယ်ကို သံသရာက လာခဲ့ကြသည့် ဒိဋ္ဌိမျိုးကြီး, ဒုစ္စရိုက်မျိုးကြီး, အပါယ်မျိုးကြီးအတိုင်းရှိနေသေးသည်ကို သိကြလျက် မြို့ရွာတွင် ဒါယကာတို့ ဆောက်လုပ်လှူဒါန်းသော ကျောင်းတိုက်တို့၌ အမြဲနေခြင်း, အတိရေက လာဘ်လာဘတို့ကို သာယာခြင်း, တပည့်တကာ လူရှင်ပရိသတ်တို့ကို မစွန့်နိုင်ခြင်း အစရှိသော ကောသဇ္ဇ၏ နယ်ကြီးသည် ကျွန်းအပြင်မှာ ပင်လယ်ရေပြင်ကြီး လွှမ်း၍ နေသကဲ့သို့ ထင်ရှား၏။ ဤကား ပကတိဝီရိယ အစွမ်းညံ့ပုံကို လောက၌ ဒိဋ္ဌသိမြင်ကြရန် အချက်ဖြစ်သည်။[၁]
ပြဆိုခဲ့ပြီးသော ဝီရိယဘာဝနာမှုမျိုးကို ထမြောက်အောင် ထူထောင်၍ အအိပ်အနေ အလွန်နည်းပါးခြင်း၊ ထကြွလုံ့လမြဲခြင်း၊ အကြောက်အလန့်မရှိ တကိုယ်ရေ တကာယ အနေအထိုင်ရဲတင်းခြင်း၊ မနသိကာရ စွဲမြဲခြင်းဟူသော ဘာဝနာဝီရိယသည်သာလျှင် ထိုကောသဇ္ဇအကုသိုလ်ကြီးကို အားတိုက် တွန်းလှန်နိုင်လေသည်။ ဗောဓိပက္ခိယအရာ၌ ဤဘာဝနာဝီရိယကို လိုအပ်၏။[၁]
ဤနည်းကို အမှီပြု၍ သတိ, သမာဓိ, ပညာတို့၌လည်း ဗလသဒ္ဒါ၏ အနက်အသွားကို ထိုက်သည့်အားလျော်စွာ အကျယ်ဝေဖန်၍ သိကြလေ။ အကျဉ်းချုပ်မျှကိုသာ ပြဆိုတော့အံ့။[၁]
သတိဗိုလ်
ပြင်ဆင်ရန်သတိ၏ ဆန့်ကျင်ဘက်သည် မုဋ္ဌသစ္စအကုသိုလ်အသင်းကြီး ဖြစ်သည်။ ကာယဂတာသတိ ဘာဝနာမှုစေသာ သမထဘာဝနာ, ဝိပဿနာဘာဝနာမှုတို့၌ စိတ်အစွဲကြီး မစွဲနိုင်မှု, စိတ်အမြဲကြီး မမြဲနိုင်မှု, မိမိတို့စိတ်ကို မိမိထိန်း၍ မနိုင်နိုင်မှု, အာရုံတစ်ပါးသို့ မကြာမကြာ ထွက်ပြေးမှုကြိးကို မုဋ္ဌသစ္စအကုသိုလ်သင်းကြီးဟု ဆိုသည်။ ထိုမုဋ္ဌသစ္စအကုသိုလ်အသင်းကြီးကို မိမွေးတိုင်းဖမွေးတိုင်း ပကတိသတိသည် မတွန်းလှန်နိုင်၊ ဘာဝနာသတိမှသာ တွန်းလှန်နိုင်သည်။[၁]
သမာဓိဗိုလ်
ပြင်ဆင်ရန်သမာဓိ၏ ဆန့်ကျင်ဘက်ကား ဝိက္ခေပအကုသိုလ်အသင်းကြီး ဖြစ်သည်။ ပြဆိုခဲ့ပြီးသော ဘဝနာမနသိကာရအမှုတို့၌ စိတ်မတည်ငြိမ်မှုကြီးတည်း, စိတ်မဝပ်မှုကြီးတည်း, စိတ်လှုပ်ရှားမှုကြီးတည်း, အာရုံတစ်ပါး၌ စိတ်ဘွားခနာ ဘွားခနဲ ပေါ်မှုကြီးတည်း, ဘဝနာအာရုံ၌ မိမိတို့စိတ်ကို မိမိတို့ဖိ၍ မနိုင်နိုင်မှုကြီးတည်း။ ထိုဝိက္ခေပအကုသိုလ်အသင်းကြီးကို ပကတိသမာဓိသည် မတွန်းလှန်နိုင်၊ ဘာဝနာသမာဓိသည်သာ တွန်းလှနိုင်၏။[၁]
ပညာဗိုလ်
ပြင်ဆင်ရန်ပညာ၏ ဆန့်ကျင်ဘက်ကား သမ္မောဟအကုသိုလ်အသင်းကြီး ဖြစ်သည်။ သမ္မောဟအကုသိုလ်အသင်းကြီးဆိုသည်ကား လွန်စွာတွေဝေမှုကြီးတည်း, အာရုံ၌စိတ်မှုန်မှုကြီးတည်း, စိတ်မှေးမှုကြီးတည်း, စိတ်မလင်းမှုကြီးတည်း, အကြည်အလင် မထင်မြင်ဘဲ စိတ်မှောင်ကျ၍ နေမှုကြီးတည်း။ ထိုသမ္မောဟအကုသိုလ်အသင်းကြီးကို ပကတိသော ဉာဏ်ပညာ, ပိဋကတ်သုံးပုံကို တတ်သော ပရိယတ်ဉာဏ်ပညာသည် မတွန်းလှန်နိုင်၊ ကာယဂတာသတိထူထောင်မူသော ဘာဝနာဉာဏ်မှသာ တစတစ အလင်းရအောင် တွန်းလှန်နိုင်သည်။[၁]
ဤကား “ပဋိပက္ခဓမ္မေ ဗလိယန္တီတိ ဗလာနိ” ဟူသည့် ပထမဝိဂြိုဟ်၌ ပဋိပက္ခအသင်းကြီးငါးပါးနှင့် ဗိုလ်ငါးပါးကို တွဲဖက်၍ အနက်အဓိပ္ပာယ်ပြဆိုချက် ဖြစ်သည်။[၁]
ဣဒ္ဓိပါဒ်မျိုးဗိုလ် (၂) ပါး
ပြင်ဆင်ရန်ဗိုလ်ငါးပါးတို့တွင်လည်း ဝီရိယဗိုလ်, ပညာဗိုလ် (၂) ပါးတို့သည် ဣဒ္ဓိပါဒ်မျိုး ဖြစ်ကြကုန်၏။ ထို့ကြောင့် ထိုဗိုလ်ကြီးနှစ်ပါး တညီတညာခိုင်ခန့်ခဲ့လျှင် ကြွင်းသောဗိုလ်သုံးပါးတို့အတွက် ဝိပဿနာမှု၌ မတိုးနိုင် မတက်နိုင် မရှိပြီ။ ဂဟဋ္ဌဖြစ်သူ အိမ်နေလူ ပကတိဖြစ်ကြကုန်လျက် သာဝတ္ထိပြည်တွင်းမှ ငါးကုဋေငါးသိန်းမျှ ကျွတ်လွတ်နိုင်ကြသည်ကို မြင်လေ။[၁]
ဤသို့ ဣဒ္ဓိပါဒ်အချက်, ဣန္ဒြေအချက်တို့ကို မသိကြကုန်သော သူတို့သည် ငါ၌ ဘယ်တရားထူထာင်မှုလို၍ နေသည့်အတွက် ငါ့စိတ်, ငါ့ဆန္ဒသေးနုပ်၍ နေသည်, ငါ၌ ဘယ်ပဋိပက္ခဖိစီး၍ နေသည်ဟု မသိကြကုန်သည်ဖြစ်၍ ထိုတရားကို ထူထောင်လိုသည့်စိတ်ပင် မရှိကြကုန်၊ ထူထောင်ရမှန်းပင် မသိကြကုန်၊ အရိယဝံသ ပဋိပတ်ကြီးများ ကွယ်လုနီးနီးဖြစ်၍ နေပြီ။[၁]
ဆန့်ကျင်ဘက်အကုသိုလ်အသင်းကြီး ငါးမျိုး
ပြင်ဆင်ရန်ပဋိပက္ခအကုသိုလ်အသင်းကြီး ငါးပါးဆိုသည်ကား -
(၁) တဏှာအသင်းတစ်ပါး၊
(၂) ပျင်းရိမှု, ကိုယ်အနွမ်းအပါးမခံနိုင်မှု, ပဋိပတ်အရာ၌ စိတ်ကျွတ်ကျွတ်လွတ်လွတ်မရဲမှုဟူသော ကောသဇ္ဇအသင်းကြီးတစ်ပါး၊
(၃) မုဋ္ဌသစ္စအသင်းကြီးတစ်ပါး၊
(၄) ဝိက္ခေပအသင်းကြီးတစ်ပါး၊
(၅) သမ္မောဟအသင်းကြီးတစ်ပါး (ဤအသင်းကြီးငါးပါးကို ဆိုလိုသည်။) [၁]
ထိုအကုသိုလ်အသင်းကြီးငါးပါးတို့ကို အသီးသီး အားတိုက်ဖိစီး၍ တွန်းလှန်နိုင်ကြကုန်သော တရားငါးပါးတို့ကို ဗိုလ်ဟူ၍ ဆိုအပ်ကုန်သည်။ ထိုငါးပါးကုန်သော ဗိုလ်ကြီးတို့တွင် တစ်ခုခုသောဗိုလ် အားသေးသည့်အတွက် ပဋိပက္ခအကုသိုလ်အသင်းကြီး တစ်ခုခုတပ်ချေမပျက် ရှိနေခဲ့လျှင် နေယေပုဂ္ဂိုလ်တို့မှာ သမထမှု ဝိပဿနာမှုတို့၌ တွင်ကျယ်စွာ မဖြစ်ထွန်းနိုင်ပြီ။[၁]
ထို့ကြောင့် ယခုကာလ၌ အချို့ချို့သော ပုဂ္ဂိုလ်တို့သည် သဒ္ဓါဗိုလ်အားကောင်း၍ တဏှာအသင်းကြီးမှ ထွက်နိုင်ကြကုန်၏၊ ပစ္စည်းအာမိသ လောကဂုဏ်အသရေတို့ကို ငဲ့ကွက်ခြင်း ကင်းကြကုန်၏။ ကြွင်းသော ဗိုလ်လေးပါးတို့ အားသေး၍ နေသည့်အတွက် သန္တုဋ္ဌီစခန်းမှ အထက်သို့ မတက်နိုင်ကြလေကုန်။ တဏှာအသင်း ကောသဇ္ဇအသင်းတို့မှ ထွက်နိုင်ကြကုန်၏, သန္တောသတရားတို့နှင့်တကွ အသက်ထက်ဆုံး တော တောင်၌နေ၍ ဓုတင်ပဋိပတ်ကြီးများကို စွဲမြဲနိုင်ကြကုန်၏၊ ကြွင်းသော ဗိုလ်သုံးပါးအားသေး၍ နေသည့်အတွက် ကာယဂတာသတိအလုပ်ကြီး သထမအလုပ်ကြီး ဝိပဿနာအလုပ်ကြီများသို့ မတက်နိုင်ကြပြီ။[၁]
အချို့သော ပုဂ္ဂိုလ်တို့သည် ရှေ့ဗိုလ်သုံးပါး အားကောင်းသည့်အတွက် ကာယဂတာသတိ အလုပ်တိုင်အောင် ရောက်နိုင်ကြကုန်၏, ထွက်သက်ဝင်သက်အာရုံ ထင်ကြကုန်၏, အရိုးစုအာရုံ ထင်ကြကုန်၏။ နောက်ဗိုလ်နှစ်ပါး အားသေးသည့်အတွက် ဈာန်ဝိပသနာသို့ မတက်ကြကုန်။ အချို့သော ပုဂ္ဂိုလ်တို့သည် ရှေ့ဗိုလ်လေးပါး အားရှိကြသည့်အတွက် ဈာန်သမာပတ်တိုင်အောင် ရောက်နိုင်ကြကုန်၏၊ ပညာဗိုလ်အားသေးသည့်အတွက် ဝိပဿနာသို့ မတက်နိုင်ကြကုန်။ ပရမတ်ဉာဏ်ကြီးကြကုန်၏, ရှေ့ဗိုလ်လေးပါး ခါးကျိုးနေသည့်အတွက် တဏှာနယ်, ကောသဇ္ဇနယ်, မုဋ္ဌသစ္စနယ်, ဝိက္ခေပနယ်, သမ္မောဟနယ်တို့မှ မထွက်နိုင်ကြကုန်မူ၍ ထိုနယ်တို့၌ပင် သေဆုံးကြလေကုန်၏။[၁]
ဤနည်းအတိုင်း ထိုထိုဗိုလ်ခါးကျိုး၍ နေခဲ့လျှင် ထိုထိုပဋိပက္ခနယ်မှ မထွက်နိုင်ကြပုံကို အကုန်ဝေဖန်၍ သိကြလေ။[၁]