ဗီဇဲမြစ်
ဗီဇဲမြစ်သည် ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ၂၁၁ ကီလိုမီတာ ရှည်လျားသော မြစ်တစ်စင်း ဖြစ်သည်။ ၎င်းသည် ဒေါ်ဒိုင်းမြစ်၏ အရေးပါသော မြစ်လက်တက် တစ်ခု ဖြစ်သည်။ အနောက်မြောက်ပိုင်း မက်ဆစ်ဖ် အလယ်ပိုင်း ကုန်းမြင့်ဟု ခေါ်သော ကုန်းပြင်မြင့် တစ်ခုမှ မြစ်ဖျားခံ စီးဆင်းသည်။
ဗီဇဲတောင်ကြားရှိ သမိုင်းမတင်မီခေတ် ဒေသများနှင့် အလှဆင်ထားသော ကျောက်ဂူများ* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | ပြင်သစ် |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | i,iii |
ကိုးကား | ၈၅ |
ဒေသ** | ဥရောပနှင့် မြောက်အမေရိက |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၇၉ (တတိယအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ဗီဇဲတောင်ကြားသည် သမိုင်းမတင်မီခေတ်က ရှိခဲ့သော ကျောက်ဂူများကြောင့် အလွန်ထင်ရှားသည်။ ကျောက်ဂူများ အတွင်းတွင် အမျိုးမျိုးသော ပန်းချီလက်ရာများနှင့် ကျောက်ခေတ်လူသားတို့၏ အကြွင်းအကျန်များ ရှိသည်။ ယူနက်စကိုမှ ၁၉၇၉ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခု အဖြစ် သတ်မှတ်ခဲ့သည်။