ဗီတာမင် ဒီ သည် အဆီဓာတ်တွင်ပျော်ဝင်နိုင်သော စတီးရွိုက်ဟော်မုန်းတစ်မျိုးဖြစ်ပြီး အူတွင်း ကယ်လစီယမ်မဂ္ဂနီဆီယမ် နှင့် ဖော့စဖိတ်ဓာတ်များ စုပ်ယူမှုကို အားပေးကာ အခြား ဇီဝဗေဒဆိုင်ရာ အကျိုးသက်ရောက်မှုများကိုလည်းဖြစ်ပေါ်စေသည်။ ဗီတာမင် ဒီ အမျိုးပေါင်းများစွာထဲမှ လူတို့တွင် အရေးကြီးဆုံး နှစ်မျိုးမှာ ဗီတာမင် ဒီ (ကိုလီကယ်စီဖရော) နှင့် ဗီတာမင် ဒီ (အာဂိုကယ်စီဖရော)တို့ဖြစ်ကြသည်။

ဗီတာမင် ဒီ
Drug class
Class identifiers
အသုံးအရိုးပျော့ရောဂါ, အရိုးပွရောဂါ, ဗီတာမင် ဒီ ချို့တဲ့ရောဂါ
ATC codeA11CC
ဇီဝပစ်မှတ်ဗီတာမင် ဒီ လက်ခံပစ္စည်း
Clinical data
Drugs.comDrugs.com
External links
MeSH[https://www.nlm.nih.gov/cgi/mesh/2011/MB_cgi?field=uid&term=D014807 D014807
In Wikidata

ဗီတာမင် ဒီ ၏ အဓိက သဘာဝအရင်းအမြစ်မှာ အရေပြား အပေါ်ယံလွှာအတွင်း နေရောင်ခြည် (ခရမ်းလွန်ရောင်ခြည်)၏ ဓာတ်ပြုခြင်းမှ ဖြစ်သည်။ ထို့အပြင် အစားအစာမှလည်း ဗီတာမင် ဒီ ဓာတ်ကို ရရှိနိုင်သည်။ သို့သော် အချို့သော အစားအစာများ (ဥပမာ အဆီများသော ငါးများ၏ အသား)တွင်သာ လုံလောက်သော ဗီတာမင် ဒီ ပါဝင်သည်။

အစားအစာမှ ရသော သို့မဟုတ် အရေပြားတွင် နေရောင်ခြည်၏ ဓာတ်ပြုခြင်းမှ ရသော ဗီတာမင်ဒီသည် ဇီဝဗေဒနည်းအားဖြင့် အသက်မဝင်သေးပေ။၎င်းအား အသက်ဝင်စေရန် အသည်းနှင့် ကျောက်ကပ် ရှိ အင်ဇိုင်းတစ်မျိုးမှ ပြောင်းလဲပေးရသည်။

နို့တိုက် သတ္တဝါအများစုတွင် ဗီတာမင် ဒီ သည် နေရောင်ခြည်ကိုထိတွေ့ခြင်းဖြင့် အစားအစာမလိုပဲ လုံလောက်သော ပမာဏကို အလွယ်တကူ ရရှိနိုင်သောကြောင့် ပညာရပ်အရ ဗီတာမင်ဟု မသတ်မှတ်ပဲ ဟော်မုန်းတစ်ခုအဖြစ်သာ သတ်မှတ်သည်။

ဗီတာမင် ဒီ သည် ကယ်လစီယမ် မျှခြေထိန်းသိမ်းမှု နှင့် ကယ်လစီယမ် ဇီဝဖြစ်ပျက်မှုတို့တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။အရိုးပျော့ရောဂါ ခံစားရသော ကလေးငယ်များတွင် ဗီတာမင် ဒီ ချို့တဲ့သည်ကိုတွေ့ရှိရသည်။ အရိုးပျော့ရောဂါနှင့် ကလေးအရိုးပျော့ရောဂါ ခံစားနေရသူများတွင် ဗီတာမင် ဒီ ဖြည့်စွက်စာ ပေးလေ့ရှိသော်လည်း သာမန် လူများတွင်မူ ဗီတာမင် ဒီ ဖြည့်စွက်စာသည် ကျန်းမာရေးအရ အကျိုးသက်ရောက်မှုမရှိပါ။[၁]

ဇီဝအကျိုးကျေးဇူး ပြင်ဆင်ရန်

ဗီတာမင် ဒီ သည် ပစ်မှတ်ဆဲလ်များ၏ နျူးကလီးယရှိ ဗီတာမင် ဒီ လက်ခံပစ္စည်းကို ပေါင်းခြင်းဖြင့် ဇီဝအကျိုးကျေးဇူးများကိုဖြစ်ပေါ်စေသည်။ ၎င်းသည် ဗီတာမင် ဒီ လက်ခံပစ္စည်းကို ပေါင်းလိုက်သောအခါ လက်ခံပစ္စည်းက အူတွင်း ကယ်လစီယမ် စုပ်ယူခြင်းကို အားပေးသော ပရိုတင်း၏ မျိုးဗီဇ ခေါ် ဂျီး (Gene) ထုတ်လုပ်မှုကို ထိန်းချုပ်သောပစ္စည်းအနေနှင့် ဆောင်ရွက်သည်။[၂] အူ၊အရိုး၊ ကျောက်ကပ်၊ ပါရာသိုင်းရွိုက်ဂလင်း စသည့် အင်္ဂါများတွင် ဗီတာမင် ဒီ လက်ခံပစ္စည်း အသက်ဝင်မှုကြောင့် သွေးတွင်း ကယ်လစီယမ် နှင့် ဖော့စဖိတ်ဓာတ်များ ကိုညီမျှစေပြီး(ပါရာသိုင်းရွိုက်ဟော်မုန်း နှင့် ကယ်လစီတိုနင်ဟော်မုန်းတို့၏အကူအညီဖြင့်) အရိုး၏ ပါဝင်ပစ္စည်းများကိုထိန်းညှိပေးသည်။ ဗီတာမင် ဒီ၏ အရေးအကြီးဆုံး လုပ်ငန်းတစ်ခုမှာ အူတွင်း ကယ်လစီယမ် စုပ်ယူမှုအားကောင်းစေခြင်း၊ အရိုးဆဲလ် (osteoclast) အရေအတွက်တိုးပွားစေခြင်းဖြင့် ကယ်လစီယမ် ထုတ်လွှတ်မှုကို မြှင့်တင်ပေးခြင်း၊ အရိုးဖွဲ့စည်းမှုအတွက် လိုအပ်သော ကယ်လစီယမ် နှင့် ဖော့စဖိတ်တို့ကို ထိန်းညှိပေးခြင်း နှင့် ပါရာသိုင်းရွိုက်ဟော်မုန်း၏ ပုံမှန်လုပ်ဆောင်နိုင်စွမ်းကို အားပေးခြင်းတို့ဖြင့် အရိုးတွင်း ကယ်လစီယမ် မျှခြေကို ထိန်းသိမ်းပေးသည်။ ဗီတာမင် ဒီ ချို့တဲ့ပါက အရိုးတွင်း ပါဝင်ဓာတ်ပစ္စည်းများကို နည်းပါးစေကာ အရိုးသိပ်သည်းဆနည်းပါးခြင်း (အရိုးပွရောဂါ) နှင့် အရိုးကျိုးလွယ်ခြင်းတို့ကိုဖြစ်ပွားစေနိုင်သည်။

ဗီတာမင် ဒီ လွန်ကဲခြင်း ပြင်ဆင်ရန်

ဗီတာမင် ဒီ လွန်ကဲပါက သွေးတွင်း ကယ်လစီယမ်ပါဝင်မှုကို မြင့်တက်စေပြီး ဗီတာမင် ဒီ အဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။၎င်း၏ ရှေ့ပြေးလက္ခဏာများမှာ ဆီးအလွန်အကျွံသွားခြင်း နှင့် ရေငတ်ခြင်း တို့ဖြစ်သည်။ ဗီတာမင် ဒီ ဓာတ်လွန်ကဲခြင်းကို ကုသမှုမခံယူပါက ကျောက်ကပ်၊အသည်း၊နှလုံး အစရှိသော အင်္ဂါများ၏ တစ်သျှူးများတွင် ကယ်လစီယမ်များ စုပုံကာ နာကျင်ခြင်းနှင့် ၎င်းအင်္ဂါများ ထိခိုက်သည်အထိဖြစ်စေနိုင်သည်။ ဗီတာမင် ဒီ ဓာတ်လွန်ကဲခြင်းကြောင့် ဖြစ်စေသော သွေးတွင်း ကယ်လစီယမ်ဓာတ် မြင့်တက်ခြင်း၏ အဓိကလက္ခဏာရပ်များမှာ ခံတွင်းပျက်ခြင်း၊ပျို့ခြင်း၊အန်ခြင်းတို့ဖြစ်သည်။ ထိုလက္ခဏာများနောက်တွင် ဆီးအလွန်အကျွံသွားခြင်း၊ရေခဏခဏဆာခြင်း၊အားနည်းခြင်း၊ညဘက်အိပ်မပျော်ခြင်း၊ယားယံခြင်းနှင့် နောက်ဆုံး ကျောက်ကပ်အင်္ဂါစနစ် ပျက်စီးခြင်းအထိဖြစ်စေနိုင်သည်။[၃]ထိုမျှသာမက ကလေးငယ်များတွင် ဉာဏ်ရည်ထုံထိုင်းခြင်း၊အရိုးဖွဲ့စည်းကြီးထွားပုံစနစ်မကျခြင်း၊ဝမ်းပျက်ဝမ်းလျှောခြင်း၊ စိတ်ဆတ်ခြင်း၊ကိုယ်အလေးချိန်လျှော့ကျခြင်းနှင့် စိတ်ဓာတ်ကျခြင်းစသော လက္ခဏာများလည်းရှိသည်။[၄] ဗီတာမင် ဒီ အဆိပ်သင့်ခြင်းကို ဖြည့်စွက်စာစားသုံးခြင်းကိုရပ်တန့်ကာ ဗီတာမင်ဒီ ဝင်ရောက်မှုကို ကန့်သတ်ခြင်းဖြင့် ကုသရသည်။ ကျောက်ကပ်ပျက်စီးခြင်းသည် ပြန်လည်ကောင်းမွန်လာနိုင်သည်။ နေရောင်ခြည်ကို အချိန်ကြာမြင့်စွာ ထိတွေ့မှုကြောင့် ဗီတာမင် ဒီ အဆိပ်သင့်ခြင်းမဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ခန္တာကိုယ်တွင်း လုံလောက်သော ဗီတာမင် ဒီ ပမာဏကိုရရှိပါက အရေပြားက နေရောင်ခြည်မှတစ်ဆင့် ဗီတာမင် ဒီ ထုတ်လုပ်ခြင်းကို ရပ်တန့်လိုက်သောကြောင့်ဖြစ်သည်။[၅]

ကိုးကား ပြင်ဆင်ရန်

  1. Chung M, Balk EM, Brendel M, Ip S, Lau J, Lee J, et al. (August 2009). "Vitamin D and calcium: a systematic review of health outcomes". Evidence Report/Technology Assessment (183): 1–420. PMC 4781105. PMID 20629479
  2. Bouillon R, Van Cromphaut S, Carmeliet G (February 2003). "Intestinal calcium absorption: Molecular vitamin D mediated mechanisms". Journal of Cellular Biochemistry. 88 (2): 332–9. doi:10.1002/jcb.10360. PMID 12520535.
  3. Vitamin D at Merck Manual of Diagnosis and Therapy Professional Edition
  4. Holick MF (July 2007). "Vitamin D deficiency". The New England Journal of Medicine. 357 (3): 266–81. doi:10.1056/NEJMra070553. PMID 17634462.
  5. Vieth R (May 1999). "Vitamin D supplementation, 25-hydroxyvitamin D concentrations, and safety" (PDF). The American Journal of Clinical Nutrition. 69 (5): 842–56. doi:10.1093/ajcn/69.5.842. PMID 10232622