ဗီယက်ဂျက် လေကြောင်းလိုင်း
ဗီယက်နမ်နိုင်ငံ၏ လေကြောင်းလိုင်း
ဗီယက်ဂျက် လေကြောင်းလိုင်း (အင်္ဂလိပ်: VietJet Aviation Joint Stock Company၊ ဗီယက်နမ်: Công ty Cổ phần Hàng không VietJet) သည် ဗီယက်နမ်နိုင်ငံ၏ ဘတ်ဂျက်လေကြောင်းလိုင်းဖြစ်သည်။ ဤလေကြောင်းလိုင်းကို ၂၀၀၇-ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ခရီးသည် ၁၀ သန်းကျော်ကို ပို့ဆောင်နိုင်ခဲ့သည်။[၁] ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးမှ ဟနွိုင်းမြို့သို့ ခရီးစဉ်ဖြင့် ပထမဦးဆုံးခရီးကို စတင်ပျံသန်းခဲ့သည်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအထိ လေကြောင်းလိုင်းတွင် လေယာဉ်ပျံ အစင်းပေါင်း ၂၀ ရှိပြီး ဗီယက်နမ်နိုင်ငံတွင်း လေဆိပ်နှင့်အာရှရှိမြို့ကြီး ၅ မြို့သို့ လေယာဉ်ခရီးစဉ်များ ပြေးဆွဲနေသည်။ ၂၀၁၄ ခုနှစ်တွင် Airbus A320 လေယာဉ်ပျံ ၆၃ စင်းကို ဝယ်ယူရန် စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။ [၂]
| |||||||
စတင်ပျံသန်း | ၂၅ ဒီဇင်ဘာ ၂၀၁၁ | ||||||
---|---|---|---|---|---|---|---|
မိခင်ဌာန | |||||||
ပူးပေါင်းကုမ္ပဏီ | ထိုင်းဗီယက်ဂျက် လေကြောင်းလိုင်း | ||||||
လေယာဉ်ပေါင်း | ၃၈ | ||||||
ပျံသန်းဌာနေပေါင်း | ၅၃ | ||||||
ဆောင်ပုဒ် | ဗီယက်နမ်: Bay là thích ngay! အင်္ဂလိပ်: Enjoy Flying! | ||||||
မိခင်ကုမ္ပဏီ | Sovico Holdings, HDbank. | ||||||
ဌာနချုပ် | Ba Đình, ဟနွိုင်းမြို့၊ ဗီယက်နမ်နိုင်ငံ | ||||||
အရေးပါသူများ | Nguyen Thi Phuong Thao (CEO) | ||||||
ဝန်ထမ်း | ၂,၀၀၀ | ||||||
ဝက်ဘ်ဆိုဒ် | vietjetair.com |
ကိုးကား
ပြင်ဆင်ရန်- ↑ VietJet Air welcomes its 10 millionth passenger။ VietJet Air။ 11 February 2015 တွင် ပြန်စစ်ပြီး။
- ↑ Manila Bulletin။ VietJetAir orders 63 Airbus A320s for major fleet expansion။ Manila Bulletin - Latest Breaking News - News Philippines။ 1 November 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 January 2015 တွင် ပြန်စစ်ပြီး။