ဗုဒ္ဓတောင် သို့မဟုတ် Khao Chi Chan သည် ထိုင်းနိုင်ငံ၊ Na Chom Thian မြို့တွင် တည်ရှိသည့် ထုံးကျောက်တောင်တစ်ခု ဖြစ်သည်။ ဤတောင်သည် ပတ္တရာ၏ အထင်ကရ နေရာတစ်ခုလည်း ဖြစ်သည်။[၁] ၎င်းသည် 109 m (358 ft) x 70 m (230 ft) ကြီးမားသည့် ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကို ထွင်းထုထားသည်။ ၎င်းကို ၁၉၉၆ ခုနှစ်တွင် ဘုရင် Bhumibol Adulyadej ၏ နှစ်ငါးဆယ်မြောက် နန်းတက်ပွဲအမှတ်တရ အထိမ်းအမှတ်အနေဖြင့်လည်းကောင်း၊ ထိုင်းလူမျိုးများနှင့် ဗုဒ္ဓဘာသာဝင်များအတွက် ကိုးကွယ်ယုံကြည်မှုကို ရည်စူးကာ ပြုလုပ်ခဲ့သည်။[၂] Khao Chi Chan ဗုဒ္ဓရုပ်ပွားတော်သည် ကမ္ဘာပေါ်ရှိ ထွင်းထုထားသည့် အကြီးဆုံးဗုဒ္ဓရုပ်ပွားတော်လည်း ဖြစ်သည်။[၃]

ဗုဒ္ဓတောင် (Khao Chi Chan) with the ၁၀၉ မီတာ (၃၅၈ ပေ) x ၇၀ မီတာ (၂၃၀ ပေ) ရွှေဘုရားရုပ်ပွားတော်

တောင်ကို ဝန်းရံထားသည့် ကျယ်ပြန့်လှသည့် ပတ်ဝန်းကျင်သည် မြက်များ၊ အပင်ငယ်များ၊ ကျွန်း, အကေရှားပင်, အစရှိသည့် သစ်ပင်များဖြင့် တည်ရှိနေသည်။ ဤစိမ်းလန်းနေသည့် ပတ်ဝန်းကျင်သည် ၂၀၂၀ ခုနှစ် သီရိချရိုအင်ဝတ်သစ်တောစိုက်ပျိုးရေးစီမံကိန်းကြောင့် တိုးတက်လာမှုပင် ဖြစ်သည်။ နောက်ပိုင်းတွင် ၎င်းကို ဘုရင်မသီရိကစ် ဟု အမည်ပေးခဲ့ပြီး ဘုရင်ကြီး Bhumibol Adulyadej က ၁၉၉၂ ခုနှစ်တွင် သီရိကတ်၏ ၆၀ နှစ်မြောက် မွေးနေ့အဖြစ် စတင်ခဲ့သည်။[၄] ဤဗုဒ္ဓတောင်၏ ပတ်ဝန်းကျင်တွင် Wat Yansangwararam Woramahawihan စသည့် ဗုဒ္ဓဘာသာကျောင်းတော်များနှင့် တရုတ်ကျောင်းတော်များဖြစ်ကြသည့် Viharn Sien, the Nong Nooch Tropical Garden, Silverlake & Vineyard များ၊ Na Chom Thian, Jomtien နှင့် ပတ္တရာတို့အား ခရီးသွားများစွာအား စွဲဆောင်နိုင်စေရန်အတွက် အမျိုးသားပန်းခြံတစ်ခု စသည်တို့ ရှိကြသည်။[၅]

ဤဗုဒ္ဓတောင်နေရာသည် တရားအားထုတ်ခြင်း၊ ပါတီပွဲများဆင်နွှဲခြင်း၊ အပန်းဖြေခြင်း၊ ကခုန်ဖျော်ဖြေခြင်း စသည်များအတွက် လူသိများသည်။[၆] [၇] ၂၀၁၆ ခုနှစ်တွင် ထိုင်း၊ တရုတ်၊ ရုရှခရီးသွားများစွာတို့သည် ဤဒေသသို့ အဓိကနေရာအဖြစ် လာရောက်လည်ပတ်ကြသည်။[၈] ၂၀၁၅ ခုနှစ် သစ်တောလေ့ကျင့်ရေးဌာနက Khao Chi Chan ၏ ပတ်ဝန်းကျင်တွင် မျောက်အကောင် ၁၀၀၀ ဝန်းကျင်ခန့် နေထိုင်လျက်ရှိသည်။[၉]

ဗုဒ္ဓရုပ်ပွားတော် ပြင်ဆင်ရန်

၁၉၉၅ ခုနှစ်တွင် ရဟန်းတစ်ပါးဖြစ်သည့် Somdet Phra Yanasangworn သည် တောင်အား မိုင်းခွဲကာဖျက်ဆီးမည့်အရေးမှ ကာကွယ်ရန် ဗုဒ္ဓတောင် (သို့) Khao Chi Chan သို့ ရွှေ့ပြောင်းခဲ့သည်။[၁၀] ကျောက်တုံးများကို ဗီယက်နမ်စစ်ပွဲကာလအတွင်း U-Tapao Royal Thai Navy လေယာဉ်ကွင်း ထိုင်းတော်ဝင်လေတပ် - အမေရိကန်လေတပ်တို့၏ လေယာဉ်ပြေးလမ်းများ ဆောက်လုပ်ရာတွင် အသုံးပြုခဲ့သည်။[၁၁] King Bhumibol သည် မြင့်မားသောနည်းပညာပစ္စည်များဖြင့် ဗုဒ္ဓရုပ်ပွားတော်တစ်ခုကို ရေးဆွဲရန်အမိန့်ပေးခဲ့ပြီး ၎င်းကို အမွေဆက်ခံမည့်မင်းသား Maha Vajiralongkorn ကို ကြီးကြပ်ညွန်ကြားရန် အမိန့်ပေးခဲ့သည်။[၁၂] ကျောက်တောင်၏ မျက်နှာပြင်ကို ညှိပြီးသည့်အခါတွင် သွန်ဘူရိရှိ Phra Chomklao နည်းပညာအင်စတီကျုရှိ အဖွဲ့များသည် ၁၉၉၆ ခုနှစ် ဇန်နဝါရီလတွင် လေဆာနည်းပညာကို အသုံးပြုကာ ထုံးကျောက်ပေါ်တွင် ဗုဒ္ဓရုပ်ပွားတော်ကို ပုံဖော်ရေးဆွဲခဲ့ကြသည်။ ၎င်းသည် နောက်ပိုင်းတွင် ကမ္ဘာပေါ်တွင် ရေးဆွဲထားသည့် ဗုဒ္ဓရုပ်ပွားတော်များတွင် အကြီးဆုံးဖြစ်လာခဲ့သည်။ ထိုင်းနိုင်ငံ၏ ဘာသာရေးဆိုင်ရာ ပုံရိပ်တစ်ခုလည်း ဖြစ်လာခဲ့သည်။[၁၃] ဗုဒ္ဓရုပ်ပွားတော်ကို နောက်ပိုင်းတွင် ရွှေရောင်သစ်ရွက်အတွင်းတွင် ထားရှိရေးဆွဲခဲ့သည်။[၁၄][၁၅]

ကိုးကား ပြင်ဆင်ရန်

  1. "Khao Chi Chan"၊ Pattaya: New Pattaya၊ 12 February 2012။ 18 June 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 12 February 2020။ 
  2. Buddha Mountain (Khao Chi Chan)။ Pattaya One News (2018-03-08)။ 2021-05-18 တွင် ပြန်စစ်ပြီး။
  3. See The Buddha engraving at Khao Chi Chan။ Daily Times (2019-11-05)။ 2021-05-18 တွင် ပြန်စစ်ပြီး။
  4. "A monarch's vision"၊ 2017-10-12။ 
  5. Buddha Mountain (Khao Chi Chan)။ Pattaya Sanook (2017-03-07)။ 18 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-05-18 တွင် ပြန်စစ်ပြီး။
  6. Pattaya greets late-arriving Makha Bucha Day with early enthusiasm။ Pattaya Mail (2015-03-11)။ 2021-05-18 တွင် ပြန်စစ်ပြီး။
  7. Big Buddha Mountain lantern festival gets lit Oct. 16-17။ Pattaya Mail (2020-10-10)။ 2021-05-18 တွင် ပြန်စစ်ပြီး။
  8. Crowds still big on Buddha Mountain။ Pattaya Mail (2016-06-10)။ 2021-05-18 တွင် ပြန်စစ်ပြီး။
  9. Khao Chi Chan residents implored not to feed monkeys။ Pattaya Mail (2015-04-08)။ 2021-05-18 တွင် ပြန်စစ်ပြီး။
  10. Susan Power Bratton (1997)။ Religion and the Environment: An IntroductionISBN 97813513343342021-05-18 တွင် ပြန်စစ်ပြီး
  11. Justin Thomas McDaniel (2017)။ Architects of Buddhist Leisure: Socially Disengaged Buddhism in Asia's Museums, Monuments and Amusement ParksISBN 97808248744072021-05-18 တွင် ပြန်စစ်ပြီး
  12. Thai art and culture prospered under King Rama IX။ The Nation Thailand (2021-04-25)။ 2021-05-18 တွင် ပြန်စစ်ပြီး။
  13. Thailand Illustrated - Khao Chi Chan။ Government Public Relations Department (1995)။ 2021-05-18 တွင် ပြန်စစ်ပြီး။
  14. Susan Power Bratton (1997)။ Religion and the Environment: An IntroductionISBN 97813513343342021-05-18 တွင် ပြန်စစ်ပြီး
  15. Golden Jubilee: The Fiftieth Anniversary Celebrations of His Majesty King Bhumibol Adulyadej's Accession to the Throne။ Government Public Relations Department, Office of the Prime Minister။ 2021။ ISBN 97897478589902021-05-18 တွင် ပြန်စစ်ပြီး