ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားဖူးခြင်း

ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားဖူးသွားရာ နေရာများတွင် အရေးအကြီးဆုံးနေရာအများစုသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းနှင့် နီပေါနိုင်ငံ တောင်ပိုင်းတို့တွင် တည်ရှိကြသည်။ နယူးဒေလီနှင့် ရာဇဂြိုဟ် အကြားရှိ ဒေသဖြစ်၏။ ထိုနေရာတို့သည် ဂေါတမဗုဒ္ဓသည် သီတင်းသုံးတော်မူခဲ့ပြီး တရားဓမ္မတို့ ဟောကြားပြသခဲ့ရာ နေရာများ ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် ဘဝတစ်လျှောက် ဖြတ်သန်းခဲ့ရာ အဓိကနေရာများသည် ယခုအခါ ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များ၏ အလေးအမြတ်ထားကာ သွားရောက်ပူဇော်ရာ နေရာများ ဖြစ်ကြသည်။ သို့သော် နိုင်ငံများစွာတွင်လည်း ဗုဒ္ဓ၏ ဓာတ်တော်များ ကိန်းဝပ်ရာနေရာများရှိပေရာ ထိုဒေသတို့သည်လည်း ဘုရားဖူးသူများအား အဓိကဆွဲဆောင်ရာ နေရာများလည်း ဖြစ်ကြသည်။

ကိုးကား ပြင်ဆင်ရန်