အရှင်ဗုဒ္ဓသညကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း

ပြင်ဆင်ရန်

တိဿမြတ်စွာဘုရားလက်ထက်

ပြင်ဆင်ရန်

တိဿမြတ်စွာဘုရား ၏ သင်္ကန်းတော်ကို သစ်ပင်ဖျားတွင် ချိတ်ဆွဲထား၏။ ထိုသို့ ချိတ်ဆွဲထားသည့် သင်္ကန်းကို အရှင်ဗုဒ္ဓသညကထေရ် သည် လက်အုပ်ချီမိုးရှိခိုးခဲ့၏။[၁]

အကျိုးခံစားရခြင်း

ပြင်ဆင်ရန်

ထိုသို့ ကိုးဆယ့်နှစ်ကမ္ဘာထက်တွင် ဘုရားရှင်၏ သင်္ကန်းတော်ကို ဖူးမြင်ခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ထို့ပြင် လေးကမ္ဘာထက်တွင် “ဒုမသာရ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်

ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဗုဒ္ဓသညကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ နာဂသမာလဝဂ်