ဗုံကြီးသံကို (ပုံကြီးသံ) ဟုလည်း ရေးလေ့ရှိသည်။ ဗုံကြီးသံကဗျာ အမျိုးမျိုးအဖုံဖုံရှိသည်။ ဗုံရှည်ကြီးများဖြင့် တီးခတ်သီဆိုသော အသံဖြစ်၍ ဗုံကြီးသံဟု ခေါ်ခြင်းဖြစ်သည်။ ရွှေဘိုအလောင်းဘုရားခေတ်တွင် အတီးအမှုတ် များသည့်အတွက် "ရွှေဘိုဗုံကြီးသံ" ဟုလည်း ခေါ်ပါသည်။ အရပ်ဒေသအလိုက် အတီးအမှုတ် စည်းဝါး အနည်းငယ် ကွဲပြားလေ့ရှိသည်။ သို့ရာတွင် သီဆိုရာ၌ အသံကွာခြားမှု ထူးခြားစွာ မရှိလှပါ။